Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
"မလဲလိုပါ"
ကျွန်ပ်၏
အမှတ်တရများကို ..အလှတရားများနှင့်မလဲလိုပါ။
အလှတရားများမှာ…အလှတရားဆိုသည့်အတိုင်း..
အရောင်အသွေးစုံလင်စွာနှင့်ပင်…လှပနေကြပါသည်။
ကျွန်ုပ်၏
အမှတ်တရမှာမူ …
အလှတရားလောက်တော့…လှပမူ
့မရှိတော့ပေ။
သို
့သော် ကျွန်ုပ်သည်….အမှတ်တရကိုသာ…
မြတ်နိုးနေမိပေသည်။
အမှတ်တရနှင့်ကျွန်ပ်တွင်…အမှတ်တရများစွာရှိပါသည်။
အမှတ်တရတို
့ဟူသည်….အတိတ်ကာလနှင့်ဆိုင်သော…
ဟောင်းနွမ်းဆွေးမြေ့တတ်သည့်သဘော
ဆောင်သော်လည်း….
ကျွန်ပ်အတွက်မူ….အမြဲပင်…လတ်ဆတ်နေဆဲဖြစ်သည်။
ကြည်နူးသော..အမှတ်တရ…
စိတ်ဆိုးသော
..အမှတ်တရ…
ငိုကြွေးသော..အမှတ်တရ…
ပျော်ရွှင်သော…အမှတ်တရ…
ရန်ဖြစ်သော…အမှတ်တရ….
စသည်သော….အမှတ်တရ..ပေါင်းများစွာ..တို
့သည်။
ကျွန်ုပ်အတွက်…အမြဲပင်…လတ်ဆတ်နေမြဲဖြစ်သည်။
အမှတ်တရသည်..အလှတရားနှင့်
ယှဉ်မိသောအခါ….
အမြဲပင်…အားငယ်တတ်ပြီး….
အလှတရားအပေါ်၌
ကျွန်ုပ် မိန်းမူးပျော်ဝင်မိပြီး…
၎င်းအား..မေ့လျော့သွားမည်ကို…
အမြဲ…စိုးရိမ်နေတတ်သည်။
ထို
့ကြောင့် ကျွန်ုပ်ပြောလိုသည်မှာ….
အမှတ်တရနှင့်…အလှတရားကို
မလဲလိုပါ။
Labels: ကဗျာ, ချစ်သူဖတ်ဖို့ 
ရွှေထီးတွေလည်းမဆောင်းခဲ့ပါဘူး။
သူများတွေလိုလောက်သာ…နေခဲ့တာပါ။
ဘယ့်နှယ့်…ခုတော့…သူတို
့လိုတောင်မနေရတော့အောင်
ဆွဲချနေပါပေါ့လား
လောကရယ်။
ဝဋ်တွေပဲလည်နေတာလား။
ငရဲငရာတွေများ ကြီးနေရော့သလား။
အောင်မြင်ခြင်းနတ္တိ၊
ပျော်ရွှင်ခြင်းနတ္တိ၊
ဂုဏ်ယူစရာမရှိ
၊ပြောင်ပြောင်ရောင်ရောင်မရှိ၊
ပြစရာမျက်နာာ..ဃိုလ်
.. မရှိ။
(ဤသို့ နှယ်…လူနှစ်ယောက်…ဆင်းရဲတွင်းသို
့
ခုန်ဆင်းခဲ့ကြလေသတည်း။
။)
လီလီပန်းတွေ ဘေးမှာပေါ့......
ကျွန်တော်ဟာ....အဲ့ဒါကို လီလီပန်းလို့ တောင် မသိခဲ့ပါဘူး။
သူမက..ဒါကို..လီလီပန်းတွေပဲလို့ .....
.ပြောလာတော့ ယုံတောင် မယုံမိခဲ့သေးဘူး။
သူမက..ဒါကို..လီလီပန်းတွေပဲလို့ .....
.ပြောလာတော့ ယုံတောင် မယုံမိခဲ့သေးဘူး။
လီလီပန်းတွေ ဘေးမှာပေါ့.....
