" ကလေးဆန်သူ "
သူ..ကောင်းဖို့ ပါ........
ဒါကြောင့်...သူ မရှိပဲ...ငါနေသွားတော့မယ်လို့.........
သူ့ ကို .ရုပ်တည်ကြီးနဲ့ လူကြီးဆန်ဆန်..ထွက်သွားခိုင်းခဲ့တယ်.....
ဒါပေမယ့်..သူ မရှိပဲလည်း မနေနိင်တာ သိလိုက်ရတဲ့ အခါ ..
ပေးပြီးသား ပစ္စည်းကို ပြန်တောင်းတဲ့...ကလေးတစ်ယောက်လို...
ဟင့်အင်း...ငါ ...မင်းကို မခွဲနိင်ဘူး...ငါ မင်းကိုပဲ ပြန်ချစ်ပါရစေတော့လို့  ပြောတော့....
အတော် ကလေးဆန်တာပဲ...တဲ့
Labels: ကဗျာ, ချစ်သူဖတ်ဖို့ 
၂၀၁၂.ဇန်န၀ါရီ.၁ရက်။
နှစ်သစ်တစ်ခုကို ရောက်ပြီ။ ကျွန်တော်
ဒီ 2012 ကို ရောက်မှာကြောက်တယ်။
ဘာလို့ လည်း….။
ကျွန်တော် ခုရေးထားတာတွေကို ဖတ်မိရင်
ကျွန်တော့ သူငယ်ချင်းတွေ ရယ်နေကြမှာ။ ဘာလို့ လည်းဆိုတော့ သူတို့ သိပြီးသားမို
့လို့ လေ။ ကျွန်တော့ သူငယ်ချင်းတွေကိုကျွန်တော် ဒီအကြောင်းအမြဲပြောတတ် တယ်။ အဲ့တုန်း ကလည်း..သူတို့ ရယ်ခဲ့ကြတာပါပဲ။ဒါပေမယ့် ကျွန်တော်မရယ်နိင်ဘူး။ ကျွန်တော့
စိတ်ထဲမှာ.. တကယ်ကို လေးလံနေတယ်။
ဒါကို ကျွန်တော့ခေါင်းထဲကို စထည့်ပေးခဲ့တာ
ကျွန်တော့ ဒရမ်ဆရာ ကိုစိုးကြီးပေါ့။ သူ့ ကိုလည်း သူ့ သူငယ်ချင်း တစ်ယောက်က
ပြောပြတယ်ဆိုလားပဲ။ဘာဂြိုလ်ကြီးဆိုလားက ကမ္ဘာကို လာတော့မှာပေါ့။
ဘာတွေဖြစ်မှာ ညာတွေ ဖြစ်မှာပေါ့။ အဲ့တုန်းကတော့ နားထောင်ရုံလောက်ပဲ အော်…ဟုတ်လားလို
့ နားထောင်ခဲ့တာ။အဲ့ဒါ ပြောခဲ့ကြတာက ကျွန်တော်ထင်တာ
၂၀၀၉-၂၀၁၀ လောက်ကပေါ့လေ။ဒါပေမယ့် နောက်ပိုင်းမှာ ဟို ၂၀၁၂ ဇာတ်ကားပါ
ထွက်လာတော့ နည်းနည်း ပြန်သတိထားမိလာပြန်တယ်။ အဲ့တလောမှာ အဲ့ဇာတ်ကားအပြင်
၂၀၁၂ နဲ့ ဆိုင်တဲ့ ဇာတ်ကားအတော်များများထွက်ခဲ့ပါတယ်။အဲ့ဇာတ်ကားကတော့ မြန်မာနိင်ငံမှာ ရုံတင်လိုက်တော့
လူတွေသိတာ ပေါ့လေ။ဟောလီးဝုဒ်က လူတွေကလည်း လူလည်တွေကိုး
လူစိတ်ဝင်စားမယ့် ကောလဟာလလေး တစ်ခုလောက်များမထွက်လိုက်နဲ့ တန်းပြီး ဇာတ်လမ်းဆင်ရိုက်တော့တာကိုး။
ဒီမှာဆိုရင်တော့ နာမည်ကြီး အဆိုတော် တစ်ယောက်လောက်များ မသေလိုက်နဲ
့နောက်က ပရိုဂျူဆာတွေက တန်းပြီး အမှတ်တရလိုက်ဖ်ရှိုးခွေ တွေ ထုတ်ကြ သလိုနေမှာပ
လေ။ ဟောလီးဝုဒ်ကလူတွေ တော်သလို ဒီက ခိုးကူးခွေသမားများကလည်းတော် ပေတယ်ဗျ။ လာခ.ဲ့… မင်းတို
့ကြိုက်သလောက် အကုန်ကျခံပြီး ကြိုက်သလောက်ဇာတ်ကားတွေရိုက် ငါတို့ က အဲ့ဇာတ်ကားတွေကို
ဒီဗွီဒီ တစ်ချပ်တည်းဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့ကောင်တွေကိုး။ လာထား…ပဲ။ ကျေးဇူးတော့ တင်ပါတယ်။
မြန်မာငွေ ငါးရာကျပ်ပဲ ပေးရတယ်။ ၂၀၁၂ နဲ့ဆိုင်တဲ့ ဇာတ်ကားတွေချည်း စုထားတဲ့ ဒီဗွီဒီလေး
တစ်ချပ်ရရော။ ကျေးဇူးတင်တယ်ဗျာ။
ဒါပေမယ့်…..အဲ့ဇာတ်ကားတွေက ဘာကို ရည်ညွန်းနေသလဲ…???????။
၂၀၁၂ မှာ ကမ္ဘာပျက်မယ်တဲ့….။
ကမ္ဘာမပျက်ရင်တောင် ကြီးစွာသော ကပ်ဆိုးကြီးတွေဖြစ်မှာပေါ့လေ။
ဇာတ်ကားတွေက အဲ့လိုရိုက်ပြတယ်ဗျ။
ဘာဖြစ်လို့ အဲ့လို ၂၀၁၂ အကြောင်းကိုရိုက်ကြရတာလဲ???
ဘယ်လိုအချက်တွေကြောင့် ဒီလို ဇာတ်ကားတွေဖြစ်လာရသလဲ????
၂၀၁၂ က ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။
ရှေ့ ဖြစ်ဟောသူတွေ၊ သိပ္ပံ ပညာရှင်တွေ၊
ရှေးခေတ်လူမျိုးစုတွေက ဒီ ၂၀၁၂ ကိုတညီတညွတ်တည်း
ညွှန်းဆိုကြတယ်။။တိုင်ပင်များထားကြသလားအောက်မေ့ရလောက်အောင်ပေါ့။
ဒီလူတွေ ပေါင်းပြီးကျုပ်တို့ ကို ၀ိုင်းများ ကြပ် နေကြလေရော့သလားဗျာ။သူတို့ ပြောတာတွေက…. တစ်ချို့ လည်း
ခင်ဗျားကြားဖူးပြီးသားဖြစ်မှာပါ။ ကဲ…ဒီလိုတဲ့ဗျာ…။
၂၀၁၂ သီအိုရီလို့ ပဲ ပြောရမလား၊ ထွင်လုံး
တွေပါလို့ ပဲထားလိုက်ရမလား။
သက်သက်မဲ့ချိန်းခြောက်မူ့ လို့ ပဲပြောရမလား၊
ရှေ့ ဖြစ်ဟောကိန်းလို့ လက်ခံရမလား။
အလကားကောလဟာလတွေပါကွာ လို့ ပဲပြောပြီး
ရီလိုက်ရမှာလား။
နီဘီရု ( Nibiru )ဆိုတဲ့ ဂြိုလ်ကြီး။
တစ်ချို့ ကလည်း ပလပ်နပ်အိပ်စ်(
planet X ဘာမှန်းမသိတဲ့ဂြိုလ်ကြီး ) လို့ ခေါ်ကြတယ်။
သူ့ အရွယ်အစားကတော့ ကျုပ်တို့ ဆီကအကြီးဆုံးပါဆိုတဲ့ ဂျူပီတာကောင်လောက်ကြီးတောင် ရှိတယ်ဆိုပဲ။
သူက ကျုပ်တို့ နေအဖွဲ့ အစည်းရဲ့ ပတ်လမ်းကြောင်းထဲကနေ ဖြတ်သွားမယ်တဲ့
အနှစ် ၃၆၀၀ မှာ တစ်ခါ ကျုပ်တို့ နေမင်းကြီး ဆီ အလည်လာတာပေါ့။
အလည်လာရင် ဧည့်သည်ပဲ။ ဧည့်သည်ကို ဧည့်ခံရမှာပေါ့လို့ တော့ သွားမပြောနဲ့ ဗျို့ ။
ဒီဧည့်သည်က တကယ်မွှေမယ့် ဧည့်သည်။
နေဦး……ဧည့်သည်မဟုတ်ဘူး။
ဘာလည်းဆိုတော့……..အတိုးတွေများပြီလား များပြီဆိုမှ ပေါက်ချလာတဲ့ အကြွေးရှင်ဗျ။
“မင်းတို့ ကမ္ဘာကြီး တိုးတက်နေပြီလားကွ?? ” ...
“ ဟုတ်ကဲ့ အရင်ကထက်စာရင်တော့…တော်တော်လေးတိုးတက်နေပါပြီဗျာ..” ။
“ အော်…အေး..အေး…ဒါဆို..ငါ့ အကြွေးလေး လာကောက်တာပေါ့ကွာ…။
အမလေး..ကြည့်စမ်းမေ့နေလိုက်တာ.. အနစ်..၃၆၀၀ တောင်ရှိသွားပါပေါ့လား။
အတိုးသပ်ရတော့မှာလေ.. ညဉ်းတို့ ..ကြိုပြင်ထားကြစမ်းအေ..ငါ
ဒီဇင်ဘာ ၂၁ရက်နေ့ လာခဲ့မယ်..။
ငါရောက်လာမှ ဟိုဟာဖြစ်လို့  ဒီဟာဖြစ်လို့ မကြားချင်ဘူးနော်။ ဒါပဲ။”
အမယ်..မခန့် တာ..ရက်ပါ အတိအကျပြောသွားတယ်ဗျာ။ ဒီဇင်ဘာ ၂၁ တဲ့။
သူ့ အရွယ်အစားကတော့ ကျုပ်တို့ ဆီကအကြီးဆုံးပါဆိုတဲ့ ဂျူပီတာကောင်လောက်ကြီးတောင် ရှိတယ်ဆိုပဲ။
သူက ကျုပ်တို့ နေအဖွဲ့ အစည်းရဲ့ ပတ်လမ်းကြောင်းထဲကနေ ဖြတ်သွားမယ်တဲ့
အနှစ် ၃၆၀၀ မှာ တစ်ခါ ကျုပ်တို့ နေမင်းကြီး ဆီ အလည်လာတာပေါ့။
အလည်လာရင် ဧည့်သည်ပဲ။ ဧည့်သည်ကို ဧည့်ခံရမှာပေါ့လို့ တော့ သွားမပြောနဲ့ ဗျို့ ။
ဒီဧည့်သည်က တကယ်မွှေမယ့် ဧည့်သည်။
နေဦး……ဧည့်သည်မဟုတ်ဘူး။
ဘာလည်းဆိုတော့……..အတိုးတွေများပြီလား များပြီဆိုမှ ပေါက်ချလာတဲ့ အကြွေးရှင်ဗျ။
“မင်းတို့ ကမ္ဘာကြီး တိုးတက်နေပြီလားကွ?? ” ...
