ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့်
ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က
ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက
ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့်
စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ပွဲအပြီး မေးမြန်းခဲ့သော မေးခွန်းနှင့် အဖြေအချို့
မေး - ကျောက်စာဟာ Primary Source လား။ Secondary Source လား။
ဖြေ - Primary Source ပါ။
မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ရခိုင်စကားလား၊ ဗမာစကားလား။
ဖြေ - ရခိုင်စကားလည်း မဟုတ်ပါဘူး။ ဗမာစကားလည်း မဟုတ်ပါဘူး။ သက္ကတ ဘာသာစကား ဖြစ်ပါတယ်။
မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ယနေ့ ရိုဟင်ဂျာများ ပြောဆိုနေသော စကားနှင့် အများဆုံး တူညီနေသည်ကို သိပါသလား။
ဖြေ - အာနန္ဒာ့ဆန္ဒ ကျောက်စာကို သက္ကတ ဘာသာစကားနဲ့ ရေးထိုးထားပါတယ်။ ဘင်္ဂါလီ
စကားဟာလည်း ဘာသာစကား ပညာရှင်တွေ ဘာသာစကားတွေကို အုပ်စုခွဲလိုက်တဲ့အခါမှာ
သက္ကတဘာသာစကား၊ ပါဠိဘာသာစကား၊ ဟိန္ဒူ၊ ဘင်္ဂါလီအားလုံးဟာ အင်ဒိုအာရိယ ဘာသာစကား
အုပ်စုထဲမှာ ပါပါတယ်။ အဲတော့ သက္ကတဘာသာစကားနဲ့ ဘင်္ဂါလီစကား ဝေါဟာရတွေ
တူတယ်ဆိုတာ ဘာမှ မထူးဆန်းပါဘူး။
မေး - မြန်မာဘုရင်
ဘိုးတော်ဘုရားလက်ထက်တွင် ပြုစုထားသည့် စကားစု ပုရပိုဒ်သည် ဝေသာလီခေတ်သုံး
စကားသည် ယနေ့ ရိုဟင်ဂျာများ ပြောသောစကားနှင့် အများဆုံး တူညီနေတာ သိပါသလား။
ဖြေ - ကျွန်တော်တို့ ပုရပိုဒ်နဲ့ ပေစာဆိုတာ ဟိုအရင်တုန်းက ပြောနေတဲ့
ပုရပိုဒ်ဆိုတာ အနှစ်ငါးဆယ်ထက် ပိုမခံဘူး။ ပေစာဆိုတာ အနှစ်တစ်ရာထက်
ပိုမခံဘူး။ အဲဒါတောင် ရေနံသုတ်ထားမှ။ အဲဒါဟာ ဝေသာလီခေတ်ကဟာကို
ပုရပိုဒ်ပေါ်မှာ တင်ထားတာကို ယုံကြည်လို့ရလား။ မရဘူးလား။ (မရဘူးတဲ့)။
ကျွန်တော့်ဆရာ ဒေါက်တာမျိုးမြင့်က ဖြေပါတယ်။
မေး - ၁၇၉၉
ခုနှစ်တွင် အင်းဝနေပြည်တော်ရောက် ဗြိတိသျှသံမှူး ဖရန်စစ်ဘူချနန်၏
စာတမ်းတွင် ရိုဟင်ဂျာလူမျိုးနွယ်စုရှိပြီး ၎င်းတို့မှာ
အစ္စလာမ်ဘာသာဝင်များဖြစ်၍ အာရကန်ရခိုင်ဒေသ...။
ဖြေ - အဲဒီမေးခွန်းဟာ
နိမိတ်ပြမေးခွန်းလို့ ခေါ်တယ်။ ဒါပေမဲ့ မေးပုံက မှားနေတယ်။ တင်ပြပုံက
မှားတယ်။ ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေမလဲ။ ဒါပေမဲ့
ကျွန်တော်ဖြေပါမယ်။ ဖရန်စစ်ဘူချနန်ရေးတဲ့ စာအုပ်က ကျွန်တော့်မှာ
ကော်ပီဆွဲထားတာချည်း လေးအုပ်လောက်ရှိတယ်။ ခုနက ကျွန်တော်ပြောတဲ့ထဲမှာလည်း
ပါတယ်။ ရခိုင်ပြည်က ပြေးလာတဲ့သူတွေကို ရခိုင်ဂျာ၊ ရခိုင်ဆိုတာကို
ဘင်္ဂါလီတွေက ရိုရှန်၊ ရိုဟန်လို့ခေါ်တဲ့အတွက် အဲဒီက ပြေးလာတဲ့ရခိုင်တွေကို
ရိုရှန်ဂျာ၊ ရိုဟန်ဂျာလို့ ခေါ်တယ်လို့ဆိုတာ ဘူချနန်ရေးထားတယ်။ ဒီလူတွေ
မွတ်စလင်ဖြစ်တယ်ဆိုတာ ဘယ်စာမျက်နှာမှာ ပါလဲ။ ပြောနိုင်တဲ့သူ အခုထပြောပါ။
ပြနိုင်တဲ့သူရှိရင်လည်း လာခဲ့ပါ။
မေး - ဖရန်စစ်ဘူချနန်သည်
ရိုဟင်ဂျာဘာသာစကား သီးခြားရှိပြီး ဘင်္ဂါလီ ဘာသာစကားနှင့် မတူကြောင်း
စစ်တမ်းပြုစု မှတ်တမ်းတင်ထားသည်ကို သိပါသလား။
