တကယ်တော့..စာရေးဖို
့အာသီဒတွေ ရှိနေတာတော့ တော်တော်ကြာပါပြီ။
အခုတလော
ကျွန်တော် အင်တာနက်အသုံးပြုတဲ့ ပုံစံတွေ ပြောင်းလဲလိုက်တယ်။
အရင်ကလို..chatting
တွေမလုပ်ဖြစ်တော့ဘူး။ မဟုတ်မဟတ် ၀က်ဆိုက်တွေလည်း..
လိုက်လျှော မစီးဖြစ်တော့ဘူး။ အစကတည်းကလည်း..ချက်တင်ကိုတော့
သိပ်မလုပ်ဖြစ်ပါဘူး။ အဓိကက..လျှောစီးတာပဲ။
ကျွန်တော်က..အဲ့ဒီလျှောစီးတာလေးတော့
အတော်ဝါသနာပါကိုးဗျ.။
စာမျက်နာလေးတစ်ခုဖွင့်လိုက်လို
့..စိတ်ဝင်စားတာလေးတွေ့ ရင်…အဲ့ဒါ..
တစ်မျက်နာကနေ နောက်တစ်မျက်နာ…ကူးပြီး မျောပါသွားရော။
အဲ့လိုနဲ
့..အင်တာနက်ဖိုးတွေ တော်တော်ကုန်ပေါ့.။…အဟား..အပေါ်မှာ ပြောခဲ့တဲ့…
မဟုတ်မဟတ်တွေတော့မဟုတ်ပါဘူးဗျာ…နည်းပညာတို့ သတင်းတို
့ ဗဟုတုတတို့ ပါ။
..အဲ…ပါတော့လည်း ပါတာပေါ့….(တစ်ခါတစ်ရံ) :P ။
ခုတော့..စိတ်ထဲမှာ…အတော်လေးသိချင်တာတွေရှိမှ…တစ်ချက်လောက်ဖွင့်ကြည့်လိုက်တာမျိုး။
ပြီးတော့..သတင်းတွေ..အသစ်တက်လားဆိုတာ…တစ်ချက်ဖွင့်ကြည့်တယ်။
Vzo..အဲ့လေ..ယောင်လို
့..VOA ပြောတာ..။
VOA
ကြည့်တယ်..။ dvb, freedom News Group(Burma) , Thit htoo lwin,
mizzimaburmese. ။ ကချင်
သတင်းတွေအတွက်က..jinghpawkasa , lachid kachin ။
ပြီးတော့…Facebook
။..ဘယ်သူတွေ ဘာတွေ ကြွားထားလည်း..ဘာတွေ အော်ထားလဲ…
ဘာတွေ လက်တို့ ထားလဲ..ဘာတွေ မျှထားလဲ..တစ်ချက်ကြည့်တယ်။
ဆယ့်ငါးမိနစ်..နာရီဝက်လောက်ကြာမှာပေါ့..။ ပြီးရင်ပြန်ပိတ်လိုက်တယ်.။
သြော်..အဲ့ဒါက..နေ
့လည်ပိုင်း..အလုပ်ထဲမှာ…ဖုန်းနဲ့ အသုံးပြုပုံပါ။
အလုပ်ကနေ
အိမ်ပြန်ရောက်ရင်တော့.. ညဆယ့်နစ်နာရီထိုးဖို့ သာမျှော်ရတာပါပဲ။
အင်တာနက်ကွန်နက်ရှင်ကလည်း…ခုတလော…ညဆယ့်နစ်နာရီကျော်ရင်တော်တော်ကောင်းပါတယ်။
အောက်ထစ်အမြန်နှုန်း
30kb နဲ့ အထက်ရှိပါတယ်။ အဲ့လောက်ဆိုတာကိုက..အတော်စိတ်ချမ်းသာစရာကောင်းတဲ့ အနေအထားကိုး။
အဲ့တော့..တစ်နေကုန်..စိတ်ထဲမှာ…
လိုချင်တာတွေ..သိချင်တာတွေ..ဒေါင်းချင်တာတွေ..မှတ်ထားပြီး..
ည ဆယ့်နစ်နာရီရောက်ဖို့ မျှော်နေရတယ်။
တကယ်က..ကိုးနာရီဆယ်နာရီလောက်ကတည်းက..သုံးချင်နေလှပြီ…။
ဒါပေမယ့်..ပိုကောင်းတဲ့
အရာတစ်ခုကိုသိထားတော့..ချုပ်တည်းထားရ..အောင့်ထားရတာပေါ့။
ချုပ်တည်းရတာကလည်း…တကူးတကတော့
မဟုတ်ပေဘူး။ ဘာလို့ လည်းဆိုတော့..စာမျက်နာတစ်မျက်နာတက်လာဖို့ ကို.