“ ဟုတ်ကဲ့ အရင်ကထက်စာရင်တော့…တော်တော်လေးတိုးတက်နေပါပြီဗျာ..” ။
“ အော်…အေး..အေး…ဒါဆို..ငါ့ အကြွေးလေး လာကောက်တာပေါ့ကွာ…။
အမလေး..ကြည့်စမ်းမေ့နေလိုက်တာ.. အနစ်..၃၆၀၀ တောင်ရှိသွားပါပေါ့လား။
အတိုးသပ်ရတော့မှာလေ..
ငါရောက်လာမှ ဟိုဟာဖြစ်လို့ 
အမယ်..မခန့် တာ..ရက်ပါ အတိအကျပြောသွားတယ်ဗျာ။ ဒီဇင်ဘာ ၂၁ တဲ့။
အစကတော့..ကျွန်တော်လည်း နားစွန်နားဖျားနဲ
့ ဂြိုလ်ကြီးက ၀င်တိုက်မှာလို့ ထင်နေတာဗျ။
ဟုတ်ပါဘူးတဲ့..။ ၀င်တော့မတိုက်ပါဘူးတဲ့…. မျက်စလေးပဲ လှမ်းပစ်ပြမှာပါတဲ့။
သူက နေမင်းကြီးကို သွားပြီး မျက်စိမှိတ်ပြတော့ အဲ့မှာ ကြားက ငထွားခါးနာတာက ကျုပ်တို့ ကမ္ဘာမြေကြီးဗျ။
သနားစရာပါဗျာ။ ကျုပ်တို့ ကမ္ဘာကြီးခမျာ… ဧည့်သည်နဲ့ အိမ်ရှင်ကြား ပဲကြီးလှော်ဂျားဆားညှပ် ဖြစ်နေတာပေါ့။
ဟုတ်ပါဘူးတဲ့..။ ၀င်တော့မတိုက်ပါဘူးတဲ့…. မျက်စလေးပဲ လှမ်းပစ်ပြမှာပါတဲ့။
သူက နေမင်းကြီးကို သွားပြီး မျက်စိမှိတ်ပြတော့ အဲ့မှာ ကြားက ငထွားခါးနာတာက ကျုပ်တို့ ကမ္ဘာမြေကြီးဗျ။
သနားစရာပါဗျာ။ ကျုပ်တို့ ကမ္ဘာကြီးခမျာ… ဧည့်သည်နဲ့ အိမ်ရှင်ကြား ပဲကြီးလှော်ဂျားဆားညှပ် ဖြစ်နေတာပေါ့။
ကျုပ်တို့  ကမ္ဘာကြီးက နီဘီရု နဲ့ နေမင်းကြားမှာ
ရောက်သွားမယ်တဲ့။
အဲ့တော့…နေမင်းကြီးကလည်း ဆွဲ၊နီဘီရုကလည်း ဆွဲ နဲ့ ကမ္ဘာရဲ့  လည်ပတ်နှုန်းဟာ နှေးကွေးသွားမယ်တဲ့။
ရပ်တောင် ရပ်တန့် သွားမယ် ဆိုလား၊ ဆိုရဲ့ ။ အေးရော…
နေ့ သမားတွေ က နေ့ ပဲဖြစ်နေ။ အလုပ်ချည်းသာလုပ်နေကြတော့။
ညသမားတွေလည်း ညချည်းဖြစ်နေ ..အိပ်သာနေလိုက်ကြရုံပဲ။ မအေးပလား။
အဲ့တော့…နေမင်းကြီးကလည်း ဆွဲ၊နီဘီရုကလည်း ဆွဲ နဲ့ ကမ္ဘာရဲ့  လည်ပတ်နှုန်းဟာ နှေးကွေးသွားမယ်တဲ့။
ရပ်တောင် ရပ်တန့် သွားမယ်
နေ့ သမားတွေ က နေ့ ပဲဖြစ်နေ။ အလုပ်ချည်းသာလုပ်နေကြတော့။
ညသမားတွေလည်း ညချည်းဖြစ်နေ ..အိပ်သာနေလိုက်ကြရုံပဲ။ မအေးပလား။
မအေးဘူးဗျ။ ပူမှာ။
အဟုတ်ပြောတာ။ ကောင်းကင်မှာ
နီဘီရုကို ကျုပ်တို့ လမင်းကြီးကိုမြင်ရတဲ့ အရွယ်အစားလောက်နဲ့ နေနှစ်စင်းလို မြင်ရမယ်တဲ့။ နီဘီရုရောက်လာတာဟာ…ကျုပ်တို့ နေမင်းကြီးကို
ရန်သွားစသလိုဖြစ်တာပေါ့ဗျာ။သူတို့  အချင်းချင်း ဆွဲအားတုံ့ ပြန်မူ့ တွေဖြစ်ပြီး သံလိုက်စက်ကွင်းတွေ
ဖြစ်ပေါ်မယ်။ကြားမှာရှိနေတာက ကမ္ဘာ။ သေပြီလေ။
ရာသီ ဥတုတွေဆိုးရွားစွာ ဖောက်ပြန်မယ်.။ပိုဆိုးတာက..ခုနကပြောတဲ့..ကမ္ဘာကြီးရပ်သွားမယ်ဆိုတဲ့
အခါမှာ..ကမ္ဘာက နဂိုက လည်ပတ်နေရာကနေရပ်လိုက်ရမှာဆိုတော့..အီနားရှား သဘောတရား
သက်ရောက်ပြီး မြေပြင်တွေ .ရေပြင်တွေ လှုပ်ခါသွားမှာပေါ့။အော်…မြေပြင်လှုပ်တယ်ဆိုတာ ငလျင်လှုပ်တာကိုပြောတာပေါ့နော်…။
ရေပြင်လှုပ် တယ်ဆိုတာလည်း.. လှိုင်းထပြီးရေကြီးတာကို ပြောတာပေါ့နော်..။ ဒါများ…ငလျင်လှုပ်မှာ..ရေကြီးမှာ
လို့ ပြော လိုက်ရင်ပြီးနေတာကို။ ဟွန့် .။
အမလေးဗျာ…။ မဟွန့် နဲ့ …မပြီးနဲ့ ဗျို
့.။ ငလျင်ဆိုတဲ့ စကားလုံးကိုမသုံးတာက။ တော်ရုံ ငလျင်မဟုတ်လို့ ခင်ဗျ။
လှုပ်ချက်ကတော့….ခု ကျုပ်တို့ ကြည့်နေတဲ့
သိနေတဲ့ ကမ္ဘာ့မြေပုံဆိုတာတောင် နောက်ဆိုရင် မသုံးနဲ့ တော့တဲ့။ ဘာလို့ လည်းဆိုတော့..ငလျင်လှုပ်ထဲ့လိုက်တာ..ပြင်းလွန်းလို
့မြေကြီးတွေ ပြတ်ထွက်ကုန်ပြီး ကမ္ဘာ့မြေပုံက ခုမြင်နေရတဲ့ အတိုင်းမဟုတ်တော့ပဲ
ပြောင်းကိုသွားမှာတဲ့.။ ဆိုလိုတာက မြန်မာနိင်ငံဆိုရင် ခုမြင်နေရတဲ့
အတိုင်း မဟုတ်တော့ပဲ…ကချင်ပြည်လေးက သီးသန့် ကျွန်းလေးဖြစ်သွားရော။ ဟော..ကရင်ပြည်လေးလည်း …ငလျင်လှုပ် လိုက်တာ
သီးသန့် ကျွန်းလေးဖြစ်သွား..။ ရှမ်းပြည်လည်း…တရုတ်ပြည်ဖက်ပါသွား ပေါ့နော်..။အင်း….အဲ့ လိုပေါ့…အဲ့လိုပေါ့….။ မိုက်တယ်နော်….စစ်တွေ
ဘာတွေ တိုက်နေစရာမလိုတော့ဘူး..။ ဘာပြည်နယ်ခွဲထွက်ရေး မှလည်း လုပ်နေစရာမလိုတော့ဘူး။
လူတွေလည်း မရှိတော့ဘူး။ ဟားဟား…။
ကိုင်း…အဲ့လောက်ထိအောင်တဲ့ဗျာ.လှုပ်မှာက။
ဘယ့်နဲ့ လုပ်ကြမတုန်း…တောင်တွေ ဘာတွေဆို အမြစ်လိုက် ကျွတ် ထွက်ပြီးလွင့်ကုန်မလားမသိဘူး။
ငလျင်တောင်အဲ့လောက်လှုပ်မှတော့..ဆူနာမီ လှိုင်းလုံးကလည်း ဘယ်နေ တော့မလဲ။ ဇာတ်ကားထဲကလို
မြို့ ကြီးတစ်ခုလုံးမြုပ်သွားမလားမသိဘူး။ စင်္ကာပူဆိုကျွန်းလေးမှ သေးသေးလေး အဲ့လိုသာဖြစ်လို
့ကတော့…ပလုံစွက် ပဲ။ တော်သေးတာပေါ့…ငါ စင်္ကာပူ မထွက်တာ။ဟီး…။
အင်း…ဆိုတော့ကာ.. ဒီ နီဘီရုကြီးကြောင့်
ကမ္ဘာကြီးက ဒုံးဒိုင်း ဆိုပြီး. တစ်စစီ ပျောက်ပျက်သွားမှာတော့ မဟုတ်ဘူးပေါ့လေ။ ကမ္ဘာမပျက်သေးပါဘူးပေါ့။
မထူးပါဘူး..ပျက်တာပါပဲ။ ကမ္ဘာ့မြေပုံတောင် ပုံပျက်သွားတာ ပဲဟာ ။ ဟွန်း..။ကမ္ဘာမပျက်ဘူးဆိုတော့…လူတွေလည်း
အကုန်မသေပါဘူးတဲ့။ သုံးပုံ ပုံရင်မှ နစ်ပုံလောက်ပဲ သေမှာပါတဲ့ ။ မထူးပါဘူး….သေတာပါပဲ။ သုံးပုံ
နစ်ပုံ ဆိုမှတော့..မလွတ်လောက်တော့ပါဘူး။အဟင့်….
အင်း..ခုပြောတာက ၂၀၁၂ ဟောကိန်းတွေအများကြီးထဲက
ပလပ်နက်အိပ်စ် ဆိုတဲ့ နီဘီရု ဂြိုလ်ကြီးသာ အမှန် ဖြစ်လာခဲ့ရင်…ဆိုတာပေါ့နော်.။
ကဲ..နောက်တစ်ခုဗျာ….ဆက်ရအောင်.။
နောက်တစ်ခုက ..နေမုန်တိုင်းဗျ..(
solar storm ) ပေါ့.။
အင်း…နေမုန်တိုင်းဆိုတော့…ဘယ့်နှယ်..လေတွေဘာတွေမရှိတဲ့..အာကာသဟင်းလင်းပြင်ကြီးထဲ
ဘယ်လိုလုပ်မုန်တိုင်းက ထတိုက်ရတာလည်းလို
့မေးကြအုံးမယ်။နေမုန်တိုင်းဆိုတာတင်စားပြီးခေါ်တာပါ.
