Voice
recorder တို့ Movie recorder တို့ လို ……Mind recorder ဆိုတာကို သိပ္ပံပညာရှင်တစ်ယောက်ယောက်က
တီထွင်ပေးရင်ကောင်းမယ်ဗျာ။
မနက်အလုပ်သွားချိန်
ညနေအလုပ်ပြန်လာချိန်တွေမှာ လမ်းပေါ်ဆိုင်ကယ်စီးရင်းတွေးလာတဲ့ အတွေးတွေ…အားလုံးကို..အဲ့ဒီ…Mind
recorder လေးနဲ့ Record
လုပ်ချင်လို့ ပါ။
Mind
recorder လေးကို ဖွင့်မယ်ဗျာ။
record ခလုပ်နိပ်ထားပြီး..ဆိုင်ကယ်မောင်း…။ တွေးစမ်း..ကြိုက်သလောက်..။
ရေးချင်တဲ့
ဇာတ်လမ်းဇာတ်ကွက်လေးတွေ..တွေး။
ရေးချင်တဲ့
သီချင်းစာသားတွေ..တွေး။
ရေးချင်တဲ့…ကဗျာစာသားလေးတွေ…တွေး။
ရေးချင်တဲ့…ဒသနအမြင်လေးတွေ…တွေး။
ရေးချင်တဲ့…အဖြစ်အပျက်လေးတွေ…တွေး။
ဟော….Recorder
လေးက…ကိုယ့် အတွေးလေးတွေကို ဖမ်းယူထားပေးမှာပဲ။
voice recorder နဲ့ အသံကို ဖမ်းယူထားသလိုမျိုးပေါ့။
ကိုယ့်
အိမ်ပြန်ရောက်ပြီး…ည..ကိုယ်အားလို့ ..စာရေးတော့မယ်ဆိုမှ
ခုနင့်က Mind recorder လေးပြန်ဖွင့်ပြီး…ကိုယ်
ဖမ်းယူထားတဲ့
ကိုယ့်အတွေးလေးတွေကို
ပြန်ယူ….ကြည့်….ရေး….ပေါ့ဗျာ။
အဲ့လိုဆို…တော်တော်
အဆင်ပြေမယ်ဗျ။ ခုတော့..အဲ့ဒီစက်က မရှိတော့..။
မနက်ဆိုလည်း.. အလုပ်သွားရင်..တွေးတာပဲ…တွေးတာတော့..။
ညနေ
အလုပ်ပြန်လည်းတွေးတာပဲ…။..အဲ့လို ဇတ်လမ်းမျိုးတော့ရေးအုံးမှ..
အဲ့ဒီ ဒသနလေးတော့ ချပြအုံးမှတို
့ဘာတို့ ညာတို့ ပေါ့လေ။
ဆိုင်ကယ်မောင်းရင်းတော့
တွေးလာတာပဲ..။
ဟော..အိမ်ရောက်ရင်..ကိုယ်အားရင်..ကြတော့..မေ့သွားပြီ...။ မမေ့ရင်တောင်...။
အဲ့ဒီ..လမ်းပေါ်မှာ…တွေးနေတုန်းကလောက်…
လှပတဲ့
အတွေးမျိုး လှပတဲ့ စာသားမျိုး တင်းပြည့်ကြပ်ပြည့် မရတော့တာမျိုးပေါ့။
အင်း…အဲ့စက်လေးသာရှိလို
့ကတော့…စာရေးဆရာတို့ ..ကဗျာဆရာတို့ ..အတွက်ကတော့ အဆင်ပြေမယ်ဗျ.။ ..အဓိက ကတော့..အတွေးနဲ
့အလုပ်လုပ်ကြတဲ့သူတွေပေါ့.။
ခေါင်းနဲ့ အလုပ်လုပ်တဲ့သူတွေအတွက်ပေါ့လေ။
ဒါပေမယ့်..ကျွန်တော်ပြောတာကမှ
နောက်ကျနေတာမျိုးလည်းဖြစ်နေမှာပါလေ။ ခုခေတ်ကပြောလို့ ရတာမဟုတ်ဘူး။ သိပ္ပံပညာတွေက သိပ်ကို
အဆင့်မြင့်လွန်းနေတဲ့
ခေတ်ဆိုတော့…အဲ့လိုစက်မျိုးရှိပြီးဖြစ်ရင်လည်း ဖြစ်နေနိင်ပါတယ်လေ။
ရှိရင်လည်း လက်တို
့ကြပါအုံး။ဈေးတော့
အတော်ကြီးမှာနော်..။
ရှိလည်း… မ၀ယ်နိင်လောက်ပါဘူးလေ.။
အဲ့တော့ကာ….ဒီလိုပဲ…အတွေးတွေက..ပေါ်လာလိုက်..မေ့သွားလိုက်…။
နောက်တစ်ခါ
အတွေးလေး ပြန်ပေါ်အလာကို စောင့်နေလိုက်…ပေါ်လာတုန်းကို
ခုလို…အမိအရလေး..ကောက်ပြီးရေးလိုက်….နဲ
့ပဲ….သဘာဝကျကျ…ဖြတ်သန်းတာကောင်းပါတယ်လေ။
Labels: အက်ဆေး, ပေါက်တတ်ကရ
ခုလည်းစောင့်နေတာပါပဲ…။
ခုနင့်ကတင်…ရေးတင်လိုက်တဲ့..ပို
့စ်မှာပြောခဲ့သလိုပဲ….ခု ဆယ့်နစ်နာရီကျော်ပြီဖြစ်တဲ့ အတွက်..
