Blogger Template by Blogcrowds.
永远不会发脾气女人就如同一杯白开水-解渴,却无味。
စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး....
你迟到,她向你发脾 气,是因为她紧张你,她怕你出了什麼意外。   
သင်နောက်ကျတဲ့အခါ...သူမ စိတ်ကောက်တယ်...အကြောင်းက သင် လမ်းမှာ မတော်တဆဖြစ်မှာကို စိတ်ပူလို့ပါ....
你抽烟,她向你发脾气,是因为她担心你的身体健康。
သင် ဆေးလိပ်သောက်တဲ့အခါ...သင့်ကို စိတ်ဆိုးတယ်...အကြောင်းက သင့်ရဲ့ ကျန်းမာရေးထိခိုက်မှာ မလိုလားလို့ပါ...
你 喝酒,她向你发脾气,是因为她担心你酒醉後没有人照顾,感觉到孤单,更怕你在酒吧会出什麼事,留下她一个人,她希望跟你长长久久,白头 到老。
သင်အရက်သောက်တဲ့အခါ ...စိတ်ဆိုးတယ်...အကြောင်းက သင်အရက်မူးတဲ့အခါ သင့်ကို ဂရုစိုက်မဲ့သူ မရှိမှာ စိတ်ပူလို့ပါ...ပိုစိုးရိမ်တာက အရက်သောက်ရင် ဘေးဖြစ်မှာကိုပါ...သူမ  မျှော်လင့်တာက သင်နဲ့အတူတူဆံဖြူသွားကျိုးတဲ့အထိ လက်တွဲသွားချင်တယ်လေ...    
你身上被发现有别的女人香,她向你发脾气,是因为她在乎你,你是她的所有,她不想跟别人分享你。
သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ... သူမ စိတ်ကောက်တယ်...အကြောင်းက သင့်ကို ဂရုစိုက်လို့ပါ...မုန့်ကိုပဲ ဝေစားမယ်...သင့်ကို တော့ ဝေမစားနိုင်ဘူးဆိုတဲ့ သဘောပါ....
你忘记她的生日,她向你发脾气,是因为她对你有所期待,她并不会要求一个陌生人记住她的生日。
သူမရဲ့ မွေးနေ့ကို သင်မေ့တဲ့အခါ...သူမ စိတ်ဆိုးမယ်...အကြောင်းက သင်ဟာ သူမရဲ့ မျှော်လင့်ချက်ပါ... သူစိမ်းတစ်ယောက်ကိုတော့ သူမမွေးနေ့ ကို အမှတ်ရဖို့ တောင်းဆိုနေမှာမဟုတ်ဘူးလေ..
身 边有个会向你发脾气的女人,其实是一件多麼幸福的事!
တကယ်လို့ သင့်ဘေးမှာ စိတ်ဆိုးတတ်တဲ့ ကောင်မလေး ရှိတယ်ဆိုရင်...
ဒါဟာ..တကယ့်ကို ၀မ်းသာစရာပါပဲ....    
珍惜你身边那个爱生 气的女人,因为会发脾气的女人最可爱了。
သင့်မှာ စိတ်ဆိုးစိတ်ကောက်တတ်တဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားရင်
သူမကို တန်ဖိုးထားပါ.အကြောင်းက စိတ်ဆိုးတတ်တဲ့မိန်းကလေးက ချစ်စရာအကောင်းဆုံးမို့လို့ပါ....  
ကျွန်တော့ မေးလ်ထဲ ၀င်လာတဲ့မေးလ် တစ်စောင်ထဲက ကြို့က်လို့ ပြန်တင်ပေးလိုက်တာပါ.
မူရင်းက တရုတ် ဘလော့ တွေထဲကပဲဗျ။ မူရင်းအက်ဆေးက ဒီ့ထက်ရှည်ပါတယ်...
တစ်ချို့ ကျွန်တော် မသိတာ ဘာသာမပြန်နိင်တာ မကြိုက်တာတွေတော့ ချန်ထားလိုက်တယ်ဟီး။
 မူရင်းခေါင်းစဉ်က....
珍惜你身边那个爱生气的女人  အနားမှာရှိတဲ့ စိတ်ဆိုးတတ်တဲ့ကောင်မလေးကို တန်ဖိုးထားပါတဲ့
ဘဝ
မနက်….မိုးလင်းရင်...ကိုယ့်ကို အနမ်းတစ်ချက်နဲ့ နိုးခဲ့ပါ.....
နေ့ လည်….. အလုပ်ကိုယ်စီလုပ်နေကြတဲ့ အခါမှာ.... 
မင်းစိတ်ထဲမှာ….ငါရှိပါ...ငါ့စိတ်ထဲမှာလည်းမင်းရှိနေမယ်... 
ညနေ…….အလုပ်ဆင်းလို့ အိမ်ပြန်ရင်...တို့ နစ်ယောက်ပြန်ဆုံကြမယ်...
လှပတဲ့ ညနေခင်းတွေမှာ..အတူလက်တွဲ ပြီး လျှောက်လည်ကြမယ်..... 
မုန့် တွေ အတူတူ ၀ယ်စားကြမယ်…အအေးအတူတူသောက်မယ်… 
….မင်းကို ကို ဖက်ထားမယ်…တီတီတာတာ ပြောတဲ့ မင်းစကားတွေကို
 နားထောင်မယ်…..မင်းအိပ်ပျော်သွားရင်…အနမ်းလေးဖွဖွပေးမယ်…. 
အိမ်မက်….တစ်ခုတည်းကို တူတူမက်ကြမယ်…. 