တကယ်က..နေရုတ်တရက်ထတောက်ခြင်း(
solar flare ) လို့ လည်းခေါ်တယ်။ အာ…အဲ့လိုပြောမှ
မင့်ဟာက ပိုဆိုးနေပြီ..နေဆိုတာ အချိန်ပြည့်တောက်လောင်နေတာပဲဟာ…ဒီ့ထက်ထူးပြီး
ဘယ်အချိန်ဘယ်လို
ရုတ်တရက်ထတောက်သေးတာတုန်းလို့ မေးစရာရှိတယ်.။
ဟုတ်ကဲ့ပြောပါမယ်....နေမင်းကြီးမှာ
အချိန်စက်ဝိုင်းတစ်ခုရှိတယ်ဗျ။
အဲ့အချိန်စက်ဝိုင်းတစ်ပါတ်ပြည့်ဖို့ ( ၂၂ ) နှစ်ကြာတယ်။
ပထမပိုင်း ( ၁၁ )နှစ်..ဒုတိယပိုင်း ( ၁၁ )နှစ်ဆိုပြီး ငြိမ်သက်ပိုင်း နဲ့ တက်ကြွပိုင်း နှစ်ပိုင်းကွဲတယ်။
ဆိုလိုတာက နေမင်းကြီးဟာ ဆယ့်တစ်နစ်လုံးလုံး ငြိမ်သက်နေတယ် ( ပုံမှန်ပဲ တောက်လောင်တယ်ပေါ့ )
ပြီးရင် နောက်ဆယ့်တစ်နစ်လုံးလုံးက ဒေါသူပုန်တွေထပြန်ရော( အရှိန်ဟုန်ပြင်းပြင်း တောက်လောင်
တယ်ပေါ့ )။ ဒီနေရာမှာ ဒီလိုပဲ ခဏအလွယ်မှတ်ထားလိုက်ပေါ့။ ဘာလို့ ဒီလို ၂၂နစ်ကြာတဲ့ အချိန်စက်ဝိုင်း
ဖြစ်ရတယ်ဆိုတာတော့ နောက်မှ ရှင်းပြပါတော့မယ်။
အဲ့အချိန်စက်ဝိုင်းတစ်ပါတ်ပြည့်ဖို့ ( ၂၂ ) နှစ်ကြာတယ်။
ပထမပိုင်း ( ၁၁ )နှစ်..ဒုတိယပိုင်း ( ၁၁ )နှစ်ဆိုပြီး ငြိမ်သက်ပိုင်း နဲ့ တက်ကြွပိုင်း နှစ်ပိုင်းကွဲတယ်။
ဆိုလိုတာက နေမင်းကြီးဟာ ဆယ့်တစ်နစ်လုံးလုံး ငြိမ်သက်နေတယ် ( ပုံမှန်ပဲ တောက်လောင်တယ်ပေါ့ )
ပြီးရင် နောက်ဆယ့်တစ်နစ်လုံးလုံးက ဒေါသူပုန်တွေထပြန်ရော( အရှိန်ဟုန်ပြင်းပြင်း တောက်လောင်
တယ်ပေါ့ )။ ဒီနေရာမှာ ဒီလိုပဲ ခဏအလွယ်မှတ်ထားလိုက်ပေါ့။ ဘာလို့ ဒီလို ၂၂နစ်ကြာတဲ့ အချိန်စက်ဝိုင်း
ဖြစ်ရတယ်ဆိုတာတော့ နောက်မှ ရှင်းပြပါတော့မယ်။
ဆက်ပြောရရင်တော့…အခု ကျွန်တော်တို့ က
ငြိမ်သက်ပိုင်းကို ကျော်ခဲ့ပြီဗျ။
အခု..၂၀၁၂ အကုန်လောက်ကနေစပြီး..နေမင်းကြီးရဲ့
ဒေါသူပုန်ထတဲ့ နောက်ဆယ့်တစ်နစ်အပိုင်းကို ၀င်မှာ။ ဒီတက်ကြွနှစ်တွေမှာဆိုရင်…ပူလွန်းအားကြီးလို
့.နေမင်းကြီးရဲ့ မျက်နာပြင်ကနေ..ရေမြုပ်လေးပေါက်သလို ပေါက်ပြီးအတွင်းက အပူခိုးတွေ
မှုတ်ထုတ်တတ်တယ်။ ကျွန်တော်တို့ မီးဖိုထဲက မီးသွေးရဲရဲကြီးတွေ တစ်ချက် တစ်ချက်ထပေါက်တတ်
သလိုပေါ့။ဆယ့်တစ်နစ်ခြားတစ်ခါလောက်ဖြစ်လေ့ရှိတယ်။
ဒီတော့..နေမင်းကြီးဆီက အဲ့လိုထပေါက်တာက
ထူးတော့မထူးဆန်းပါဘူး။
ဒါပေမယ့်..အခု အခေါက်မှာစိုးရိမ်ရတာက..၁၈၅၉ ခုနစ်က ကြေးနန်းလိုင်းကြိုး
တွေကိုတောင် မီးလောင်ကျွမ်းသွားစေလောက်အောင်ပြင်းထန်ခဲ့တဲ့ နေမုန်တိုင်းမျိုး ပြန်ဖြစ်လာနိင်နေလို
့ပဲ။
ဘာကြောင့် ပြန်ဖြစ်နိင်လည်း ဆိုတော့.. သိပ္ပံ ပညာရှင်တွေက ဒီတစ်ခေါက်ဟာ နောက်ဆုံး
2001 မှာဖြစ်သွားခဲ့တဲ့ နေမုန်တိုင်းထက် ၃၀ မှ ၅၀ ရာခိုင်နှုန်း နီးပါး ပိုမိုပြင်းထန်နိင်တယ်လို
့ခန့် မှန်းကြတယ်။ နောက်တစ်ကြောင်းက နေရောင်ခြည်မှလာတဲ့မလိုလားအပ်တဲ့
ဓါတ်ရောင်ခြည်တွေကိုကာကွယ်ပေးနိင်တဲ့ ကမ္ဘာကိုဒိုင်းသဖွယ် လွှမ်းခြုံကာရံထားတဲ့ သံလိုက်စက်ကွင်းခြုံကာ
ဟာလည်း..ခုချိန်မှာအားနည်းနေတယ်တဲ့။
ကဲ…အဲ့တော့ ဆိုးဆိုးရွားရွားဘာတွေဖြစ်လာမှာလဲ.။
ဟုတ်ကဲ့…သိပ်တော့ မကြောက်ပါနဲ့ ..။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေအဖို့ တော့…ကျင့်သားရပြီးသားတွေ
ဟုတ်ကဲ့…သိပ်တော့ မကြောက်ပါနဲ့ ..။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေအဖို့ တော့…ကျင့်သားရပြီးသားတွေ
ဖြစ်ခဲ့လို့ ပါ။ ဘာလည်းဆိုတော့…လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ
မှန်သမျှ ပြတ်တောက်သွားမယ်တဲ့။
မီးပျက်မှာပေါ့နော်…။ မီးပျက်ရင် ကျုပ်တို့ မြန်မာတွေက မကြောက်ဘူးဗျ။ မီးစက်ရှိတာကိုး..။
မီးပျက်မှာပေါ့နော်…။ မီးပျက်ရင် ကျုပ်တို့ မြန်မာတွေက မကြောက်ဘူးဗျ။ မီးစက်ရှိတာကိုး..။
အင်ဗာတာရှိတာကိုး။ ခက်တာက..အမေရိက ကလူတွေဗျ။
သူတို့ က သူတို့ ဘ၀မှာ မီးတစ်ခါမှ
မပျက်ဖူးတော့..မီးပျက်ရင် မီးစက်နိုးပြီးထွန်း
! ရနေတာပဲအုပ်စာ…ဆိုတာကို မသိကြဘူး။
အင်ဗာတာ.ဆို ပိုဆိုး..ကြားတောင်မကြားဖူးဘူး။
သနားပါတယ်နော်…ကျွတ် ကျွတ် ကျွတ် ကျွတ်စ်..။
မီးမှ မပျက်ဖူးတာကိုး.။
မီးစက်နဲ့ နှိုးပြီးထွန်းသည်ပဲထားအုံး..အမေလေး.။ သူတို့ ..ဆီက တိုက်တွေက အထပ် လေးငါးဆယ် တစ်ရာ.။
အိမ်ရှေ့ ထုတ်နှိုးလို့ လည်းမရဘူး။ အိမ်နောက်ဖေး ထုတ်နှိုးလို့ လည်းမရ။ ကိုယ့် အခန်းရှေ့ သာ ကိုယ် နှိုး…နှိုးရုံပဲ။
မီးခိုးတွေနဲ့ မွှန်ပြီသေမှာ.။ အထပ်တစ်ရာကို အပေါ်ဆုံးထပ်နေတဲ့ ကောင်တော့ သေပြီပဲ။
လျှပ်စစ်ဓါတ်အား မပေးတော့ဘူးဆိုတော့.. ဓါတ်လှေကားမရတော့ဘူးလေ။ ခြေကျင်သာတက်ပေတော့ပဲ။
နေချင်ကြအုံးဟ…အဲ့လောက် အမြင့်ကြီးတွေ.။ဆောက်ချင်ကြအုံးလေမိုးမျှော်တိုက်ကြီးတွေ။
ဟီး…ကိုယ်မနေရတိုင်း…။
မီးစက်နဲ့ နှိုးပြီးထွန်းသည်ပဲထားအုံး..အမေလေး.။ သူတို့ ..ဆီက တိုက်တွေက အထပ် လေးငါးဆယ် တစ်ရာ.။
အိမ်ရှေ့ ထုတ်နှိုးလို့ လည်းမရဘူး။ အိမ်နောက်ဖေး ထုတ်နှိုးလို့ လည်းမရ။
မီးခိုးတွေနဲ့ မွှန်ပြီသေမှာ.။ အထပ်တစ်ရာကို အပေါ်ဆုံးထပ်နေတဲ့
လျှပ်စစ်ဓါတ်အား မပေးတော့ဘူးဆိုတော့.. ဓါတ်လှေကားမရတော့ဘူးလေ။
နေချင်ကြအုံးဟ…အဲ့လောက် အမြင့်ကြီးတွေ.။ဆောက်ချင်ကြအုံးလေမိုးမျှော်တိုက်ကြီးတွေ။
ဟီး…ကိုယ်မနေရတိုင်း…။
အမေရိကလိုနစ်ဆယ့်လေးနာရီ..တစ်နစ်ပတ်လုံးမီးလင်းနေတဲ့..တစ်သက်လုံး မီးမပျက်ဖူးတဲ့သူတွေ
အေးရော…မှတ်ပလား.။ မင်းတို့ လည်း ခုတော့ မီးပျက်တဲ့ အရသာလေး ခံစားလိုက်ကြအုံး။
တို့ တော့ အရေထူခဲ့ပါပြီကွာ။
အေးရော…မှတ်ပလား.။ မင်းတို့ လည်း ခုတော့ မီးပျက်တဲ့ အရသာလေး ခံစားလိုက်ကြအုံး။
တို့ တော့ အရေထူခဲ့ပါပြီကွာ။
ကျုပ်တို့ ဆီကတော့..တော်တော်ကို ဒုက္ခရောက်သွားမှာက…ဘော..သမားတွေပေါ့ဗျာ။
ဘောလုံးဝါသနာအိုးတွေလေ။ ဘာလို့ လည်းဆိုတော့…နေမုန်တိုင်းကြီး
တိုက်လာတဲ့ အခါမှာ..