ကွန်နက်ရှင်
အသကုန်….ကောင်းနေပါပြီ..။
27.108
MB ရှိတဲ့ .exe ဖိုင်တစ်ဖိုင်ကို ဒေါင်းနေပါတယ်။
ဒေါင်းတာကို..စောင့်ရင်း..ဒီစာကိုရေးနေတာပါ။
ရေးတယ်ဆိုတာထက်…စိတ်ထဲရှိတာ
လျှောက်ရေးနေတယ်ပြောရင်ပိုကောင်းမယ်ထင်ပါတယ်။
ခုတလော..ကျွန်တော်…web development, web
design တွေနဲ့ ပတ်သက်လို့ အရူးထနေပါတယ်။
အစကတော့..ကိုယ်နဲ
့မဆိုင်ပါဘူးလို့ ပစ်ထားတဲ့… ပညာရပ်တစ်ခုပေါ့ဗျာ။
အင်း…ဒါပေမယ့်...မမျှော်လင့်တဲ့
အကြောင်းတစ်ခု ဖန်လာပြီး..။ ခုတော့..ခေါင်းထဲမှာ..
HTML
, CSS , aspx , php , dreamwaver , wampserver, Microsoft expression web 2 ,
စတာတွေပဲ..လွမ်းမိုးနေပါတော့တယ်။
ခုနကပြောတဲ့…html,css
,aspx, php.ဆိုတာတွေကြောင့်..အထင်တော့ မကြီးပါနဲ့ ဗျာ။
ကျွန်တော်က…Computer
သမားလည်းမဟုတ်ပါဘူး။ ဒါပေမယ့်..ခုပြောချင်တာလေးက…
အရင်ကအတော်မုန်းခဲ့တဲ့
အရာလေးတစ်ခုကို ..ခုခါမှာမှပြန်ပြီးကျေးဇူးတင်မိတဲ့ အဖြစ်ကိုပါ။
ဒီလိုဗျ
ကျောင်းတုန်းက B-tech ပထမနစ်မှာ မိုင်နာအနေနဲ
့.. computer science ကို ကျွန်တော်တို့ သင်ရဖူးတယ်ဗျ။
C++
ကိုပဲသင်နေသလား။ java တွေပဲသင်နေသလား။ aspx
တွေပဲသင်နေသလားကို မသိခဲ့ပါဘူး။
ရှပ်
အင်ကလု ( # { ) ဆိုပြီး စစရေး ရတာတော့ မှတ်မိသေးတယ်။
If
တို့  looping တို့ class တို့ .ဘာတို့ ညာတို့ …ရှုပ်နေတာပဲ။
ဘယ့်နဲ
့ကွာလို့ .. ငါတို့ နဲ့ ဘာမှ ဆိုင်တာလည်း မဟုတ်ပဲနဲ့ လို့ ။
အဲ့တုန်းက..အတော်လေး
မြည်တွန်းတောက်တီး ခဲ့တာပေါ့။
စာရွက်ပေါ်မှာ
ကိုယ်ရေးနေတဲ့ဟာက…ပရိုဂရမ်းမင်း…တွေလို့ တော့ ပြောကြတာပဲလို့ ..။
ကွန်ပြူတာနဲ
့ဆိုင်တာတဲ့..လို့ ..။ ဆိုတာတွေလောက်ပဲသိတယ်။
ဒါပေမယ့်..ကွန်ပြူတာထဲ..ထည့်လိုက်ရင်..အသက်ပဲရှင်လာသလား..။
ထပဲ…ကပြသလား။
ဘာဆော့ဝဲနဲ
့..ဘယ်ထဲမှာ..ဘယ်လိုအလုပ်လုပ်ရတယ်မှန်းလည်း မသိခဲ့ပါဘူး။
ကွန်ပြူတာရဲ
့အသက်လို့ ခေါ်တဲ့..အဲ့ဒီ ကွန်ပြူတာ ဘာသာစကားတွေကို..
