ခုလည်းစောင့်နေတာပါပဲ…။
ခုနင့်ကတင်…ရေးတင်လိုက်တဲ့..ပို
့စ်မှာပြောခဲ့သလိုပဲ….ခု ဆယ့်နစ်နာရီကျော်ပြီဖြစ်တဲ့ အတွက်..
ကွန်နက်ရှင်
အသကုန်….ကောင်းနေပါပြီ..။
27.108
MB ရှိတဲ့ .exe ဖိုင်တစ်ဖိုင်ကို ဒေါင်းနေပါတယ်။
ဒေါင်းတာကို..စောင့်ရင်း..ဒီစာကိုရေးနေတာပါ။
ရေးတယ်ဆိုတာထက်…စိတ်ထဲရှိတာ
လျှောက်ရေးနေတယ်ပြောရင်ပိုကောင်းမယ်ထင်ပါတယ်။
ခုတလော..ကျွန်တော်…web development, web
design တွေနဲ့ ပတ်သက်လို့ အရူးထနေပါတယ်။
အစကတော့..ကိုယ်နဲ
့မဆိုင်ပါဘူးလို့ ပစ်ထားတဲ့… ပညာရပ်တစ်ခုပေါ့ဗျာ။
အင်း…ဒါပေမယ့်...မမျှော်လင့်တဲ့
အကြောင်းတစ်ခု ဖန်လာပြီး..။ ခုတော့..ခေါင်းထဲမှာ..
HTML
, CSS , aspx , php , dreamwaver , wampserver, Microsoft expression web 2 ,
စတာတွေပဲ..လွမ်းမိုးနေပါတော့တယ်။
ခုနကပြောတဲ့…html,css
,aspx, php.ဆိုတာတွေကြောင့်..အထင်တော့ မကြီးပါနဲ့ ဗျာ။
ကျွန်တော်က…Computer
သမားလည်းမဟုတ်ပါဘူး။ ဒါပေမယ့်..ခုပြောချင်တာလေးက…
အရင်ကအတော်မုန်းခဲ့တဲ့
အရာလေးတစ်ခုကို ..ခုခါမှာမှပြန်ပြီးကျေးဇူးတင်မိတဲ့ အဖြစ်ကိုပါ။
ဒီလိုဗျ
ကျောင်းတုန်းက B-tech ပထမနစ်မှာ မိုင်နာအနေနဲ
့.. computer science ကို ကျွန်တော်တို့ သင်ရဖူးတယ်ဗျ။
C++
ကိုပဲသင်နေသလား။ java တွေပဲသင်နေသလား။ aspx
တွေပဲသင်နေသလားကို မသိခဲ့ပါဘူး။
ရှပ်
အင်ကလု ( # { ) ဆိုပြီး စစရေး ရတာတော့ မှတ်မိသေးတယ်။
If
တို့  looping တို့ class တို့ .ဘာတို့ ညာတို့ …ရှုပ်နေတာပဲ။
ဘယ့်နဲ
့ကွာလို့ .. ငါတို့ နဲ့ ဘာမှ ဆိုင်တာလည်း မဟုတ်ပဲနဲ့ လို့ ။
အဲ့တုန်းက..အတော်လေး
မြည်တွန်းတောက်တီး ခဲ့တာပေါ့။
စာရွက်ပေါ်မှာ
ကိုယ်ရေးနေတဲ့ဟာက…ပရိုဂရမ်းမင်း…တွေလို့ တော့ ပြောကြတာပဲလို့ ..။
ကွန်ပြူတာနဲ
့ဆိုင်တာတဲ့..လို့ ..။ ဆိုတာတွေလောက်ပဲသိတယ်။
ဒါပေမယ့်..ကွန်ပြူတာထဲ..ထည့်လိုက်ရင်..အသက်ပဲရှင်လာသလား..။
ထပဲ…ကပြသလား။
ဘာဆော့ဝဲနဲ
့..ဘယ်ထဲမှာ..ဘယ်လိုအလုပ်လုပ်ရတယ်မှန်းလည်း မသိခဲ့ပါဘူး။
ကွန်ပြူတာရဲ
့အသက်လို့ ခေါ်တဲ့..အဲ့ဒီ ကွန်ပြူတာ ဘာသာစကားတွေကို..