မနည်းနှေးကွေးလေးလံနေတဲ့..ကွန်နက်ရှင်မျိုးဆိုတော့လည်း..စိတ်မရှည်တာနဲ
့..သုံးချင်စိတ်က သိပ်မရှိလှပေတော့ဘူး။ ဒီတော့
ညဆယ့်နစ်နာရီရောက်ဖို့ မျှော်လင့်တဲ့ စိတ်နဲ့ ပဲ…
ကွန်နက်ရှင်ကို အလိုလို..ပြန်ပိတ်ပစ်မိတော့တယ်။
အင်း..ခုလည်း..ဘာရယ်
မဟုတ်ပါဘူး…စောင့်နေတာပဲလေ.။
ဆယ့်နစ်နာရီမထိုးသေးလို့ ..စောင့်နေတာ။
ခုလိုစောင့်ရင်း..အကြံလေး
တစ်ခုရမိတာက စောင့်နေမယ့် အတူတူ.မရေးဖြစ်တာကြာ ပြီဖြစ်တဲ့…ဘလော့လေးမှာ..
တင်ဖို
့စာတွေ ထိုင်ရေးရင်းစောင့်နေရင်ကောင်းမယ်လို့ ဆိုတဲ့ အတွေးနဲ့ …ဒီစာတွေ လျှောက်ရေးနေတာပါပဲဗျာ.။
နောက်ရက်တွေတော့…စာအကောင်း
ရေးဖြစ်မှာပါ။
ကဲ…ပြောရင်း…ထိုးပြီဗျာ..ဆယ့်နစ်နာရီ…။
အခြေနေတစ်ချက်ကြည့်လိုက်အုံးမယ်….
ကွန်က်ရှင်ကောင်း
မကောင်း….။…..မှန်း……
Labels: ဒိုင်ယာရီ
0 Comments:
Subscribe to:
Post Comments (Atom)
Latest Posts
-
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၄) မှာ တပည့်တော်တွေက.. သခင်ယေရှု ကိုမေးကြတယ်။ ဒီကမ္ဘာကြီးရဲ့ အဆုံးသတ် နိမိတ်လက္ခဏာတွေက ဘယ်လိုလည်း...
-
-Missing you could turn from pain to pleasure, if I knew you were missing me too. ...
-
၂၀၁၂.ဇန်န၀ါရီ.၁ရက်။ နှစ်သစ်တစ်ခုကို ရောက်ပြီ။ ကျွန်တော် ဒီ 2012 ကို ရောက်မှာကြောက်တယ်။ ...
-
၂၀၁၂.ဇန်န၀ါရီ.၁ရက်။ The purpose driven life စာအုပ်ကို အစကနေအဆုံးဖတ်တော့မယ်။ ရက်ပေါင်းလေး...
-
facebook ဖက်မှာပဲ..လှည့်ဖြစ်နေတာနဲ့ ... ဘလော့လေးမှာ စာတွေ မရေးနိုင်တာ အတော်ကြာခဲ့ပြီ ။ တကယ်တော့...စာရေးတယ်ဆိုတာကလည်း.. လွယ်လှတာတော့ မဟုတ်။ ...
-
"မလဲလိုပါ" ကျွန်ပ်၏ အမှတ်တရများကို ..အလှတရားများနှင့်မလဲလိုပါ။ အလှတရားများမှာ…အလှတရားဆိုသည့်အတိုင်း.. အရေ...
-
Voice recorder တို့ Movie recorder တို့ လို ……Mind recorder ဆိုတာကို သိပ္ပံပညာရှင်တစ်ယောက်ယောက်က တီထွင်ပေးရင်ကောင်းမယ်ဗျာ။ မနက်အလုပ...
-
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ =================================================...
-
What happens after domain names expire? Once a domain name expires, it goes through many stages before being released to the open mark...
-
ခွင့်မပန်ဘဲ ပစ်မသွားနဲ့ အချစ်ရယ် ကိုယ် ညလုံးပေါက် စောင့်ကြည့်ခဲ့တယ်။ ခုတော့ ကိုယ့်မျက်လုံးတွေ အိပ်ချင်စိတ်နဲ့ လေးလှပြီကွယ့် ကို...