ကွန်ပြူတာတောင်
မမြင်ဖူးလိုက်ရပဲ.. ကွန်ပြူတာပရိုဂရမ်တွေကို..
စာရွက်ပေါ်တင် ရေးဆွဲခဲ့ရဖူးပါတယ်ဗျာ။
အဲ့လို
အဲ့လို အခြေခံကောင်းတွေကြောင့်…ကျွန်တော့မှာ..ခု..မမျှော်လင့်ပဲ..အဲ့ဒီ ပရိုဂရမ်တွေနဲ
့ရင်ဆိုင်ကြုံတွေ့ လာတဲ့
အခါကြတော့…အမယ်…မဆိုးဘူးဗျ..။
စိတ်ထဲမှာ.ရင်းနီးနေသယောင် ခံစားရတယ်။ ငယ်ချစ်ကြီးပြန်တွေ့ လိုက်ရသလိုပဲ။
Html
code တို့  ဘာကုဒ် တို့ ညာကုဒ်တို့ တွေမြင်တော့..ဂျောလေးတွေ ကြည့်တတ်တာပေါ့နော်.။ ကျောင်းတုန်းကလည်း…
ဒီတိုင်း
ဂျောတွေလောက်ပဲ အဓိကထား ကြည့်ခဲ့တာဆိုတော့..။ စာပြောပါတယ်။ သိပ်တော့ မကြောက်ပေဘူးပေါ့လေ။
(ဘောပင်ရယ်
စာရွက်ရယ်ပဲနဲ့ တောင်…ရေးနိင်ခဲ့သေးတာပဲနော့..ပရိုဂရမ်တွေကို..)
ခုတော့..တော်သေးတာပေါ့..အဲ့တုန်းက
ဘာမဆိုင်ညာမဆိုင်…ဘုမသိဘမသိ
စိတ်ပါပါ မပါပါ စာမေးပွဲအောင်ရင် ပြီးရောဆိုပြီး
နာယူမှတ်သားလေ့ကျက်ခဲ့ဖူးလို
့…ခုတော့..အနည်းငယ် အဆင်ပြေနေသား..။
ဘာသင်တန်းရယ်လို
့မှ..မတက်တော့..နည်းနည်းတော့ကြာတာပေါ့.. …ဟို website ထဲဖတ်လိုက်..ဟိုဟာဒေါင်းလိုက်..
ဒီဟာဒေါင်းလိုက်နဲ
့…တိုင်ပတ်နေတုန်းပါပဲ။
Labels: ဒိုင်ယာရီ
တကယ်တော့..စာရေးဖို
့အာသီဒတွေ ရှိနေတာတော့ တော်တော်ကြာပါပြီ။
အခုတလော
ကျွန်တော် အင်တာနက်အသုံးပြုတဲ့ ပုံစံတွေ ပြောင်းလဲလိုက်တယ်။
အရင်ကလို..chatting
တွေမလုပ်ဖြစ်တော့ဘူး။ မဟုတ်မဟတ် ၀က်ဆိုက်တွေလည်း..
လိုက်လျှော မစီးဖြစ်တော့ဘူး။ အစကတည်းကလည်း..ချက်တင်ကိုတော့
သိပ်မလုပ်ဖြစ်ပါဘူး။ အဓိကက..လျှောစီးတာပဲ။
ကျွန်တော်က..အဲ့ဒီလျှောစီးတာလေးတော့
အတော်ဝါသနာပါကိုးဗျ.။
စာမျက်နာလေးတစ်ခုဖွင့်လိုက်လို
့..စိတ်ဝင်စားတာလေးတွေ့ ရင်…အဲ့ဒါ..
