လီလီပန်းတွေ ဘေးမှာပေါ့......
ကျွန်တော်ဟာ....အဲ့ဒါကို လီလီပန်းလို့ တောင် မသိခဲ့ပါဘူး။
သူမက..ဒါကို..လီလီပန်းတွေပဲလို့ .....
.ပြောလာတော့ ယုံတောင် မယုံမိခဲ့သေးဘူး။
သူမက..ဒါကို..လီလီပန်းတွေပဲလို့ .....
.ပြောလာတော့ ယုံတောင် မယုံမိခဲ့သေးဘူး။
လီလီပန်းတွေ ဘေးမှာပေါ့.....
ကိုရယ်...ဒီနားမှာ...ခဏနားရအောင်ပါနော်...တဲ့
အို...ဟုတ်သားပဲ....သူမ..ပင်ပန်းနေရှာပေါ့...
ငါဘာကြောင့်များ......မရပ်မနားလမ်းလျှောက်နေမိပါလိမ့်....လို့ ...
ကိုယ့်ကိုယ်ကို အပြစ်ပဲ တင်နေမိရဲ့ ....
ပန်းခင်းတွေ..သစ်ပင်အုပ်တွေ..နဲ့ တောလမ်းလေးမှာ... သူ့ လက်ကိုတွဲပြီး...ကျွန်တော်ကတော့... မမောတမ်းလျှောက်နေမိတယ်လေ။
ပန်းခင်းတွေ..သစ်ပင်အုပ်တွေ..နဲ့ တောလမ်းလေးမှာ... သူ့ လက်ကိုတွဲပြီး...ကျွန်တော်ကတော့... မမောတမ်းလျှောက်နေမိတယ်လေ။
လီလီပန်းတွေ ဘေးမှာပေါ့....
သူမ ထိုင်နေခဲ့တယ်...
ညနေခင်းရဲ့ နေရောင်တွေ သူမ မျက်နာပေါ်ကို ကျရောက်လို့ .....
နွမ်းလျနေတဲ့ သူမရဲ့ ...ခြေဖ၀ါးနုနုကို ယုယစွာ ဆုပ်ကိုင်မိတယ်....
ငရဲ တွေ ကြီးနေပါ့မယ်...ကိုရယ်...တဲ့...။ သူမ..တားမြစ်ရှာတယ်။
ဟင့်အင်း....ကျွန်တော်....သူမရဲ့ ခြေဖ၀ါးလေးတွေကို.. ချစ်တယ်။
နွမ်းလျနေတဲ့ သူမရဲ့ ...ခြေဖ၀ါးနုနုကို ယုယစွာ ဆုပ်ကိုင်မိတယ်....
ငရဲ တွေ ကြီးနေပါ့မယ်...ကိုရယ်...တဲ့...။ သူမ..တားမြစ်ရှာတယ်။
ဟင့်အင်း....ကျွန်တော်....သူမရဲ့ ခြေဖ၀ါးလေးတွေကို.. ချစ်တယ်။
လီလီပန်းတွေ ဘေးမှာပေါ့....
လူတစ်ချို့ ကျွန်တော်တို့ အနားကနေ စောင်းငဲ့ကြည့်ပြီး ဖြတ်သွားကြတော့....
နစ်ယောက်စလုံး နည်းနည်းစီတော့...ရှက်နေမိကြရဲ့ ....
Labels: ကဗျာ, ချစ်သူဖတ်ဖို့ 
Subscribe to:
Posts (Atom)
Latest Posts
-
ဘာတွေလည်းကွာ လည်ထွက်နေတာပဲ
-
facebook ဖက်မှာပဲ..လှည့်ဖြစ်နေတာနဲ့ ... ဘလော့လေးမှာ စာတွေ မရေးနိုင်တာ အတော်ကြာခဲ့ပြီ ။ တကယ်တော့...စာရေးတယ်ဆိုတာကလည်း.. လွယ်လှတာတော့ မဟုတ်။ ...
-
အင်း....ခုတော့ ကျွန်တော့ ဘလော့လေး သူများလို တူတူတန်တန်တော့ ဖြစ်ပါပြီလေ။ ခုမှ သူငယ်ချင်း တွေကို ပြရဲတော့ တယ်။ အား....ဘလော့ တစ်ခု...
-
不能說的秘密 作詞:方文山 作曲:周杰倫 冷咖啡離開了杯墊 ပန်းကန်ပြားပေါ်က အေးစက်တဲ့ကော်ဖီတွေတောင် လွင့်ပြယ်ကုန်ပါပြ...
-
All I Want For Christmas Is You I don't want a lot for Christmas There's just one thing I need I don't care about t...
-
ခုလည်းစောင့်နေတာပါပဲ…။ ခုနင့်ကတင်…ရေးတင်လိုက်တဲ့..ပို့ စ်မှာပြောခဲ့သလိုပဲ….ခု ဆယ့်နစ်နာရီကျော်ပြီဖြစ်တဲ့ အတွက်.. ကွန်နက်ရှင် အသက...
-
The Day 'Twas late December the news came And I got excited, I cried a...
-
It's a 22 I Call her Peggy Sue When she fits right down in my shoes What do you expect me to do If you're playing...
-
ဘလော့ကို ပစ်ထားမိတာတော်တော်ကြာသွားပြီ။ အလုပ်အတွက်..ဖိစီးမူ့ တွေ များနေတာနဲ့  ဒီဖက်ကို သိပ်အချိန်မပေးနိင်တော့ဘူး။ ဒါပေမယ့်.. ဒ...
-
永远不会发脾气女人就如同一杯白开水-解渴,却无味。 စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး...