ကိုရယ်...ဒီနားမှာ...ခဏနားရအောင်ပါနော်...တဲ့
အို...ဟုတ်သားပဲ....သူမ..ပင်ပန်းနေရှာပေါ့...
ငါဘာကြောင့်များ......မရပ်မနားလမ်းလျှောက်နေမိပါလိမ့်....လို့ ...
ကိုယ့်ကိုယ်ကို အပြစ်ပဲ တင်နေမိရဲ့ ....
ပန်းခင်းတွေ..သစ်ပင်အုပ်တွေ..နဲ့ တောလမ်းလေးမှာ... သူ့ လက်ကိုတွဲပြီး...ကျွန်တော်ကတော့... မမောတမ်းလျှောက်နေမိတယ်လေ။
ပန်းခင်းတွေ..သစ်ပင်အုပ်တွေ..နဲ့ တောလမ်းလေးမှာ... သူ့ လက်ကိုတွဲပြီး...ကျွန်တော်ကတော့... မမောတမ်းလျှောက်နေမိတယ်လေ။
လီလီပန်းတွေ ဘေးမှာပေါ့....
သူမ ထိုင်နေခဲ့တယ်...
ညနေခင်းရဲ့ နေရောင်တွေ သူမ မျက်နာပေါ်ကို ကျရောက်လို့ .....
နွမ်းလျနေတဲ့ သူမရဲ့ ...ခြေဖ၀ါးနုနုကို ယုယစွာ ဆုပ်ကိုင်မိတယ်....
ငရဲ တွေ ကြီးနေပါ့မယ်...ကိုရယ်...တဲ့...။ သူမ..တားမြစ်ရှာတယ်။
ဟင့်အင်း....ကျွန်တော်....သူမရဲ့ ခြေဖ၀ါးလေးတွေကို.. ချစ်တယ်။
နွမ်းလျနေတဲ့ သူမရဲ့ ...ခြေဖ၀ါးနုနုကို ယုယစွာ ဆုပ်ကိုင်မိတယ်....
ငရဲ တွေ ကြီးနေပါ့မယ်...ကိုရယ်...တဲ့...။ သူမ..တားမြစ်ရှာတယ်။
ဟင့်အင်း....ကျွန်တော်....သူမရဲ့ ခြေဖ၀ါးလေးတွေကို.. ချစ်တယ်။
လီလီပန်းတွေ ဘေးမှာပေါ့....
လူတစ်ချို့ ကျွန်တော်တို့ အနားကနေ စောင်းငဲ့ကြည့်ပြီး ဖြတ်သွားကြတော့....
နစ်ယောက်စလုံး နည်းနည်းစီတော့...ရှက်နေမိကြရဲ့ ....
Labels: ကဗျာ, ချစ်သူဖတ်ဖို့ 
" ကလေးဆန်သူ "
သူ..ကောင်းဖို့ ပါ........
ဒါကြောင့်...သူ မရှိပဲ...ငါနေသွားတော့မယ်လို့.........
သူ့ ကို .ရုပ်တည်ကြီးနဲ့ လူကြီးဆန်ဆန်..ထွက်သွားခိုင်းခဲ့တယ်.....
ဒါပေမယ့်..သူ မရှိပဲလည်း မနေနိင်တာ သိလိုက်ရတဲ့ အခါ ..
ပေးပြီးသား ပစ္စည်းကို ပြန်တောင်းတဲ့...ကလေးတစ်ယောက်လို...
ဟင့်အင်း...ငါ ...မင်းကို မခွဲနိင်ဘူး...ငါ မင်းကိုပဲ ပြန်ချစ်ပါရစေတော့လို့  ပြောတော့....
အတော် ကလေးဆန်တာပဲ...တဲ့
Labels: ကဗျာ, ချစ်သူဖတ်ဖို့ 
ဘဝ
နေ့ လည်….. အလုပ်ကိုယ်စီလုပ်နေကြတဲ့ အခါမှာ....