တစ်မျက်နာကနေ နောက်တစ်မျက်နာ…ကူးပြီး မျောပါသွားရော။
အဲ့လိုနဲ
့..အင်တာနက်ဖိုးတွေ တော်တော်ကုန်ပေါ့.။…အဟား..အပေါ်မှာ ပြောခဲ့တဲ့…
မဟုတ်မဟတ်တွေတော့မဟုတ်ပါဘူးဗျာ…နည်းပညာတို့ သတင်းတို
့ ဗဟုတုတတို့ ပါ။
..အဲ…ပါတော့လည်း ပါတာပေါ့….(တစ်ခါတစ်ရံ) :P ။
ခုတော့..စိတ်ထဲမှာ…အတော်လေးသိချင်တာတွေရှိမှ…တစ်ချက်လောက်ဖွင့်ကြည့်လိုက်တာမျိုး။
ပြီးတော့..သတင်းတွေ..အသစ်တက်လားဆိုတာ…တစ်ချက်ဖွင့်ကြည့်တယ်။
Vzo..အဲ့လေ..ယောင်လို
့..VOA ပြောတာ..။
VOA
ကြည့်တယ်..။ dvb, freedom News Group(Burma) , Thit htoo lwin,
mizzimaburmese. ။ ကချင်
သတင်းတွေအတွက်က..jinghpawkasa , lachid kachin ။
ပြီးတော့…Facebook
။..ဘယ်သူတွေ ဘာတွေ ကြွားထားလည်း..ဘာတွေ အော်ထားလဲ…
ဘာတွေ လက်တို့ ထားလဲ..ဘာတွေ မျှထားလဲ..တစ်ချက်ကြည့်တယ်။
ဆယ့်ငါးမိနစ်..နာရီဝက်လောက်ကြာမှာပေါ့..။ ပြီးရင်ပြန်ပိတ်လိုက်တယ်.။
သြော်..အဲ့ဒါက..နေ
့လည်ပိုင်း..အလုပ်ထဲမှာ…ဖုန်းနဲ့ အသုံးပြုပုံပါ။
အလုပ်ကနေ
အိမ်ပြန်ရောက်ရင်တော့.. ညဆယ့်နစ်နာရီထိုးဖို့ သာမျှော်ရတာပါပဲ။
အင်တာနက်ကွန်နက်ရှင်ကလည်း…ခုတလော…ညဆယ့်နစ်နာရီကျော်ရင်တော်တော်ကောင်းပါတယ်။
အောက်ထစ်အမြန်နှုန်း
30kb နဲ့ အထက်ရှိပါတယ်။ အဲ့လောက်ဆိုတာကိုက..အတော်စိတ်ချမ်းသာစရာကောင်းတဲ့ အနေအထားကိုး။
အဲ့တော့..တစ်နေကုန်..စိတ်ထဲမှာ…
လိုချင်တာတွေ..သိချင်တာတွေ..ဒေါင်းချင်တာတွေ..မှတ်ထားပြီး..
ည ဆယ့်နစ်နာရီရောက်ဖို့ မျှော်နေရတယ်။
တကယ်က..ကိုးနာရီဆယ်နာရီလောက်ကတည်းက..သုံးချင်နေလှပြီ…။
ဒါပေမယ့်..ပိုကောင်းတဲ့
အရာတစ်ခုကိုသိထားတော့..ချုပ်တည်းထားရ..အောင့်ထားရတာပေါ့။
ချုပ်တည်းရတာကလည်း…တကူးတကတော့
မဟုတ်ပေဘူး။ ဘာလို့ လည်းဆိုတော့..စာမျက်နာတစ်မျက်နာတက်လာဖို့ ကို.
မနည်းနှေးကွေးလေးလံနေတဲ့..ကွန်နက်ရှင်မျိုးဆိုတော့လည်း..စိတ်မရှည်တာနဲ
့..သုံးချင်စိတ်က သိပ်မရှိလှပေတော့ဘူး။ ဒီတော့
ညဆယ့်နစ်နာရီရောက်ဖို့ မျှော်လင့်တဲ့ စိတ်နဲ့ ပဲ…
ကွန်နက်ရှင်ကို အလိုလို..ပြန်ပိတ်ပစ်မိတော့တယ်။
အင်း..ခုလည်း..ဘာရယ်
မဟုတ်ပါဘူး…စောင့်နေတာပဲလေ.။
ဆယ့်နစ်နာရီမထိုးသေးလို့ ..စောင့်နေတာ။
ခုလိုစောင့်ရင်း..အကြံလေး
တစ်ခုရမိတာက စောင့်နေမယ့် အတူတူ.မရေးဖြစ်တာကြာ ပြီဖြစ်တဲ့…ဘလော့လေးမှာ..
တင်ဖို
့စာတွေ ထိုင်ရေးရင်းစောင့်နေရင်ကောင်းမယ်လို့ ဆိုတဲ့ အတွေးနဲ့ …ဒီစာတွေ လျှောက်ရေးနေတာပါပဲဗျာ.။
နောက်ရက်တွေတော့…စာအကောင်း
ရေးဖြစ်မှာပါ။
ကဲ…ပြောရင်း…ထိုးပြီဗျာ..ဆယ့်နစ်နာရီ…။
အခြေနေတစ်ချက်ကြည့်လိုက်အုံးမယ်….