ဖြေ - ရိုဟင်ဂျာဆိုတဲ့
စကားဟာ ရခိုင်ဂျာ၊ ရဟန်ဂါ။ ရခိုင်စကားနဲ့ ဘင်္ဂါလီစကား ဘယ်လိုလုပ် တူမှာလဲ။
ဒါမှန်တယ်။ ဒီနေ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုပြီး ခေါ်တဲ့သူတွေဟာ
ဘင်္ဂါလီတွေ။ ဘင်္ဂါလီစကားမှာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်မှာ နေဖူးတဲ့သူတွေ
ပါကောင်းပါမယ်။ ကျွန်တော် နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်း လေ့လာ ထားတယ်။
ကျွန်တော် ဘူးသီးတောင် မောင်းတောမှာ ပြောတဲ့စကားကို အခု ကျွန်တော်နဲ့
လာပြောပါ။ အဲဒီစကားကို ကျွန်တော် ပြောတတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို
ရောက်တဲ့အခါမှာ အာလဗန်ဆိုတဲ့ ဒေသကို ကျွန်တော်ရောက်တယ်။ ရောက်တဲ့အခါမှာ
ကျွန်တော် ဆိတ်သားစားချင်တော့ စစ်တကောင်းစကားနဲ့ ပြောတယ်။ သူတို့
နားမလည်ဘူး။ အဲတော့ ဒီလို ဒေသစကား မတူတာတော့ ရှိတာပေါ့။ ကျွန်တော်
ရခိုင်လိုပြောရင် တချို့ဗမာတွေ နားလည်ချင်မှ နားလည်မှာပေါ့။ အဲလို
ကွဲပြားတာတော့ ရှိတာပေါ့။ ဒါကို သီးခြား ရိုဟင်ဂျာ ဘာသာစကားရယ်လို့
ဘယ်အမှတ်အသားမှာမှ မရှိဘူး။ လာပြီး မလိမ်ကြပါနဲ့။ ကျွန်တော် လူရှေ့မှာ
မလိမ္ဘူး။ အမှန်တရား အပေါ်မှာပဲ သစ္စာရှိတယ်။
မေး - ၁၉၂၆ ခုနှစ်တွင်
အင်္ဂလိပ်လူမျိုး အာရကန်အုပ်ချုပ်ရေးမှူးက အာရကန်မွတ်စလင် သုံးသောင်း၊
ဗမာလူမျိုး တစ်သောင်းဟု ဖော်ပြထားသည်ကို သိပါသလား။
ဖြေ - သိတာပေါ့။
ဟုတ်ပါတယ်။ အဲဒါ မှန်တယ်။ ဒါပေမဲ့ အဲဒီဟာက ရိုဟင်ဂျာလို့ မရေးပါဘူး။
ဂျက်လိုင်ဒါက ဒါကို ယူတယ်။ ရခိုင်လူမျိုး တစ်သိန်းကျော် ဆိုတာကို ယူတယ်။
ဒါက ရိုဟင်ဂျာ ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ မဆိုင်ပါဘူး။
မေး - နိုင်ငံတကာမှာ Over Stay ရှိပါတယ်။ သူတို့ကရော Over Stay တွေလား။
ဖြေ - သူတို့က တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်တယ်။ Over Stay မဟုတ်ဘူး။
မေး - နိုင်ငံတကာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား
ပြုခွင့်မရသူဆိုတာ ရှိပါသလား။ ရှိလျှင် ယင်းနိုင်ငံသား အမျိုးမျိုး၏
အခွင့်အရေးကို ဘယ်လို ပိုင်းခြားထားပါသလဲ။
ဖြေ - ဧည့်နိုင်ငံသား
ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ
ရှိတယ်လို့ ကျွန်တော်မကြားဖူးဘူး။ အမေရိကမှာ ကျွန်တော် အလုပ်လုပ်တယ်။
ကျွန်တော် တက္ကသိုလ် ဆရာအဖြစ်နဲ့ လေးနှစ် နေထိုင်ပြီးတဲ့အခါမှာ
အမြဲတမ်းနေထိုင်ခွင့် Green Card ရတယ်။ ကျွန်တော့်ဇနီးကော၊ ကျွန်တော့်
သမီးကောရတယ်။ ဒါက ဘယ်လိုလဲဆိုရင် အမြဲတမ်းနေထိုင်ခွင့် Permanent Residence
သာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ ကျွန်တော့်မှာ
မဲပေးပိုင်ခွင့်မရှိဘူး။ ကျွန်တော် နိုင်ငံသားမှ မဟုတ်တဲ့ဟာ။ ဒါပေမဲ့
သူတို့ တရားဝင်ခွင့်ပြုထားတဲ့ အမြဲနေထိုင်ခွင့် ရရှိထားတဲ့ အေးချမ်းသည်
မဲပေးပိုင်ခွင့် မရဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်ဦးလား၊ ဘာလားမသိဘူး။
သူထုတ်ပေးထားတဲ့ အဖြူရောက်ကဒ် ကိုင်ထားတဲ့သူတွေက မဲပေးပိုင်ခွင့်ရတယ်။ အဲဒီ