ပထမဆုံး…ပျက်စီးသွားမှာက ဆက်တလိုက်ဂြိုလ်တုတွေဗျ။
ဘာ..ဘောပွဲမှ ကြည့်ရတော့မှာ
မဟုတ်ဘူး။ မန်ယူ..အားမပေးရတော့ဘူး။
ချန်ပီယံလိဂ် မကြည့်ရတော့ဘူး။
ဘောလုံးပွဲတွေလည်း မလောင်းရတော့ဘူး။ဘာသတင်းမှ ကြည့်ရတော့မှာမဟုတ်ဘူး။
ခံသာတာ တစ်ခုက ကျုပ်တို့ မြန်မာတွေကိုယ်ပိုင် ဆက်တလိုက်ဂြိုလ်တုလေး..မလွှင့်တင်နိင်ခဲ့တာပဲ။
ဟုတ်တယ်လေ…မဟုတ်ရင်..နှမြောစရာကြီးဗျာ…ပျက်သွားမှာတဲ့.။
နည်းတဲ့ တန်ဖိုးမဟုတ်ဘူး။
ဒေါ်လာ သန်းချီတန်တာ ကလား။
ဘောသမားတွေ တင်လားဆိုတော့…ကျုပ်တို
့ချက်တင် သမားတွေကလည်းထိတာပဲဗျ။
ကွန်ပြူတာတွေ..အကုန်ပျက်စီးကုန်မယ်တဲ့.။ ဟတ်ဒစ်တွေပေါ့ဗျာ..ပျက်စီးကုန်မှာ။
သေပြီဗျာ..ကျူ မရတော့ဘူး။ သေပြီ..ဘယ်လိုနေရပါ့.။ မကျူရ မနေနိင်ပါဘူးဆို.။
ကွန်ပြူတာတွေ..အကုန်ပျက်စီးကုန်မယ်တဲ့.။ ဟတ်ဒစ်တွေပေါ့ဗျာ..ပျက်စီးကုန်မှာ။
သေပြီဗျာ..ကျူ မရတော့ဘူး။ သေပြီ..ဘယ်လိုနေရပါ့.။ မကျူရ မနေနိင်ပါဘူးဆို.။
ကွန်ပြူတာတွေလည်း..သုံးမရတော့မှတော့..ဘာ
ရုံးအလုပ်မှ မလုပ်နဲ့ တော့..။ နားပေတော့ပဲ..။
ကဲကဲ…ရုံးစာရေးမချောချောလေးတွေရေ..လုပ်ထားကြဟ…ပျင်းမနေကြနဲ့ ..ညဉ်းတို့ နားရက်တွေ လာတော့မှာ။
အဲ့…လက်နိပ်စက်နဲ့ လုပ်တဲ့ အဒေါ်ကြီးတွေတော့…လုပ်ပေအုံးပေါ့…။ဟီး..။
ကဲကဲ…ရုံးစာရေးမချောချောလေးတွေရေ..လုပ်ထားကြဟ…ပျင်းမနေကြနဲ့ ..ညဉ်းတို့ နားရက်တွေ လာတော့မှာ။
အဲ့…လက်နိပ်စက်နဲ့ လုပ်တဲ့ အဒေါ်ကြီးတွေတော့…လုပ်ပေအုံးပေါ့…။ဟီး..။
ကဲ…နေမုန်တိုင်းဖြစ်ရတာနဲ့ …ဘယ့်နဲ
့ကြောင့်…လျှပ်စစ်ပစ္စည်းတွေ သုံးမရတော့လေသလဲ။
နေမင်းကြီးမှုတ်ထုတ်လိုက်တာက…လျှပ်စစ်သံလိုက်
အမှုန်တွေပါ။
အဲ့အမှုန်တွေက ကမ္ဘာ့လေထုထဲမှာ ပြန်
့နှ့ံနေတော့မှာလေ။လျှပ်စစ်ဆိုတာလည်း..အမှုန်ပဲ။
အဲ့တော့…ဓါတ်အားလိုင်းထဲက လျှပ်စစ်အမှုန်တွေ
ဆီကို လေထုထဲက လျှပ်စစ်အမှုန်တွေက
သွားပေါင်းပြီးဗို့ အားတွေတက်ကုန်ရော…လျှပ်စီးအင်ပီယာတွေတက်ကုန်ရော…အဲ့တော့…
ထရမ်စဖော်မာတွေ.. ဓါတ်ကြိုးလိုင်းတွေက မခံနိင်တော့ လောင်ရော..။
ကဲ …ရှင်းပြီလားဗျာ။
ခုပြောတာက..လျှပ်စစ်ပစ္စည်းတွေမှာဖြစ်တဲ့..ထိခိုက်မူ့ ပဲ ရှိသေးတယ်နော်.။
ကဲ..ကျုပ်တို့ သက်ရှိလူတွေမှာကော…ဘာတွေ..လာထိခိုက်မလဲ။
သွားပေါင်းပြီးဗို့ အားတွေတက်ကုန်ရော…လျှပ်စီးအင်ပီယာတွေတက်ကုန်ရော…အဲ့တော့…
ထရမ်စဖော်မာတွေ..
ခုပြောတာက..လျှပ်စစ်ပစ္စည်းတွေမှာဖြစ်တဲ့..ထိခိုက်မူ့ ပဲ ရှိသေးတယ်နော်.။
ကဲ..ကျုပ်တို့ သက်ရှိလူတွေမှာကော…ဘာတွေ..လာထိခိုက်မလဲ။
မကြောက်ပါနဲ့ … မြွေပေါက်ခံရသလို ချက်ချင်းကြီးတော့
လဲမသေသွားပါဘူး။
ဒါပေမယ့်ပေါ့…ဒီ ဓါတ်ရောင်ခြည်တွေဟာ..လူ
့ခန္တာကိုယ်ကို…ထွင်းဖောက်ပြီးသွားနိင်ကြတယ်။
အိပ်စ်ရေးလ်( X Ray ) ဓါတ်မှန်ကို မလိုလားအပ်ပဲ
အချိန်ပြည့် အရိုက်ခံနေရသလိုဖြစ်နေတာပေါ့.။
ဘာတွေဖြစ်မယ်လို့ တော့…အတိအကျ မပြောနိင်ပါဘူးတဲ့.။
ကင်ဆာတွေ ဘာတွေလည်းဖြစ်ရင်
ဖြစ်မှာပေါ့လေ။ ကိုယ်ခန္တာအတွင်းပိုင်း..ဇီဝထိခိုက်မူ
့တွေ ဖြစ်နိင်တာတော့ အသေချာပဲပေါ့။
အင်းပါ…မကြောက်ရင်လည်း….ဒီတိုင်း…သွားကြလာကြပေါ့ဗျာ..။သိပ္ပံပညာရှင်တွေ
အကြံပြုတာတော့..စောင်ထူထူခြုံပြီးနေထိုင်သွားလာပါတဲ့။
တော်သေးတာပေါ့…
ဖြစ်မှာက .ဆောင်းရာသီမို့ လို့ .။ နွေရာသီသာဆို
မလွယ်ကြောပဲ စောင်ခြုံကြီးတွေနဲ့ သွားရမှာလေ။
နွေရာသီထိရောက်ရင်လည်း ရောက်သွားမှာပါလေ။
လူတင် စောင်ခြုံနဲ့ နေသင့်တာ မဟုတ်ပါဘူးတဲ့.။
ခင်ဗျားတို့ ရဲ့ ..ကွန်ပြူတာ ဒေတာတွေ မပျောက်ပျက်
မဆုံးရှုံးချင်ဘူးဆိုရင်.။ ဖာရာဒေးလှောင်အိမ်( Faraday Cage ) လို့ ခေါ်တဲ့..လျှပ်စစ်သံလိုက်စက်ကွင်း
တွေကို ကာကွယ်ပေးနိင်တဲ့ လှောင်အိမ်လေးထဲမှာ
သိမ်းထားရမယ်တဲ့.။ အဲ့လိုမှ မဟုတ်ရင်..မင်မိုရီ
ဟတ်ဒစ်တွေကို သံလိုက်အမှုန်တွေက ဖျက်စီးပစ်လိုက်မှာတဲ့။
ကျွန်တော်တို့ …ကြည့်ကြည့်နေတဲ့..
ဒီဗွီဒီခွေတွေကိုတောင် သံလိုက်နဲ့ ထိလိုက်ရင်
ပျက်သွားတာကိုးဗျ။ အဲ့ဒါလည်း…တစ်ဒုက္ခပဲဗျ။
ကျွန်တော့ ကွန်ပြူတာထဲရှိတဲ့…အနှစ်နှစ်
အလလ စုဆောင်းထားရတဲ့..ဇာတ်ကားလေးတွေတော့..
ပျက်ကုန်တော့မှာပဲဗျာ။
ကျွန်တော်က ကိုယ့်ဆီရှိတဲ့..ဇာတ်ကားလေးတွေဆုံးရှုံးကုန်မှာလောက်သာနှမြောနေတာ..