ကွန်က်ရှင်ကောင်း
မကောင်း….။…..မှန်း……
Labels: ဒိုင်ယာရီ
ရွှေထီးတွေလည်းမဆောင်းခဲ့ပါဘူး။
သူများတွေလိုလောက်သာ…နေခဲ့တာပါ။
ဘယ့်နှယ့်…ခုတော့…သူတို
့လိုတောင်မနေရတော့အောင်
ဆွဲချနေပါပေါ့လား
လောကရယ်။
ဝဋ်တွေပဲလည်နေတာလား။
ငရဲငရာတွေများ ကြီးနေရော့သလား။
အောင်မြင်ခြင်းနတ္တိ၊
ပျော်ရွှင်ခြင်းနတ္တိ၊
ဂုဏ်ယူစရာမရှိ
၊ပြောင်ပြောင်ရောင်ရောင်မရှိ၊
ပြစရာမျက်နာာ..ဃိုလ်
.. မရှိ။
(ဤသို့ နှယ်…လူနှစ်ယောက်…ဆင်းရဲတွင်းသို
့
ခုန်ဆင်းခဲ့ကြလေသတည်း။
။)
လီလီပန်းတွေ ဘေးမှာပေါ့......
ကျွန်တော်ဟာ....အဲ့ဒါကို လီလီပန်းလို့ တောင် မသိခဲ့ပါဘူး။
သူမက..ဒါကို..လီလီပန်းတွေပဲလို့ .....
.ပြောလာတော့ ယုံတောင် မယုံမိခဲ့သေးဘူး။
သူမက..ဒါကို..လီလီပန်းတွေပဲလို့ .....
.ပြောလာတော့ ယုံတောင် မယုံမိခဲ့သေးဘူး။
လီလီပန်းတွေ ဘေးမှာပေါ့.....
ကိုရယ်...ဒီနားမှာ...ခဏနားရအောင်ပါနော်...တဲ့
အို...ဟုတ်သားပဲ....သူမ..ပင်ပန်းနေရှာပေါ့...
ငါဘာကြောင့်များ......မရပ်မနားလမ်းလျှောက်နေမိပါလိမ့်....လို့ ...
ကိုယ့်ကိုယ်ကို အပြစ်ပဲ တင်နေမိရဲ့ ....
ပန်းခင်းတွေ..သစ်ပင်အုပ်တွေ..နဲ့ တောလမ်းလေးမှာ... သူ့ လက်ကိုတွဲပြီး...ကျွန်တော်ကတော့... မမောတမ်းလျှောက်နေမိတယ်လေ။
ပန်းခင်းတွေ..သစ်ပင်အုပ်တွေ..နဲ့ တောလမ်းလေးမှာ... သူ့ လက်ကိုတွဲပြီး...ကျွန်တော်ကတော့... မမောတမ်းလျှောက်နေမိတယ်လေ။
လီလီပန်းတွေ ဘေးမှာပေါ့....
သူမ ထိုင်နေခဲ့တယ်...
ညနေခင်းရဲ့ နေရောင်တွေ သူမ မျက်နာပေါ်ကို ကျရောက်လို့ .....
နွမ်းလျနေတဲ့ သူမရဲ့ ...ခြေဖ၀ါးနုနုကို ယုယစွာ ဆုပ်ကိုင်မိတယ်....
ငရဲ တွေ ကြီးနေပါ့မယ်...ကိုရယ်...တဲ့...။ သူမ..တားမြစ်ရှာတယ်။
ဟင့်အင်း....ကျွန်တော်....သူမရဲ့ ခြေဖ၀ါးလေးတွေကို.. ချစ်တယ်။
နွမ်းလျနေတဲ့ သူမရဲ့ ...ခြေဖ၀ါးနုနုကို ယုယစွာ ဆုပ်ကိုင်မိတယ်....
ငရဲ တွေ ကြီးနေပါ့မယ်...ကိုရယ်...တဲ့...။ သူမ..တားမြစ်ရှာတယ်။
ဟင့်အင်း....ကျွန်တော်....သူမရဲ့ ခြေဖ၀ါးလေးတွေကို.. ချစ်တယ်။
လီလီပန်းတွေ ဘေးမှာပေါ့....
လူတစ်ချို့ ကျွန်တော်တို့ အနားကနေ စောင်းငဲ့ကြည့်ပြီး ဖြတ်သွားကြတော့....
နစ်ယောက်စလုံး နည်းနည်းစီတော့...ရှက်နေမိကြရဲ့ ....
Labels: ကဗျာ, ချစ်သူဖတ်ဖို့ 
ဘလော့ကို ပစ်ထားမိတာတော်တော်ကြာသွားပြီ။ အလုပ်အတွက်..ဖိစီးမူ့ တွေ များနေတာနဲ့ 
ဒီဖက်ကို သိပ်အချိန်မပေးနိင်တော့ဘူး။ ဒါပေမယ့်.. ဒီလုပ်ငန်းပုံမှန်လည်ပတ်သွားပြီဆို၇င်တော့ ..