အဖြူရောင်ကဒ် ဆိုတာကဘာလဲ။ အမြဲနေထိုင်ခွင့်လား။ ရေးထားတာက ယာယီ
မှတ်ပုံတင်ကတ်ပြား။ အမြဲ နေထိုင်ခွင့်ရတဲ့ သူတောင် မဟုတ်ဘူး။ ဘာလို့
မဲပေးခွင့်ရလဲ။ တစ်ချိန်က ဂျပန်တွေက ကိုရီးယားကို ကိုလိုနီလုပ်ပြီး
ကိုရီးယားလူမျိုးတွေကို ကျွန်ပြုဖို့ ခေါ်ထားတယ်။ ဂျပန်လူမျိုးတွေ
မလုပ်ချင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ အဲဒီလူတွေက အခု တတိယမျိုးဆက်ကို
ရောက်လာပြီ။ အမြဲတမ်း နေထိုင်ခွင့်ပဲ ရှိတယ်။ မဲပေးလို့မရဘူး။ ပြီးခဲ့တဲ့
ရွေးကောက်ပွဲမှာ အဲဒီ အဖြူရောင်ကဒ် ကိုင်ထားတဲ့သူတွေ အကုန်လုံး
မဲပေးခွင့်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်လောက် လူ့အခွင့်အရေးကို လေးစားတဲ့
နိုင်ငံ ရှိဦးမလား။
မေး - အခုလို ရန်ကုန်ကို လာဟောပြောတာဟာ ဘာသာရေးစစ်ပွဲ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတာလား။
ဖြေ - ကျွန်တော် ကြောက်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော်
စစ်ကိုရှောင်ချင်တယ်။ ဒီမေးခွန်း မေးတဲ့သူကို ကျွန်တော် မေးချင်တယ်။
ခင်ဗျားအိမ်မှာ ကျွန်တော် တစ်ရက်နေမယ်။ နောက်တစ်ခါ နောက်တစ်ရက်
နေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်ပတ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။
နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက်
ကျွန်တော်က ခင်ဗျားကို ကန်ထုတ်ပစ်မယ်ဆိုရင် ခင်ဗျားလက်ခံနိုင်ပါ့မလား။
အဲဒါကိုပဲ ဖြေကြည့်လိုက်ပါ
Labels: သမိုင်း
0 Comments:
Latest Posts
-
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၄) မှာ တပည့်တော်တွေက.. သခင်ယေရှု ကိုမေးကြတယ်။ ဒီကမ္ဘာကြီးရဲ့ အဆုံးသတ် နိမိတ်လက္ခဏာတွေက ဘယ်လိုလည်း...
-
-Missing you could turn from pain to pleasure, if I knew you were missing me too. ...
-
၂၀၁၂.ဇန်န၀ါရီ.၁ရက်။ နှစ်သစ်တစ်ခုကို ရောက်ပြီ။ ကျွန်တော် ဒီ 2012 ကို ရောက်မှာကြောက်တယ်။ ...
-
၂၀၁၂.ဇန်န၀ါရီ.၁ရက်။ The purpose driven life စာအုပ်ကို အစကနေအဆုံးဖတ်တော့မယ်။ ရက်ပေါင်းလေး...
-
"မလဲလိုပါ" ကျွန်ပ်၏ အမှတ်တရများကို ..အလှတရားများနှင့်မလဲလိုပါ။ အလှတရားများမှာ…အလှတရားဆိုသည့်အတိုင်း.. အရေ...
-
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ =================================================...
-
What happens after domain names expire? Once a domain name expires, it goes through many stages before being released to the open mark...
-
facebook ဖက်မှာပဲ..လှည့်ဖြစ်နေတာနဲ့ ... ဘလော့လေးမှာ စာတွေ မရေးနိုင်တာ အတော်ကြာခဲ့ပြီ ။ တကယ်တော့...စာရေးတယ်ဆိုတာကလည်း.. လွယ်လှတာတော့ မဟုတ်။ ...
-
Voice recorder တို့ Movie recorder တို့ လို ……Mind recorder ဆိုတာကို သိပ္ပံပညာရှင်တစ်ယောက်ယောက်က တီထွင်ပေးရင်ကောင်းမယ်ဗျာ။ မနက်အလုပ...
-
不能說的秘密 作詞:方文山 作曲:周杰倫 冷咖啡離開了杯墊 ပန်းကန်ပြားပေါ်က အေးစက်တဲ့ကော်ဖီတွေတောင် လွင့်ပြယ်ကုန်ပါပြ...