တကယ့်ပြသနာက ဘဏ် တွေကိုးဗျ။ ဘယ်လိုလုပ်ကြတော့မလဲ။ ငွေစာရင်းတွေက..အကုန် ကွန်ပြူတာနဲ့ ပဲ
မှတ်သားထားကြတာ မလား.။ ဒါကြောင့်…ဒီ နေမုန်တိုင်းတိုက်တာက
ကြီးမားတဲ့.ငွေကြေး စီးပွားရေး ပြသနာ
တွေလည်းဖြစ်လာမယ် ပြောထားကြတာကိုး။ ကဲ..ဒီလောက်ဆို.၂၀၁၂
ဟောကိန်းတွေထဲက နေမုန်တိုင်း
အကြောင်း အကြမ်းဖျင်း လောက်တော့ သိပြီထင်ပါတယ်။ သိပ်တော့မစိုးရိမ်ပါနဲ
့ဗျာ…နေမုန်တိုင်း ကြီးကြီးမားမား
တစ်ခု ဖြစ်လာမယ် ဆိုတာပဲ သိတာပါ။ ဘယ်လောက်ထိ ဖြစ်ပျက်ကုန်မယ်ဆိုတာတော့
အတိအကျ
ပြောမရပါဘူးတဲ့။ ခုနက ပြောခဲ့တာတွေလောက် ဖြစ်ချင်မှလည်း
ဖြစ်မှာပါတဲ့။ ပိုဆိုးရင်လည်း
ဆိုးမှာနော်…ဟားဟား။
တကယ့်ပြသနာက ဘဏ် တွေကိုးဗျ။ ဘယ်လိုလုပ်ကြတော့မလဲ။ ငွေစာရင်းတွေက..အကုန် ကွန်ပြူတာနဲ့ ပဲ
မှတ်သားထားကြတာ
တွေလည်းဖြစ်လာမယ်
အကြောင်း အကြမ်းဖျင်း
တစ်ခု ဖြစ်လာမယ်
ပြောမရပါဘူးတဲ့။
ဆိုးမှာနော်…ဟားဟား။
ကဲ…နောက်ဆုံးကျန်တာက..…မာယာ လူမျိုးတွေရဲ့ ပြက္ခဒိန် တဲ့ဗျာ။ အားလုံးလည်း ကြားဖူးပြီးသားပါ။
သိပ်တိကျ…ဆိုပဲ။ ခုကျုပ်တို့ လက်ရှိသုံးနေတဲ့..ပြက္ခဒိန်ထက်တောင်…တိကျတယ် ဆိုသေး။
အဲ့ပြက္ခဒိန်ကြီးက ၂၀၁၂ ဒီဇင်ဘာ ၂၁ရက် မှာ ကုန်သွားသတဲ့ဗျာ။ ဒါနဲ့ လူတွေလည်း..ကမ္ဘာများ
ပျက်လေမလားလို့…ယုန်ထင်ကြောင်ထင်တွေ ဖြစ်ကုန်တော့တာကိုး။ ဘယ်လိုပျက်သွားမယ်ဆိုတာတော့
မသိပေဘူးပေါ့။ တိကျလွန်းတဲ့ ပြက္ခဒိန်ကြီးက အဲ့နေ့ မှာ အဆုံးသတ်နေတော့ ကြောက်တာပေါ့လေ။
ပုံမတော်…ဘာမပြောညာမပြောနဲ့ ..ဒုံး ဆို မိုးပေါ်ကနေ …ကမ္ဘာနီးပါးလောက်ရှိတဲ့…ကျောက်တုံးကြီး ပြုတ်ကျ
လာမှဖြင့်…အကုန် ကိစ္စမလျှောကုန်ပေဘူးလား။ ပြင်သစ်က သိပ်တိကျမှန်ကန်တယ်ဆိုတဲ့ ရှေ့ ဖြစ်ဟော ဆရာကြီး.. နော့စထရာဒါမတ်( Nostradamus ) ကလည်း..၂၀၁၂ မှာ ကမ္ဘာကို ဥက္ကာပျံကြီးတစ်ခု
လာတိုက်လိမ့်မယ်လို့ ကလည်း ဟောထားခဲ့ပေသေးတာကိုးဗျ။
နောက်ထပ်လည်း ..ဟောကိန်းတွေတော့ ကျန်ပါသေးတယ်..တရုတ်
ယီချင်း ဟောကိန်းတို့ ၊
သမ္မာကျမ်းစာညွှန်ပြချက်တို့ ၊ ကမ္ဘာ့ဝင်ရိုးပြောင်းလဲခြင်းတို့ ၊ မီးတောင်ပေါက်မှာ၊ ကမ္ဘာကြီး ပူနွေးလာတာ။
ဘာညာ သာဒကာ ပေါ့လေ။ ဒါတွေတော့ ကျွန်တော်မပြောလိုတော့ပါဘူး။
သမ္မာကျမ်းစာညွှန်ပြချက်တို့ ၊ ကမ္ဘာ့ဝင်ရိုးပြောင်းလဲခြင်းတို့ ၊ မီးတောင်ပေါက်မှာ၊ ကမ္ဘာကြီး ပူနွေးလာတာ။
ဘာညာ သာဒကာ ပေါ့လေ။ ဒါတွေတော့ ကျွန်တော်မပြောလိုတော့ပါဘူး။
ကဲ…၂၀၁၂ ဟောကိန်းတွေ၊ ခြိမ်းချောက်မူ
့တွေတော့ ပြောပြီးပြီ။ဒါတွေက ဖြစ်လာရင်လည်း..ဖြစ်လာမယ်၊
မဖြစ်လာရင်လည်း မဖြစ်လာဘူးပေါ့။ ခင်ဗျားတို
့သဘောပါ။ ဒါပေမယ့် ကျွန်တော့ အမြင်က ဘယ်လိုလည်းဆိုတော့..ဒီလောက် ခေတ်အဆက်ဆက်ကလူတွေနဲ
့..သိပ္ပံပညာရှင်တွေနဲ့  ပူးပေါင်းပြီး
အကြောင်းမဲ့တော့လိမ်မနေတန်ကောင်းပါဘူးလို
့ပေါ့။ ဒီ ၂၀၁၂ မှာ ကမ္ဘာမပျက်တောင် ကပ်ဆိုးကြီး
တစ်ခုတော့ ဖြစ်လာမယ်လို့ ယူဆတယ်။ အခု
ကျွန်တော်က ဘယ်လို ခံစားနေရလဲဆိုတော့..
တစ်နစ်လုံး စာမကြည့်ပဲ ပေတေနေတဲ့ကျောင်းသားက
ဘယ်နေ့ ဘယ်ရက် စာမေးပွဲတဲ့ဟေ့ လို့ .
စာမေးပွဲ အချိန်စာရင်းကို သိလိုက်ရတဲ့
ကျောင်းသားတစ်ယောက်လို ခံစားနေရတယ်။
တက္ကသိုလ်တုန်းကတော့.. စာမေးပွဲနီးမှ စာကပ်လုပ်။ ကပ်လုပ်တော့. .ကျ.. နဲ့ တစ်တန်းကို
တက္ကသိုလ်တုန်းကတော့.. စာမေးပွဲနီးမှ စာကပ်လုပ်။ ကပ်လုပ်တော့. .ကျ.. နဲ့ တစ်တန်းကို
နှစ်နစ်နေခဲ့ရတယ်။ ကဲ…ခုတော့ အသက်နဲ
့ရင်းရမယ့် စာမေးပွဲအချိန်စာရင်း ထွက်ပြီလို့ 
ကျွန်တော့ဖာသာ တစ်ယောက်တည်းခံစားရတယ်။
ခင်ဗျားတို့ က ရီချင်လည်း ရီလို့ ရပါတယ်။
ကျွန်တော် ဒီစာမေးပွဲကိုတော့ မကျချင်တော့ဘူးဗျာ။
ကျွန်တော် ပြင်ဆင်နေပြီ။
ဒီအကြောင်းအရာတွေ လိုက်ဖတ်ရင်း..စာသားတစ်ခုကို
ဖတ်ရမိတယ်။
ကျွန်တော်တို့ တွေ..အသက်ရှင်ဖို့ ပြင်ဆင်မလား..။
သေဖို့ ပြင်ဆင်မလားတဲ့။
ဒီလိုကပ်ဆိုးကြီးရောက်လာရင်…ဘယ်လို
အသက်ရှင်ကျန်ရစ်အောင်..ပြင်ဆင်မလဲပေါ့.။
မြေအောက်ခန်းတွေ တူးပြီး ၀င်ပုန်းနေမလား။
စားနပ်ရိက္ခာတွေ အပြည့်သိုလှောင်ထားကြမလား။
တခြားဂြိုလ်တစ်ခုပေါ်ကိုပဲ ပြေးရွေ့ ပြောင်းကြမှာလား။
ဒါမှမဟုတ်…ဘယ်လိုမှ မလွတ်နိင်ပဲ
သေသွားခဲ့ရင်..တမလွန်အတွက် စိတ်ချရဖို
့ပဲ ပြင်ဆင်ကြ တော့မလား။
အင်း…ပြင်ဆင်တာတော့ ပြင်ဆင်ရတော့မှာပဲ။
နောက်ဆုံးသော နေ့ ရက်ကာလတွေဟာ နီးကပ်နေပြီ။
Labels: အက်ဆေး
၂၀၁၂.ဇန်န၀ါရီ.၁ရက်။
The purpose driven life စာအုပ်ကို
အစကနေအဆုံးဖတ်တော့မယ်။
ရက်ပေါင်းလေးဆယ်ဖတ်ရမယ်။
ဒီနေ့ တစ်ရက်ပြီးပြီ။
ဒီစာအုပ်က
ကျွန်တော့ဆီ အင်္ဂလိပ်လို အရင်ရှိနေခဲ့တာ။
အဲ့တုန်းက
မြန်မာဘာသာပြန်မထွက်သေးဘူး။
အုပ်ရေ ၁၆သန်းကျော်
ရောင်းခဲ့ရတဲ့ စာအုပ်ပေါ့။
ဘက်ဆဲလား
စာအုပ်တစ်အုပ်မို့ လို့ ဝယ်ခဲ့တာတော့မဟုတ်ဘူး။
မျက်နာဖုံးအောက်ခြေမှာပါတဲ့
what on earth am I here for ?
ဒီကမ္ဘာကြီးမှာ..ငါဘာ
အတွက်ရှိနေရတာလဲ ?