မင်းစိတ်ထဲမှာ….ငါရှိပါ...ငါ့စိတ်ထဲမှာလည်းမင်းရှိနေမယ်...
ညနေ…….အလုပ်ဆင်းလို
့အိမ်ပြန်ရင်...တို့ နစ်ယောက်ပြန်ဆုံကြမယ်...
လှပတဲ့
ညနေခင်းတွေမှာ..အတူလက်တွဲ ပြီး လျှောက်လည်ကြမယ်.....
မုန့် တွေ အတူတူ
ဝယ်စားကြမယ်…အအေးအတူတူသောက်မယ်…ည….မင်းကို ကို ဖက်ထားမယ်…တီတီတာတာ ပြောတဲ့ မင်းစကားတွေကို
နားထောင်မယ်…..မင်းအိပ်ပျော်သွားရင်…အနမ်းလေးဖွဖွပေးမယ်….
အိမ်မက်….တစ်ခုတည်းကို တူတူမက်ကြမယ်….
နောက်တစ်နေ့ ..မိုးသောက်ချိန်ထိအောင်ပေါ့……….
Labels: ကဗျာ, ချစ်သူဖတ်ဖို့ 
လောင်ကျွမ်းခြင်း...
မင်းကို ချစ်တဲ့
အချစ်စိတ်တွေနဲ့ …
ငါ အပြင်းထန်ဆုံးလောင်ကျွမ်းလိုက်ချင်တယ်…..
အဆုံးသတ်မှာ
….ဘာမှ မကျန်ရစ်ဘူးဆိုရင်တောင်…..
ငါ မင်း အချစ်မှာ…..အတောက်ပဆုံး
လောင်ကျွမ်း နိင်ခဲ့တာကိုပဲ….
ငါကျေနပ်နေမှာပါ…….
Labels: ကဗျာ, ချစ်သူဖတ်ဖို့ 
ခွင့်မပန်ဘဲ ပစ်မသွားနဲ့ အချစ်ရယ်
ကိုယ်
ညလုံးပေါက် စောင့်ကြည့်ခဲ့တယ်။
ခုတော့
ကိုယ့်မျက်လုံးတွေ
အိပ်ချင်စိတ်နဲ့ လေးလှပြီကွယ့်
ကိုယ်အိပ်နေတုန်း
မင်းကို ဆုံးရှုံးသွားမှာ စိုးလှတယ်။
ခွင့်မပန်ဘဲ
ပစ်မသွားပါနဲ့ အချစ်ရယ်
ကိုယ် ထထိုင်ပြီး
မင်းကို လက်နဲ့စမ်းတယ်။
“ အိမ်မက်များလား” လို့ 
ကိုယ့်ကိုယ်ကို မေးမိပြန်တယ်
မင်း ခြေအစုံကို
ရင်ခွင်မှာ
တင်းတင်း ပွေ့ထားနိင်ချင်စမ်းလှတယ်
ကိုယ့်ကို
ခွင့်မပန်ပဲ
ပစ်မသွားပါနဲ့ အချစ်ရယ်....။ ။
ဒါက ရာဘင်ဒြာနသ် တဂိုးရဲ့ ကဗျာပါ......ကိုဆိုးသွမ်း ရဲ့ ဘလော့ကနေတွေ့ လို့ ကူးချခဲ့ပါတယ်။
ကျွန်တော်သိပ်ကြိုက်တဲ့ ကဗျာ ဆရာ တဂိုးရဲ့ စာသားတွေ
ဘယ်လောက်နူးညံ့ တယ်ဆိုတာ ကြည့်ပါဗျာ။
ဘယ်လောက်နူးညံ့ တယ်ဆိုတာ ကြည့်ပါဗျာ။
အိပ်နေတုန်းမှာ ချစ်သူ ပျောက်သွားမှာ စိုးလို့ တဲ့ အိပ်ငိုက်နေတာတောင် မအိပ်ရဲဘူး....ငုတ်တုတ်ကြီး..ထိုင်စောင့်ကြည့်နေတဲ့....