ပြန်ရေးမှာပါ။ ခုက...လုပ်ငန်းစတည်နေတဲ့ အပိုင်းဆိုတော့...အတော်လေး စိတ်မောတာတွေ စိတ်ဖိစီး
တာတွေ ဖြစ်ရတာပေါ့။
ဟုတ်ကဲ့ အခုလောလောဆယ်ဆယ်တော့....ဘာမှ ပြောစရာမရှိသေးဘူးဆိုရမှာပဲ။
Labels: ဒိုင်ယာရီ
ဗယ်လင်တိုင်းနေ
့နီးလာတော့…မန်းလေးမြို့ ရဲ့ လမ်းတွေပေါ်မှာ…
ခါတော်မှီ…အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်လေးတွေ
အလျှိုလျှိုပေါ်လာကြရော…
အရုပ်တွေ..ပန်းစည်းတွေ..ချောကလက်တွေ…
အင်္ကျီစုံတွဲလေးတွေ….ကြည်နူးစရာပါပဲ။
အင်္ကျီစုံတွဲလေးတွေ….ကြည်နူးစရာပါပဲ။
ကျွန်တော်…ဗယ်လင်တိုင်းနေ
့အကြောင်းကိုတော့ အကျယ်တ၀င့်မပြောလိုတော့ပါဘူး။
ဒါက
အတော်များများလည်း သိပြီးသားဖြစ်မှာမို့ လို့ ပါ.။
တတိယမြောက်ရောမ
အင်ပါယာ ခေတ်က ဘုရင်..ကလောဒီးယပ်(၂) လက်ထက်မှာ
အမိန်
့တော် တစ်ခုချမှတ်ခဲ့တယ်။ မည်သည့် ယောက်ျားလေးမှ..အိမ်ထောင်မပြုရ.တဲ့။
ဘာကြောင့်လည်းဆိုတော့….ယောက်ျားလေးတွေဟာ..
တစ်ကိုယ်ရေတစ်ကာယ တစ်ကောင်ကြွက်သမား ဖြစ်နေမှသာ..
စစ်သားကောင်းတစ်ယောက်ဖြစ်လာနိင်မှာမို့ လို့ ပါတဲ့။
မယားနဲ့ သားနဲ့ အိမ်ထောင်မိသားစုရှိနေရင်.
စစ်သားကောင်းတစ်ယောက်ဖြစ်လာဖို့ အရေးမှာ..
အတော်အနောင့်အယှက်ဖြစ်တယ် လို့ ဆိုသကိုးဗျ။
တစ်ကိုယ်ရေတစ်ကာယ တစ်ကောင်ကြွက်သမား ဖြစ်နေမှသာ..
စစ်သားကောင်းတစ်ယောက်ဖြစ်လာနိင်မှာမို့ လို့ ပါတဲ့။
မယားနဲ့ သားနဲ့ အိမ်ထောင်မိသားစုရှိနေရင်.
စစ်သားကောင်းတစ်ယောက်ဖြစ်လာဖို့ အရေးမှာ..
အတော်အနောင့်အယှက်ဖြစ်တယ် လို့ ဆိုသကိုးဗျ။
( အတော်ဆိုးတဲ့ သူဗျာ…လူတိုင်းကို လူပျိုကြီးအပျိုကြီး.ဘ၀နဲ့  အရိုးထုတ်သွားစေချင်ပုံရတယ်။နိ
့ပေမယ့်…သူဆိုလိုတာက..
မင်းတို့ အတည်မယူကြနဲ့ အပျော်ပဲကြံကြကွာ…လို့ လည်း ဆိုချင်ပုံရတာပဲလေ။
ဟီး…ဒါလည်း..တစ်မျိုးတော့ ကောင်းပေတာပဲ။ )
ဒါပေမယ့်…
အပျော်မကြံ အတည်သာ ပေါင်းသင်းလက်ထပ်လိုပါ၏ ဆိုတဲ့…
( အဟက်…အဟက် ) ကျွန်တော့လို မိကောင်းဖခင်
သားသမီးလေးတွေ အဖို့ တော့…အကျပ်ရိုက်ပေတော့တာကိုး။ ..အိမ်ထောင်မပြုရ..ဥပဒေက ရှိနေတော့..ဘယ်ရပ်ကွက်လူကြီး..ဘယ်တရားသူကြီး
ဘယ်ဘုန်းတော်ကြီးမှလည်း..
မဆောင်ပေးရဲ
ကြပေဘူးပေါ့.။ မင်္ဂလာဆောင်ဖို့ အတွက်…ခရစ်ယာန် ဘာသာမှာက
ဘုန်းတော်ကြီးဟာ
အရေးပါတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးရှေ့ မှောက်မှာ.