အဲ့စာသားလေးက
ကျွန်တော့ကို ချက်ချင်းဝယ်မိစေခဲ့တယ်။
ကျွန်တော့စာအုပ်မှာ
ကျွန်တော့ ဆိုင်းလေးနဲ
့ထိုးထားတဲ့ စာအုပ်ဝယ်ခဲ့တဲ့ဒိတ်ကိုကြည့်တော့
၂၀၀၄.ဂျူလိုင်.၁၈
တဲ့။ အဲ့တုန်းက စာအုပ်ရှေ့ ပိုင်းတစ်ခန်းနစ်ခန်းကို
အကြမ်းဖျင်းတော့
ဖတ်ခဲ့ဖူးသေးတယ်။ ဟုတ်တယ် စာအုပ်မှာ
ကျွန်တော်မသိတဲ့
မီးနင်းလေးတွေ မှတ်ထားတာတောင်ရှိသေးရဲ့ ။ ဟားဟား
ပြန်ကြည့်တော့..အဲ့တုန်းက အင်္ဂလိပ်စာအခြေနေကိုပြုံးမိတယ်။
Assume ဆိုတဲ့
စာလုံးလေးကို မသိလို
့မျဉ်းသားထားတာတွေ့ တယ်။
အဲ့လိုကောင်က
ဘာဝယ်ဖတ်လဲဆိုတော့ အသက်ရှင်နေရခြင်း ရဲ့ အဓိပါယ်၊
လူ့ ဘ၀ရဲ
့အဓိပါယ်ကို ဖွင့်ဆိုတဲ့ စာအုပ်ကြီး ၀ယ်ဖတ်တယ်တဲ့။
ဘာရယ်..မဟုတ်ဘူး။
လူရှိန်တာပေါ့။ အဘိဓါန်လေးဖွင့်ဖွင့်ပြီးဖတ်ခဲ့ရတာ။
ဟားဟား….သေပြီပေါ့။
အသက်ရှင်နေရခြင်းရဲ
့အဓိပါယ်သိဖို့ နေနေသာသာ မီးနင်းအဓိပါယ်တောင်
မနည်းသိအောင်လုပ်နေရတော့။
နေအုံးဗျာ….နောက်မှ..ဆိုပြီး
ချောင်ထိုးလိုက်ရတယ်။
ဒါပေမယ့်
ဒီစာအုပ်လေးကို စိတ်ထဲမှာ
အကြွေးတစ်ခုလို အမြဲ ရှိနေခဲ့တယ်။
ဖတ်ကလည်း ဖတ်ချင် ဖတ်လို
့ကလည်းမနိင် နဲ့ မျောက်အုံးသီးရသလို
ဖြစ်နေတာ။
မြန်မာဘာသာပြန်
ထွက်တော့ ထွက်မှာပဲ ဆိုတာ သိတယ်။ ဘယ့်နဲ့ ဗျာ။
အုပ်ရေ ၁၆
သန်းကျော်ရောင်းရတဲ့ စာအုပ်ကို ဘာသာမပြန်တဲ့ကောင် အ..လို့ ပေါ့။
ဒါပေမယ့်…နောက်ဆုံးပိတ်
ထွက်မလာတဲ့အဆုံးတော့
ကိုယ်ဟာကိုယ်ပဲ ကိုယ့်ရှိတဲ့ အင်းလိပ်စာအုပ်လေး ဖတ်နိင်အောင် တစ်ဖက်က
အင်းလိပ်စာလေးလည်း ကျိတ်လုပ်နေရသပေါ့။
ဘာသာပြန်လေးလည်းမျှော်ရင်းပေါ့။
ထွက်မဲ့ထွက်တော့…ကချင်ဘာသာပြန်အရင်ထွက်သဗျ။
အင်း…မြန်မာဘာသာပြန်အရင်ထွက်တာဖြစ်ချင်လည်းဖြစ်မယ်။
ဒါပေမယ့်..ကျွန်တော်တော့
ကချင်ဘာသာပြန်အရင်တွေ
့တယ်။
ပြင်ဦးလွင်က
ကချင်သင်းအုပ် ဆရာတော် တစ်ပါးက ဘာသာပြန်လိုက်တယ်။
ဖြစ်ချင်တော့
အဲ့စာအုပ်ကို ကွန်ပြူတာစာစီတာက ကျွန်တော့ သူငယ်ချင်းတစ်ပိုင်း
ဆရာတစ်ပိုင်း
ကိုအားဒေါင်ကြီး
လုပ်တာဆိုတော့ အဲ့စာအုပ်လုပ်နေတဲ့ အချိန်အတောတွင်းမှာ
ကျွန်တော်
ဘေးမှာရှိနေခဲ့တယ်။
အဲ့တုန်းက ကျွန်တော် ကွန်ပြူတာစာ မရိုက်တတ်သေးလို့ ဗျ
မဟုတ်ရင်စာတောင်ကျွန်တော် ၀င်ရိုက်ပေးဖြစ်လောက်တယ်။
မဟုတ်ရင်စာတောင်ကျွန်တော် ၀င်ရိုက်ပေးဖြစ်လောက်တယ်။
ဒါပေမယ့် စာပရုတွေ
တော့ကြည့်ပေးခဲ့ရတယ်။
ဒါပေမယ့်..မ၀ယ်ဖြစ်လိုက်ဘူး။
ကချင်လိုကြတော့
ဖတ်ရတာ သိပ်လည်းအရသာမတွေ့ ဘူးလေ။
ဗမာလိုရေးတာလောက်
သဘောတရားကို သိပ်ပြီး
ခြုံငုံမိမှာမဟုတ်တာကြောင့်လည်းပေါ့။
ပြီးတော့ တွေးမိတာက
အင်း…ကချင်လို ဘာသာပြန်တောင်ထွက်လာမှတော့..
မြန်မာလိုလည်းထွက်ကို
ထွက်မှာကွာလို့ ။
ထပ်စောင့်လိုက်အုံးမယ်လို
့။
မေ့မေ့ပျောက်ပျောက်ရှိလောက်မှ…ကျောင်းက
ဒိုလျန်းခိုင်
ဆိုတဲ့ ချင်းတိုင်းရင်းသားသူငယ်ချင်း
တစ်ယောက်ဆီမှာ မြန်မာ
ဘာသာပြန်စာအုပ်သွားတွေ
့တယ်။
သူလည်းသူ့ ကို သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးလို
့ရခဲ့တာတဲ့။
ကောင်းတာနဲ့ ဖတ်နေတာတဲ့။ ဖတ်သာဖတ်တာ ဒီကောင်က ခရစ်ယာန် တစ်ယောက်တော့ မဟုတ်ဘူး။ သူကိုးကွယ်တဲ့ ဘာသာက နည်းနည်းထူးဆန်းတယ်။ ချင်းပြည်ဖက်မှာပဲ လူအနည်းစု ကိုးကွယ်ကြတဲ့ဘာသာ။ သူတော်စင်လိုလို ဘိုးတော်လိုလို ပုဂ္ဂိုလ်တစ်ဦးကစခဲ့တယ်ပြောတာပဲ။
အဲ့ပုဂ္ဂိုလ်ကိုပဲ ကိုးကွယ်သလား။ ဒါမှ မဟုတ် မွတ်ဆလင်ဘာသာက မိုဟာမက်လို
တမန်တော်ပဲပေလားတော့ မသိဘူး။သူ့ လည်ပင်းမှာ အဲ့ပုဂ္ဂိုလ်ရဲ
့ပုံကို ဆွဲကြိုးလုပ်ပြီး
ဆွဲထားတာတော့တွေ့ တယ်။သူတို့ မှာ သူတို့ ကျမ်း စာအုပ်နဲ့ သူတို
့ရှိတယ်။
သူဖတ်ဖတ်နေတာတွေ့ တယ်။ ဘာ ဘာသာလို့ ခေါ်တယ်ဆိုတာတော့ မေ့သွားပြီ။
သူလည်းသူ့ ကို သူငယ်ချင်းတစ်ယောက်က
ကောင်းတာနဲ့ ဖတ်နေတာတဲ့။ ဖတ်သာဖတ်တာ ဒီကောင်က ခရစ်ယာန် တစ်ယောက်တော့ မဟုတ်ဘူး။ သူကိုးကွယ်တဲ့ ဘာသာက နည်းနည်းထူးဆန်းတယ်။ ချင်းပြည်ဖက်မှာပဲ လူအနည်းစု ကိုးကွယ်ကြတဲ့ဘာသာ။ သူတော်စင်လိုလို ဘိုးတော်လိုလို ပုဂ္ဂိုလ်တစ်ဦးကစခဲ့တယ်ပြောတာပဲ။
အဲ့ပုဂ္ဂိုလ်ကိုပဲ ကိုးကွယ်သလား။ ဒါမှ မဟုတ် မွတ်ဆလင်ဘာသာက မိုဟာမက်လို
တမန်တော်ပဲပေလားတော့
ဆွဲထားတာတော့တွေ့ တယ်။သူတို့ မှာ သူတို့ ကျမ်း
သူဖတ်ဖတ်နေတာတွေ့ တယ်။ ဘာ ဘာသာလို့ ခေါ်တယ်ဆိုတာတော့ မေ့သွားပြီ။
သူ့ ဘာသာအပေါ်တော့
အတော်ကိုင်းရှိုင်းပေတယ်။
ကျွန်တော်
အဲ့စာအုပ်ကိုတွေ့ တော့ တအားကို
ပျော်သွားတယ်။
ဒီစာအုပ်ကိုမျှော်ခဲ့တာ
လေးငါးနစ်လောက်ရှိခဲ့ပြီကိုး။
ကျွန်တော့ကို သူက
မင်းဖတ်ချင်ရင်ယူဖတ်ပါလားတဲ့။
တော်ပြီလို
့ငြင်းလိုက်တယ်။ ဒီစာအုပ်ကို
ငါမျှော်နေတာကြာလှပြီလို့ ။
ခု…မြန်မာ
ဘာသာပြန်ထွက်နေပြီဆိုတာ သိလိုက်ရတာနဲ
့ကို ငါလုံလောက်ပြီလို့ ။
မရရအောင်ရှာဝယ်တော့မယ်
လို့ ပြောပြီး
ကျွန်တော် မငှားဖတ်ဖြစ်ခဲ့ဘူး။
ကျွန်တော့ အကျင့်က
ကျွန်တော် ကြိုက်တဲ့စာအုပ်ဆို
ငှားမဖတ်ဘူး။
ကိုယ်ဟာကိုယ်
ရအောင်ဝယ်ပြီးမှ တရိုတသေ
ဖတ်တယ်။
ကျွန်တော့စာအုပ်ကို
ဖတ်ရင် စာရွက်ခေါက်ပစ်တာမျိုးကို
လုံးဝမကြိုက်ဘူး။
အဲ့လို
စာအုပ်ဖတ်ရင် ရောက်တဲ့နေရာကို
စာရွက်ခေါက်ခေါက်ပြီးမှတ်တတ်တဲ့ သူတွေကိုလည်းမုန်းတယ်။
ကျွန်တော်က
ကျွန်တော့စာအုပ်တွေကိုလည်း
တော်ရုံတန်ရုံ ဌားပေးခဲပါတယ်။
တော်တော်ကြီးကို
ငြင်းလို့ မကောင်းတဲ့လူမှ။
ကိုယ်လေးစားရတဲ့လူမှ။
အဲ့လောက်မှ
ဌားပေးဖြစ်တာ။ ဒါတောင် ဌားသွားတဲ့
သူကို အထပ်ထပ်မှာရတယ်။
စာရွက်လေးတော့မခေါက်ပါနဲ
့နော်လို့ ။
အဲ့ဒါနဲ
့ပဲ…ကျွန်တော်အဲ့စာအုပ်ကို
ကျောင်းပြီးသွားတဲ့ထိတော်တော်နဲ့ တော့ မ၀ယ်ဖြစ်ခဲ့သေးဘူး။
နောက်ဆုံး အိမ်ကို
သယ်ချလာတာက ကျွန်တော့
အမေဗျ။
အသင်းတော်
စာအုပ်ဆိုင်က ရောင်းတဲ့ကောင်မလေးက
အမေကို ထည့်ပေးလိုက်ပုံရတယ်။
ကျွန်တော်သွားဝယ်တိုင်း…ဆိုင်ပိတ်ရတာနဲ
့စာအုပ်ကကုန်နေတာနဲ
့ချည်းဖြစ်ဖြစ်နေလို့ 
အမေက
အပတ်တိုင်းဘုရားကျောင်းတက်တော့
စာအုပ်ရောက်ခဲ့ရင် အမေနဲ့ တွေ့ တဲ့အခါ အဲ့စာအုပ်လေးထည့်ပေးလိုက်ဖို
့မှာခဲ့ဖူးတယ်။
အဲ့စာအုပ်လေး
အမေယူလာတာတွေ့ တော့..ဟော…နောက်ဆုံးတော့
ငါ့ဆီရောက်ပြီပေါ့လို့ ။
ပျော်သွားမိတယ်။
ဒါပေမယ့် မဖတ်ဖြစ်သေးပြန်ဘူး။
အမေက သူ ယူလာပြီး။ သူပဲ ဖတ်နေတော့တာကိုး။
သူလည်း ဒီ
စာအုပ်ကို ဟိုကလေးမက အတင်းထိုးပေးလို
့သာ ဘုမသိဘမသိ ယူလာခဲ့ရာက
ဖတ်ကြည့်မိပြီး ကြိုက်သွားပုံရတယ်။
ဖတ်လိုက်တာ…တစ်လ
လောက်တောင်ကျော်မယ်ထင်ပ။
ဖတ်ကြည့်မိပြီး
အမေလည်း…တစ်နေ
့တစ်ခန်းပဲဖတ်တယ်ထင်တယ်။
အဲ့စာအုပ်က ရက်ပေါင်းလေးဆယ်ဖတ်ရမှာလေ။
တစ်ရက်ကို
တစ်ခန်းဖတ်ပြီး ဆင်ခြင်ဖို
့ပေါ့။ ဒါနဲ့ ကျွန်တော်လည်း အမေပြီးမှ ဖတ်တော့မယ်ဆိုပြီး
စောင့်လိုက်ရပြန်တယ်။
ခုတော့ နစ်သစ်ကူး
လေးလည်းဖြစ်နေ၊ ကျွန်တော်ဆိုတဲ့
လူကိုယ်တိုင်၌ကြီးကလည်း လမ်းစတွေ
ပျောက်တစ်ထက်ပျောက်နေ
ဆိုတော့ ဒီစာအုပ်လေးကို
ဖတ်ကိုဖတ်ပြီဗျာ။
အင်း….၂၀၀၄
ခုနစ်ကတည်းက ကျွန်တော်စသိခဲ့တဲ့
စာအုပ်လေးဟာ ၂၀၁၂ မှာမှ
ကျွန်တော်ဖတ်ရပါတော့တယ်။
အား..နေအုံး…မှန်းစမ်း…ကြည့်ရအောင်…မူရင်းစာအုပ်ထုတ်ဝေတာ
..၂၀၀၄ခုနစ်တောင်
မဟုတ်လောက်ဘူး။ ကြည့်လိုက်စမ်းအုံးမယ်။၂၀၀၂
တဲ့…။
အိုင်းယား!!