သူတစ်ယောက် အကြောင်းလေ......
ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတယ် ဆိုတာ ဒါမျိုးထင်ပါရဲ့ ......
သူတစ်ယောက် အကြောင်းလေ......
ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတယ် ဆိုတာ ဒါမျိုးထင်ပါရဲ့ ......
ကျေးဇူးပဲ...ကိုဆိုးသွမ်း..ရေ.....
ဖတ်စေချင်တဲ့ သူ တစ်ယောက်ရှိလို့ ပါ........
Labels: ကဗျာ
မာန တချို.နဲ.အတူ
ချစ်သူရဲ့ အသဲကို ငါခွဲလိုက်တယ်။
သူ့အသဲ အက်သွားသံကို
ငါကြားလိုက်တယ်။
ချစ်သူကိုကျောခိုင်းပြီး လှည့်ထွက်လာမှ
ခုနက အသဲအက်သံဟာ
ငါ့ရင်ဘတ်ထဲကလာမှန်း ငါသိလိုက်တယ်။
ကျွန်တော့သူငယ်ချင်းကြီး...အလွန်အားကိုးရသော ပရိုဂရမ်ာကြီး
SAT ရဲ့  ကဗျာလေးကို ဂုဏ်ပြုလိုက်ပါတယ်။
ဒီလို နားလည်လို့ ရတာမျိုးလေးတော့ တင်ပေးပါမယ်။
ကဗျာ တင်ပေးဖို့ တောင်းတဲ့သူတွေ လည်း ရှိလို့ 
တင်ပေးလိုက်ရတော့တယ်။
Labels: ကဗျာ
Subscribe to:
Posts (Atom)
Latest Posts
-
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၄) မှာ တပည့်တော်တွေက.. သခင်ယေရှု ကိုမေးကြတယ်။ ဒီကမ္ဘာကြီးရဲ့ အဆုံးသတ် နိမိတ်လက္ခဏာတွေက ဘယ်လိုလည်း...
-
-Missing you could turn from pain to pleasure, if I knew you were missing me too. ...
-
၂၀၁၂.ဇန်န၀ါရီ.၁ရက်။ နှစ်သစ်တစ်ခုကို ရောက်ပြီ။ ကျွန်တော် ဒီ 2012 ကို ရောက်မှာကြောက်တယ်။ ...
-
၂၀၁၂.ဇန်န၀ါရီ.၁ရက်။ The purpose driven life စာအုပ်ကို အစကနေအဆုံးဖတ်တော့မယ်။ ရက်ပေါင်းလေး...
-
facebook ဖက်မှာပဲ..လှည့်ဖြစ်နေတာနဲ့ ... ဘလော့လေးမှာ စာတွေ မရေးနိုင်တာ အတော်ကြာခဲ့ပြီ ။ တကယ်တော့...စာရေးတယ်ဆိုတာကလည်း.. လွယ်လှတာတော့ မဟုတ်။ ...
-
"မလဲလိုပါ" ကျွန်ပ်၏ အမှတ်တရများကို ..အလှတရားများနှင့်မလဲလိုပါ။ အလှတရားများမှာ…အလှတရားဆိုသည့်အတိုင်း.. အရေ...
-
Voice recorder တို့ Movie recorder တို့ လို ……Mind recorder ဆိုတာကို သိပ္ပံပညာရှင်တစ်ယောက်ယောက်က တီထွင်ပေးရင်ကောင်းမယ်ဗျာ။ မနက်အလုပ...
-
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ =================================================...
-
What happens after domain names expire? Once a domain name expires, it goes through many stages before being released to the open mark...
-
ခွင့်မပန်ဘဲ ပစ်မသွားနဲ့ အချစ်ရယ် ကိုယ် ညလုံးပေါက် စောင့်ကြည့်ခဲ့တယ်။ ခုတော့ ကိုယ့်မျက်လုံးတွေ အိပ်ချင်စိတ်နဲ့ လေးလှပြီကွယ့် ကို...