ကျမ်းသစ္စာဆို.အသိမှတ်ပြုဆုတောင်းပြီး
မင်္ဂလာဆောင်မှသာ အကြင်လင်မယားအဖြစ်သို့ ရောက်နိင်တာကိုး။ အဲ့မှာ….ကျုပ်တို့ ရဲ့ အကျိုးဆောင်ပုဂ္ဂိုလ်ကြီး သူရဲကောင်းကြီး…
ဗယ်လင်တိုင်း
ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါး ပေါ်လာတော့တာပဲဗျာ။ သူက..ချစ်သူစုံတွဲ တွေ ပေါင်းဖက်ရဖို
့အရေး…ခိုးခိုးပြီး…လက်ဆက်ပေးနေတာကိုးဗျ။
( သူလည်း..ဒါမျိုးကြ ၀ါသနာပါပုံရတယ်။ ) ဒါနဲ့ နောက်တော့....ဘုရင်က သိသွားပြီး..သူ့ ကို သေဒဏ် ချမှတ်လိုက်တယ်။ ချစ်သူတွေက..သူ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ …ဗယ်လင်တိုင်းနေ့  ဆိုပြီးပေါ်လာခဲ့တယ်။ဒါပဲဗျာ။
( သူလည်း..ဒါမျိုးကြ ၀ါသနာပါပုံရတယ်။ ) ဒါနဲ့ နောက်တော့....ဘုရင်က သိသွားပြီး..သူ့ ကို သေဒဏ် ချမှတ်လိုက်တယ်။ ချစ်သူတွေက..သူ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ …ဗယ်လင်တိုင်းနေ့  ဆိုပြီးပေါ်လာခဲ့တယ်။ဒါပဲဗျာ။
အဲ့ဒါက..အဲ့ဒါ..ဟုတ်ပါပြီ။
ဒါပေမယ့်…
ဗယ်လင်တိုင်းနေ
့မှာ…ကိုယ့်ချစ်သူကို ဘာလို့ ချောကလက် လက်ဆောင်ပေးကြသလဲ?????
အမှန်တိုင်းပြောရရင်..ကျွန်တော့
ချစ်သူ အဲ့မေးခွန်း မေးလာတဲ့အခါ..အဖြေကို..ကျွန်တော် မသိဘူးဗျ။
ဘာကြောင့်လဲ….ဘာကြောင့်လဲ….စာအုပ်တွေ၊အင်တာနက်တွေထဲ
ရှာဖတ်လိုက်ရင် ရတယ်ဆိုတာ သိပေမယ့်…ကျွန်တော့ဖာသာ ကျွန်တော် အဖြေကို စဉ်းစားနေမိခဲ့တယ်။
နောက်ဆုံးမှာ…မမျှော်လင့်ပဲ…ကျွန်တော့အတွက်
ကိုယ်ပိုင် အဖြေကို ကျွန်တော်ရသွား ခဲ့တယ်။
ကဲပါလေ…ကျွန်တော့..အဖြေကို
မပြောခင်…လူအများ ခံယူကြတဲ့ဟာကို
အရင်ပြောပြပါမယ်။
အချစ်တွေတိုးပွားအောင်လို့ ပါတဲ့..။
ကျွန်တော့ အနေနဲ့ တော့..သိပ်မကြိုက်ချင်ဘူးဗျ။ မသမာမူ့ သဘောတောင် ပါနေသလားလို့ ။ ဘာကြောင့်လည်းဆိုတော့..ချောကလက်မှာပါတဲ့
ကျွန်တော့ အနေနဲ့ တော့..သိပ်မကြိုက်ချင်ဘူးဗျ။ မသမာမူ့ သဘောတောင် ပါနေသလားလို့ ။ ဘာကြောင့်လည်းဆိုတော့..ချောကလက်မှာပါတဲ့
Love chemical
လို့ တောင်ခေါ်တဲ့. Phenylethylamine ဆိုတဲ့ ဓါတ်က. လူ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းကိုအပြောင်းအလဲဖြစ်စေတယ်။
စိတ်ကြွစေတယ်။ နှလုံးခုန်နှုန်းတွေမြန်စေတယ်။ ရမ္မက်ကိုဖြစ်ပေါ်စေတယ်တဲ့ဗျာ။ လှအောင်ပြောရင်တော့..အချစ်စိတ်တွေ
တိုးပွားအောင်
ပေါ့လေ။ ရိုင်းအောင်…ပြောရင်တော့လည်း…အင်း…..အင်းပေါ့လေ.။
အဟက်…အဟက်..။
ချောကလက်က ရိုမန်းတစ်ဆန်တယ်။နုူးညံ့တယ်
။ကဗျာဆန်တယ်။ အချစ်ကိုဖော်ကျူးတယ်ဆိုတဲ့ အကြောင်းပြချက်တွေတော့ရှိသေးတာပေါ့လေ။
ဒါပေမယ့်…ကျွန်တော့ အဖြေကတော့..ရှင်းတယ်ဗျ။
ပိုချစ်စရာကောင်းတယ်။
ကျွန်တော့..ချစ်သူကို ..ဒီအတိုင်းပြောခဲ့တယ်။
ချောကလက်ဟာ. အချစ်ကို ကိုယ်စားပြုတယ်။
ချစ်သူပေးတဲ့ ချောကလက်ဟာ..သူ့ အချစ်ကို
ကိုယ်စားပြုတယ်။
ချောကလက်ကို စားတဲ့အခါမှာ ချိုမြိန်တယ်၊နူးညံ့ တယ်၊စွဲမက်ဖွယ်
အရသာရှိတယ်။
ဟုတ်တယ်…သူ့ ကိုချစ်ရတဲ့ အခါမှာလည်း..အဲ့လိုပါပဲ။
ဒါကြောင့်..ဗယ်လင်တိုင်းနေ
့မှာ…ချစ်သူပေးတဲ့..ချောကလက်ဟာ.