…..ဒါဆို ကျွန်တော် ဆယ်နစ်ကြာမှ
ဖတ်ရ တာပေါ့။
永远不会发脾气女人就如同一杯白开水-解渴,却无味。
စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး....
你迟到,她向你发脾
气,是因为她紧张你,她怕你出了什麼意外。
သင်နောက်ကျတဲ့အခါ...သူမ
စိတ်ကောက်တယ်...အကြောင်းက သင် လမ်းမှာ မတော်တဆဖြစ်မှာကို စိတ်ပူလို့ပါ....
你抽烟,她向你发脾气,是因为她担心你的身体健康。
သင် ဆေးလိပ်သောက်တဲ့အခါ...သင့်ကို စိတ်ဆိုးတယ်...အကြောင်းက သင့်ရဲ့ ကျန်းမာရေးထိခိုက်မှာ မလိုလားလို့ပါ...
你
喝酒,她向你发脾气,是因为她担心你酒醉後没有人照顾,感觉到孤单,更怕你在酒吧会出什麼事,留下她一个人,她希望跟你长长久久,白头
到老。
သင်အရက်သောက်တဲ့အခါ ...စိတ်ဆိုးတယ်...အကြောင်းက သင်အရက်မူးတဲ့အခါ သင့်ကို ဂရုစိုက်မဲ့သူ မရှိမှာ စိတ်ပူလို့ပါ...ပိုစိုးရိမ်တာက အရက်သောက်ရင် ဘေးဖြစ်မှာကိုပါ...သူမ မျှော်လင့်တာက သင်နဲ့အတူတူဆံဖြူသွားကျိုးတဲ့အထိ လက်တွဲသွားချင်တယ်လေ...
你身上被发现有别的女人香,她向你发脾气,是因为她在乎你,你是她的所有,她不想跟别人分享你。
သင့်ကိုယ်က
အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ... သူမ စိတ်ကောက်တယ်...အကြောင်းက
သင့်ကို ဂရုစိုက်လို့ပါ...မုန့်ကိုပဲ ဝေစားမယ်...သင့်ကို တော့
ဝေမစားနိုင်ဘူးဆိုတဲ့ သဘောပါ....
你忘记她的生日,她向你发脾气,是因为她对你有所期待,她并不会要求一个陌生人记住她的生日。
သူမရဲ့ မွေးနေ့ကို
သင်မေ့တဲ့အခါ...သူမ စိတ်ဆိုးမယ်...အကြောင်းက သင်ဟာ သူမရဲ့
မျှော်လင့်ချက်ပါ... သူစိမ်းတစ်ယောက်ကိုတော့ သူမမွေးနေ့ ကို အမှတ်ရဖို
့တောင်းဆိုနေမှာမဟုတ်ဘူးလေ..
身
边有个会向你发脾气的女人,其实是一件多麼幸福的事!
ဒါဟာ..တကယ့်ကို
ဝမ်းသာစရာပါပဲ....
珍惜你身边那个爱生
气的女人,因为会发脾气的女人最可爱了。
သင့်မှာ
စိတ်ဆိုးစိတ်ကောက်တတ်တဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားရင်
သူမကို
တန်ဖိုးထားပါ.အကြောင်းက စိတ်ဆိုးတတ်တဲ့မိန်းကလေးက
ချစ်စရာအကောင်းဆုံးမို့လို့ပါ....
ကျွန်တော့ မေးလ်ထဲ ၀င်လာတဲ့မေးလ် တစ်စောင်ထဲက ကြို့က်လို့ ပြန်တင်ပေးလိုက်တာပါ.
မူရင်းက တရုတ် ဘလော့ တွေထဲကပဲဗျ။ မူရင်းအက်ဆေးက ဒီ့ထက်ရှည်ပါတယ်...
တစ်ချို့ ကျွန်တော် မသိတာ ဘာသာမပြန်နိင်တာ မကြိုက်တာတွေတော့ ချန်ထားလိုက်တယ်ဟီး။
မူရင်းခေါင်းစဉ်က....
珍惜你身边那个爱生气的女人 အနားမှာရှိတဲ့ စိတ်ဆိုးတတ်တဲ့ကောင်မလေးကို တန်ဖိုးထားပါတဲ့
ကျွန်တော့ မေးလ်ထဲ ၀င်လာတဲ့မေးလ် တစ်စောင်ထဲက ကြို့က်လို့ ပြန်တင်ပေးလိုက်တာပါ.
မူရင်းက တရုတ် ဘလော့ တွေထဲကပဲဗျ။ မူရင်းအက်ဆေးက ဒီ့ထက်ရှည်ပါတယ်...
တစ်ချို့ ကျွန်တော် မသိတာ ဘာသာမပြန်နိင်တာ မကြိုက်တာတွေတော့ ချန်ထားလိုက်တယ်ဟီး။
မူရင်းခေါင်းစဉ်က....
珍惜你身边那个爱生气的女人 အနားမှာရှိတဲ့ စိတ်ဆိုးတတ်တဲ့ကောင်မလေးကို တန်ဖိုးထားပါတဲ့
Labels: ဘာသာပြန်
ဘဝ
နေ့ လည်….. အလုပ်ကိုယ်စီလုပ်နေကြတဲ့ အခါမှာ....
မင်းစိတ်ထဲမှာ….ငါရှိပါ...ငါ့စိတ်ထဲမှာလည်းမင်းရှိနေမယ်...
ညနေ…….အလုပ်ဆင်းလို
့အိမ်ပြန်ရင်...တို့ နစ်ယောက်ပြန်ဆုံကြမယ်...
လှပတဲ့
ညနေခင်းတွေမှာ..အတူလက်တွဲ ပြီး လျှောက်လည်ကြမယ်.....
မုန့် တွေ အတူတူ
ဝယ်စားကြမယ်…အအေးအတူတူသောက်မယ်…ည….မင်းကို ကို ဖက်ထားမယ်…တီတီတာတာ ပြောတဲ့ မင်းစကားတွေကို
နားထောင်မယ်…..မင်းအိပ်ပျော်သွားရင်…အနမ်းလေးဖွဖွပေးမယ်….
အိမ်မက်….တစ်ခုတည်းကို တူတူမက်ကြမယ်….
နောက်တစ်နေ့ ..မိုးသောက်ချိန်ထိအောင်ပေါ့……….
Labels: ကဗျာ, ချစ်သူဖတ်ဖို့ 
It's a
22
I Call her Peggy Sue
When she fits right down in my shoes
What do you expect me to do
If you're playing me for a fool
I will lose my cool
And reach for my fire arm
I Call her Peggy Sue
When she fits right down in my shoes
What do you expect me to do
If you're playing me for a fool
I will lose my cool
And reach for my fire arm
အဲ့အပိုဒ်ကို..ကျွန်တော်ရွှီးလိုက်တာဗျ...တကယ်က
သိပ်နားမလည်ဘူး။
အဲ့တုန်းက သူငယ်ချင်းတွေကို လိုက်မေးသေးတယ်..။
သူတို့ လည်း
မသိဘူးတဲ့....ကျွန်တော်အားကိုးရတဲ့...ကိုရှမ်းလေးနဲ့ ကိုအောင်သူရကျော်...
ကြီးတို့ ကလည်း
အွန်လိုင်းပေါ်မရှိကြ။
ဒါနဲ့  မထူးပါဘူးလို့ ....အဲ့တုန်းကဘာတင်လို
့တင်ရမှန်းလည်းမသိတာနဲ့ 
..ရမ်းတုပ်ပြီးတင်လိုက်တာ.
ဟိုနေ့ က
ကိုအောင်သူရကျော်ကြီးနဲ့  အွန်လိုင်းပေါ်တွေ့ တော့မှ
လုပ်ပါအုံးဗျာလို
့...အကူညီလှမ်းတောင်းရတယ်...
သူပြောမှရှင်းသွားတော့တယ်.... ကျွန်တော်
ဘာသာပြန်လိုက်တာ...
တော်တော်ကြီးကို လွဲသွားတာကလား...။ဟီး။။။။
ခု
အမှန်သိတော့လည်း...ပြင်ရတာပေါ့ဗျာ...ရှက်ပါဘူး.။
ဒီလိုတဲ့ဗျာ...
ပွိုင့် 22 နဲ
့ပေါ့..
ကျွန်မတို
့တော့..အဲ့ဒါကို
ပက်ဂျီဆူးလို့ ခေါ်ကြတာပဲ
ကဲ.ရှင်...အဲ့ဒါကြီးကို...ကျွန်မက
ဖိနပ်မှာဝှက်ယူလာခဲ့တယ်..