ကွန်ပြူတာတောင်
မမြင်ဖူးလိုက်ရပဲ.. ကွန်ပြူတာပရိုဂရမ်တွေကို..
စာရွက်ပေါ်တင် ရေးဆွဲခဲ့ရဖူးပါတယ်ဗျာ။
အဲ့လို
အဲ့လို အခြေခံကောင်းတွေကြောင့်…ကျွန်တော့မှာ..ခု..မမျှော်လင့်ပဲ..အဲ့ဒီ ပရိုဂရမ်တွေနဲ
့ရင်ဆိုင်ကြုံတွေ့ လာတဲ့
အခါကြတော့…အမယ်…မဆိုးဘူးဗျ..။
စိတ်ထဲမှာ.ရင်းနီးနေသယောင် ခံစားရတယ်။ ငယ်ချစ်ကြီးပြန်တွေ့ လိုက်ရသလိုပဲ။
Html
code တို့  ဘာကုဒ် တို့ ညာကုဒ်တို့ တွေမြင်တော့..ဂျောလေးတွေ ကြည့်တတ်တာပေါ့နော်.။ ကျောင်းတုန်းကလည်း…
ဒီတိုင်း
ဂျောတွေလောက်ပဲ အဓိကထား ကြည့်ခဲ့တာဆိုတော့..။ စာပြောပါတယ်။ သိပ်တော့ မကြောက်ပေဘူးပေါ့လေ။
(ဘောပင်ရယ်
စာရွက်ရယ်ပဲနဲ့ တောင်…ရေးနိင်ခဲ့သေးတာပဲနော့..ပရိုဂရမ်တွေကို..)
ခုတော့..တော်သေးတာပေါ့..အဲ့တုန်းက
ဘာမဆိုင်ညာမဆိုင်…ဘုမသိဘမသိ
စိတ်ပါပါ မပါပါ စာမေးပွဲအောင်ရင် ပြီးရောဆိုပြီး
နာယူမှတ်သားလေ့ကျက်ခဲ့ဖူးလို
့…ခုတော့..အနည်းငယ် အဆင်ပြေနေသား..။
ဘာသင်တန်းရယ်လို
့မှ..မတက်တော့..နည်းနည်းတော့ကြာတာပေါ့.. …ဟို website ထဲဖတ်လိုက်..ဟိုဟာဒေါင်းလိုက်..
ဒီဟာဒေါင်းလိုက်နဲ
့…တိုင်ပတ်နေတုန်းပါပဲ။
Labels: ဒိုင်ယာရီ
0 Comments:
Subscribe to:
Post Comments (Atom)
Latest Posts
-
အရင်က ဒိုတာဂိမ်းပဲ တနေကုန် ထိုင်ဆော့ခဲ့တဲ့ဂိမ်းသမား တစ်ယောက် အတွက် ခုလို ဘလော့တစ်ခုကို ထရေးတော့တော်တော်တော့စိတ်ကို နိင်အေ...
-
တကယ်တော့..စာရေးဖို့ အာသီဒတွေ ရှိနေတာတော့ တော်တော်ကြာပါပြီ။ အခုတလော ကျွန်တော် အင်တာနက်အသုံးပြုတဲ့ ပုံစံတွေ ပြောင်းလဲလိုက်တယ်။ အ...
-
လောင်ကျွမ်းခြင်း... မင်းကို ချစ်တဲ့ အချစ်စိတ်တွေနဲ့ … ငါ အပြင်းထန်ဆုံးလောင်ကျွမ်းလိုက်ချ...
-
မနေ့ ညက မိုးလင်းပေါက်ပဲ။ ဒီမနက်ကိုတောင် မနက် ဆယ်နာရီလောက်မှ အိပ်ဖြစ်တယ်။ အိပ်နေတော့ လည်း အိပ်မက်ထဲထိပါနေတယ်။ အိပ်မပျော်တပျော်နဲ့ ညနေ ...
-
"မလဲလိုပါ" ကျွန်ပ်၏ အမှတ်တရများကို ..အလှတရားများနှင့်မလဲလိုပါ။ အလှတရားများမှာ…အလှတရားဆိုသည့်အတိုင်း.. အရေ...