ကိုယ်တစ်ယောက်တည်းသာ..စားရမယ်။ အခြားမည်သူ့ ကိုမှ ကျွေးလို့ မရဘူး။
ဘာလို့ လည်းဆိုတော့..ချောကလက်ဟာ မိမိချစ်သူရဲ့ အချစ်ကို
ကိုယ်စားပြုတာဖြစ်လို့ ပါ။ ...မည်သူ့ ကိုမှ ခွဲ မပေးနိင်ပါ။
ကိုယ်တစ်ယောက်တည်းသာ..စားရမယ်။ အခြားမည်သူ့ ကိုမှ ကျွေးလို့ မရဘူး။
ဘာလို့ လည်းဆိုတော့..ချောကလက်ဟာ မိမိချစ်သူရဲ့ အချစ်ကို
ကိုယ်စားပြုတာဖြစ်လို့ ပါ။ ...မည်သူ့ ကိုမှ ခွဲ မပေးနိင်ပါ။
ဟုတ်တယ်...ဗယ်လင်တိုင်းနေ့ မှာ..ကျွန်တော့ ချစ်သူပေးတဲ့ ချောကလက်ကို
ကျွန်တော် သူ့ အချစ်တွေ အဖြစ် ချိုမြိန်စွာ တစ်ယောက်တည်း စားသုံးခဲ့ပါတယ်။
ကျွန်တော် သူ့ အချစ်တွေ အဖြစ် ချိုမြိန်စွာ တစ်ယောက်တည်း စားသုံးခဲ့ပါတယ်။
Labels: ချစ်သူဖတ်ဖို့ , အက်ဆေး
Subscribe to:
Posts (Atom)
Latest Posts
-
ရွှေထီးတွေလည်းမဆောင်းခဲ့ပါဘူး။ သူများတွေလိုလောက်သာ…နေခဲ့တာပါ။ ဘယ့်နှယ့်…ခုတော့…သူတို့ လိုတောင်မနေရတော့အောင် ဆွဲချနေပါပေါ့လား လေ...
-
It's a 22 I Call her Peggy Sue When she fits right down in my shoes What do you expect me to do If you're playing...
-
ဘာတွေလည်းကွာ လည်ထွက်နေတာပဲ
-
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ =================================================...
-
Mana hkra tsaw na ( ရူးအောင်ချစ်မယ် ) Nye a prat hta nang hta lai na g-dai n-nga....... ဒီဘ၀မှာ မင်း ကလွဲ ပြီး ဘယ်သူမှ မရှိ...
-
facebook ဖက်မှာပဲ..လှည့်ဖြစ်နေတာနဲ့ ... ဘလော့လေးမှာ စာတွေ မရေးနိုင်တာ အတော်ကြာခဲ့ပြီ ။ တကယ်တော့...စာရေးတယ်ဆိုတာကလည်း.. လွယ်လှတာတော့ မဟုတ်။ ...
-
永远不会发脾气女人就如同一杯白开水-解渴,却无味。 စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး...
-
不能說的秘密 作詞:方文山 作曲:周杰倫 冷咖啡離開了杯墊 ပန်းကန်ပြားပေါ်က အေးစက်တဲ့ကော်ဖီတွေတောင် လွင့်ပြယ်ကုန်ပါပြ...
-
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၄) မှာ တပည့်တော်တွေက.. သခင်ယေရှု ကိုမေးကြတယ်။ ဒီကမ္ဘာကြီးရဲ့ အဆုံးသတ် နိမိတ်လက္ခဏာတွေက ဘယ်လိုလည်း...
-
ဘ၀ မနက် … …. မိုးလင်းရင် ... ကိုယ့်ကို အနမ်းတစ်ချက်နဲ့ နိုးခဲ့ပါ ..... နေ့ လည် ….. အလုပ်က...