ဘာလုပ်မယ်...ထင်ကြလဲ.??????
အေး...မင်းငါ့ကို
စောက်ရူးလာလုပ်လို့ ကတော့...
ငါလည်း..သည်းခံနေမှာမဟုတ်တော့ဘူးပေါ့...
ရရာလက်နက်ဆွဲပြီး..ပြန်ချမှာပဲလေ......
အဲ့ဒါပါပဲဗျာ.....လက်စသတ်တော့...
22 ဆိုတာ အသက် 22
ရှိတာကိုပြောတာမဟုတ်ဘူးဗျ..
ကိုအောင်သူရကျော်က
ပြောပြမှ သတိထားမိတယ်...
အသက်တော့
မဖြစ်နိင်ဘူးကွတဲ့...22 ရဲ့ ရှေ့ မှာ a ပါနေတယ်တဲ့..
ဟုတ်ပေသားပဲ...သူတို
့က တကယ့် အင်္ဂလိပ်လိုက်စားသူတွေဆိုတော့
အဲ့ဒါတွေက
အစမြင်နိင်တာကိုး..။ ပြီးတော့ နောက်တစ်ချက်
ပက်ဂျီဆူး...ဆိုတာပဲ..ဘယ့်နဲ
့လို့ ...မဟုတ်သေးပါဘူးလို့ ...ကောင်မလေးက.
သတ်လိုက်တာ
ယောက်ျားလေးကိုပါလို့ ...ဘယ်က ပက်ဂျီဆူး ဆိုတာ
ပါလာရတာလည်းလို့ 
လည်နေတာ။ လက်စသတ်တော့...အဲ့ဒါကလည်း..
သေနတ်ကို..နာမည်ပြောင်
ခေါ်တာကိုး...ပက်ဂျီဆူးတဲ့...။
သိဘူးလေး
ကျုပ်လည်း..ရမ်းတုပ်ခဲ့တာကလား..။
ကိုအောင်သူရကျော်....ရေ..ကျေးဇူးပဲဗျာ....ဟီး...ခုထိလက်ဖက်ရည်တောင်
မတိုက်ရသေးဘူး..အဲ့တုန်းက
တိုက်မယ်ပြောထားတာဟုတ်သားပဲ...ဟီး...။
ခင်ဗျားကို ကျွန်တော်
ကြော်ငြာပေးလိုက်ပါတယ်ဗျ.။ ခင်ဗျားတော်တာ..။
ဟဲဟဲ။။။။
Labels: ဘာသာပြန်, သီချင်းစာသား
ခရစ်စမတ် အတွက် အလိုချင်ဆုံးအရာဟာ...မင်းပါပဲကွယ်...
0 comments Posted by boon at 12/21/2011 03:20:00 PMAll I Want For Christmas Is You
I don't want a lot for Christmas
There's just one thing I need
I don't care about the presents
Underneath the Christmas tree
I just want you for my own
More than you could ever know
Make my wish come true
All I want for Christmas is...
You
I don't want a lot for Christmas
There's just one thing I need
I don't care about the presents
Underneath the Christmas tree
I don't need to hang my stocking
There upon the fireplace
Santa Claus won't make me happy
With a toy on Christmas day
I just want you for my own
More than you could ever know
Make my wish come true
All I want for Christmas is you
You baby
I won't ask for much this Christmas
I don't even wish for snow
I'm just gonna keep on waiting
Underneath the mistletoe
I won't make a list and send it
To the North Pole for Saint Nick
I won't even stay awake to
Hear those magic reindeers click
'Cause I just want you here tonight
Holding on to me so tight
What more can I do
Baby all I want for Christmas is you
Ooh baby
All the lights are shining
So brightly everywhere
And the sound of children's
Laughter fills the air
And everyone is singing
I hear those sleigh bells ringing
Santa won't you bring me the one I really need
Won't you please bring my baby to me...
Oh I don't want a lot for Christmas
This is all I'm asking for
I just want to see my baby
Standing right outside my door
Oh I just want you for my own
More than you could ever know
Make my wish come true
Baby all I want for Christmas is...
You
All I want for Christmas is you... baby (repeat and fade)
ငါ ခရစ္စမတ် အတွက် ဘာမှ များများစားစား မလိုချင်ပါဘူး
လိုချင်တာ တစ်ခုပဲရှိတယ်...
လက်ဆောင်တွေလည်း ငါ ဂရုမစိုက်ဘူး
ခရစ္စမတ် သစ်ပင်အောက်မှာလေ...
မင်းကို...ငါ ပိုင်တဲ့ ပစ္စည်းလေး ဖြစ်စေချင်လိုက်တာ....
မင်းကို...ငါ ပိုင်တဲ့ ပစ္စည်းလေး ဖြစ်စေချင်လိုက်တာ....
ငါ့..ဆန္ဒတွေ တကယ်သာ...ဖြစ်လာပါစေတော့..
ခရစ္စမတ် အတွက်...ငါလိုချင်တာ..
မင်းပါပဲကွယ်......
ဆန်ဒါ ကလော့ ကလည်း ..
သူ့ အရုပ်တွေနဲ့  ငါ့ကို
ပျော်ရွှင်အောင် မလုပ်နိင်ပါဘူး....
ငါ မင်းကို ပဲ ပိုင်ဆိုင်ချင်တယ်....
ခရစ္စမတ် အတွက် ..ငါလိုချင်တာ
မင်းပါပဲကွယ်.....
ဒီ..ခရစ္စမတ် အတွက် ငါ အများကြီး..
မတောင်းဆို ပါဘူး။
နင်းပွင့်လေးတွေကျလာဖို့ တောင်မှ
မတောင်းဆိုပါဘူး....
ထင်းရူးပင်အောက်မှာပဲ...
မင်းကို ဆက်စောင့်မျှော်နေမယ်...
ငါလိုချင်တာတွေအတွက်...
ဆန်ဒါကလော့ ဆီကိုလည်း...
စာမရေးချင်ပါဘူး။
သမင်ရထားလှည်းသံကို ကြားရဖို့ ..အတွက်
တစ်ညလုံး ..မအိပ်ပဲလည်း...
စောင့်မနေချင်တော့ပါဘူး။
ဘာလို့ လည်းဆိုတော့....
ဒီညလေးမှာ...မင်းကို ငါနဲ့ အတူရှိနေစေချင်တယ်
ငါ့ကို..တင်းတင်းလေး ဖက်ထားပြီးတော့လေ...
ငါ ...ဘာများထပ်လုပ်နိင်အုံးမှာလဲဟင်....
ကလေးရယ်...ခ၇စ္စမတ် အတွက်..
ငါအလိုချင်ဆုံး...အရာဟာ မင်းပါပဲကွယ်....
နေရာတိုင်းမှာ..မီးတွေ ထိန်ထိန်လင်းလို့ ...
လေထုထဲမှာလည်း ...ကလေးရယ်သံတွေ..
ပြည့်နက်လို့ ....လူတိုင်း
သီချင်းတွေ...ဆိုနေကြတယ်....
ခွေးစွပ်ဖားလှည်းက ခေါင်းလောင်းသံတွေလည်း...
ကြားနေရတယ်....
ဆန်ဒါကလော့ရယ်.....ငါ အမှန်တကယ်...
လိုအပ်နေတာလေးကို ယူမလာပေးဘူးလားဟင်....
ငါချစ်ရတဲ့...ကလေးလေး ကို ..
ကျေးဇူးပြုပြီး...မယူလာပေးနိင်ဘူးလား.ဟင်
အို....ခရစ္စမတ် အတွက်...
ငါ အများကြီး မလိုချင်ပါဘူး....
ဒါလေးပဲ ငါ တောင်းဆိုချင်တယ်.....
ငါ့..အချစ်ကလေး ကို ...ငါတွေ့ ချင်တယ်
အိမ်ရှေ့ တံခါးမှာ...ငါရပ်စောင့်နေတယ်...
မင်းသာ....ငါပိုင် ပစ္စည်းလေး ဖြစ်လိုက်ပါတော့.....
ငါ့...ဆန္ဒတွေ ပြည့်ဝပါစေသား....
ခရစ္စမတ် အတွက်..ငါ အလိုချင်ဆုံးဟာ....
မင်းပါပဲကွယ်........ခရစ်စမတ် ရောက်ဖို့ ...၃ ရက်ပဲလိုတော့တယ်....
ဒီ သီချင်းစာသားလေးတွေကို ရင်ဘတ်နဲ့ နစ်ပြီးဘာသာပြန်ထားပါတယ်။
သီချင်းက မာရိုင်ယာ ငယ်ငယ်က ဆိုထားတာပါ..ကြာပြီ..
ခုမှ အကြောင်း တိုက်ဆိုင်လို့ .... ရင်ဘတ်နဲ့ တစ်ထပ်တည်းကျလျက်...
တင်လိုက်ပါတယ်....
နားဆင်ဖို့ ...
.
Labels: ချစ်သူဖတ်ဖို့ , ဘာသာပြန်, သီချင်းစာသား
Subscribe to:
Posts (Atom)
Latest Posts
-
ရွှေထီးတွေလည်းမဆောင်းခဲ့ပါဘူး။ သူများတွေလိုလောက်သာ…နေခဲ့တာပါ။ ဘယ့်နှယ့်…ခုတော့…သူတို့ လိုတောင်မနေရတော့အောင် ဆွဲချနေပါပေါ့လား လေ...
-
It's a 22 I Call her Peggy Sue When she fits right down in my shoes What do you expect me to do If you're playing...
-
ဘာတွေလည်းကွာ လည်ထွက်နေတာပဲ
-
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ =================================================...
-
Mana hkra tsaw na ( ရူးအောင်ချစ်မယ် ) Nye a prat hta nang hta lai na g-dai n-nga....... ဒီဘ၀မှာ မင်း ကလွဲ ပြီး ဘယ်သူမှ မရှိ...
-
facebook ဖက်မှာပဲ..လှည့်ဖြစ်နေတာနဲ့ ... ဘလော့လေးမှာ စာတွေ မရေးနိုင်တာ အတော်ကြာခဲ့ပြီ ။ တကယ်တော့...စာရေးတယ်ဆိုတာကလည်း.. လွယ်လှတာတော့ မဟုတ်။ ...
-
永远不会发脾气女人就如同一杯白开水-解渴,却无味。 စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး...
-
不能說的秘密 作詞:方文山 作曲:周杰倫 冷咖啡離開了杯墊 ပန်းကန်ပြားပေါ်က အေးစက်တဲ့ကော်ဖီတွေတောင် လွင့်ပြယ်ကုန်ပါပြ...
-
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၄) မှာ တပည့်တော်တွေက.. သခင်ယေရှု ကိုမေးကြတယ်။ ဒီကမ္ဘာကြီးရဲ့ အဆုံးသတ် နိမိတ်လက္ခဏာတွေက ဘယ်လိုလည်း...
-
ဘ၀ မနက် … …. မိုးလင်းရင် ... ကိုယ့်ကို အနမ်းတစ်ချက်နဲ့ နိုးခဲ့ပါ ..... နေ့ လည် ….. အလုပ်က...