နောက်တစ်နေ့ ..မိုးသောက်ချိန်ထိအောင်ပေါ့……….
It's a 22
I Call her Peggy Sue
When she fits right down in my shoes
What do you expect me to do
If you're playing me for a fool
I will lose my cool
And reach for my fire arm
အဲ့အပိုဒ်ကို..ကျွန်တော်ရွှီးလိုက်တာဗျ...တကယ်က သိပ်နားမလည်ဘူး။
အဲ့တုန်းက သူငယ်ချင်းတွေကို လိုက်မေးသေးတယ်..။ 
သူတို့ လည်း မသိဘူးတဲ့....ကျွန်တော်အားကိုးရတဲ့...ကိုရှမ်းလေးနဲ့ ကိုအောင်သူရကျော်...
ကြီးတို့ ကလည်း အွန်လိုင်းပေါ်မရှိကြ။
ဒါနဲ့  မထူးပါဘူးလို့ ....အဲ့တုန်းကဘာတင်လို့ တင်ရမှန်းလည်းမသိတာနဲ့ 
..ရမ်းတုပ်ပြီးတင်လိုက်တာ.
ဟိုနေ့ က ကိုအောင်သူရကျော်ကြီးနဲ့  အွန်လိုင်းပေါ်တွေ့ တော့မှ 
လုပ်ပါအုံးဗျာလို့ ...အကူညီလှမ်းတောင်းရတယ်...
သူပြောမှရှင်းသွားတော့တယ်.... ကျွန်တော် ဘာသာပြန်လိုက်တာ...
တော်တော်ကြီးကို လွဲသွားတာကလား...။ဟီး။။။။
ခု အမှန်သိတော့လည်း...ပြင်ရတာပေါ့ဗျာ...ရှက်ပါဘူး.။
 ဒီလိုတဲ့ဗျာ...
ပွိုင့် 22  နဲ့ ပေါ့..
ကျွန်မတို့ တော့..အဲ့ဒါကို ပက်ဂျီဆူးလို့ ခေါ်ကြတာပဲ
ကဲ.ရှင်...အဲ့ဒါကြီးကို...ကျွန်မက ဖိနပ်မှာဝှက်ယူလာခဲ့တယ်..
ဘာလုပ်မယ်...ထင်ကြလဲ.??????
အေး...မင်းငါ့ကို စောက်ရူးလာလုပ်လို့ ကတော့...
ငါလည်း..သည်းခံနေမှာမဟုတ်တော့ဘူးပေါ့...
ရရာလက်နက်ဆွဲပြီး..ပြန်ချမှာပဲလေ......
အဲ့ဒါပါပဲဗျာ.....လက်စသတ်တော့...
22 ဆိုတာ အသက် 22 ရှိတာကိုပြောတာမဟုတ်ဘူးဗျ..
ကိုအောင်သူရကျော်က ပြောပြမှ သတိထားမိတယ်...
အသက်တော့ မဖြစ်နိင်ဘူးကွတဲ့...22 ရဲ့ ရှေ့ မှာ a ပါနေတယ်တဲ့..
ဟုတ်ပေသားပဲ...သူတို့ က တကယ့် အင်္ဂလိပ်လိုက်စားသူတွေဆိုတော့
အဲ့ဒါတွေက အစမြင်နိင်တာကိုး..။ ပြီးတော့ နောက်တစ်ချက်
ပက်ဂျီဆူး...ဆိုတာပဲ..ဘယ့်နဲ့ လို့ ...မဟုတ်သေးပါဘူးလို့ ...ကောင်မလေးက.
သတ်လိုက်တာ  ယောက်ျားလေးကိုပါလို့ ...ဘယ်က ပက်ဂျီဆူး ဆိုတာ 
ပါလာရတာလည်းလို့  လည်နေတာ။ လက်စသတ်တော့...အဲ့ဒါကလည်း..
သေနတ်ကို..နာမည်ပြောင် ခေါ်တာကိုး...ပက်ဂျီဆူးတဲ့...။
သိဘူးလေး ကျုပ်လည်း..ရမ်းတုပ်ခဲ့တာကလား..။
ကိုအောင်သူရကျော်....ရေ..ကျေးဇူးပဲဗျာ....ဟီး...ခုထိလက်ဖက်ရည်တောင် 
မတိုက်ရသေးဘူး..အဲ့တုန်းက တိုက်မယ်ပြောထားတာဟုတ်သားပဲ...ဟီး...။
ခင်ဗျားကို ကျွန်တော် ကြော်ငြာပေးလိုက်ပါတယ်ဗျ.။ ခင်ဗျားတော်တာ..။ 
ဟဲဟဲ။။။။
All I Want For Christmas Is You
I don't want a lot for Christmas
There's just one thing I need
I don't care about the presents
Underneath the Christmas tree
I just want you for my own
More than you could ever know
Make my wish come true
All I want for Christmas is...
You
I don't want a lot for Christmas
There's just one thing I need
I don't care about the presents
Underneath the Christmas tree
I don't need to hang my stocking
There upon the fireplace
Santa Claus won't make me happy
With a toy on Christmas day
I just want you for my own
More than you could ever know
Make my wish come true
All I want for Christmas is you
You baby
I won't ask for much this Christmas
I don't even wish for snow
I'm just gonna keep on waiting
Underneath the mistletoe
I won't make a list and send it
To the North Pole for Saint Nick
I won't even stay awake to
Hear those magic reindeers click
'Cause I just want you here tonight
Holding on to me so tight
What more can I do
Baby all I want for Christmas is you
Ooh baby
All the lights are shining
So brightly everywhere
And the sound of children's
Laughter fills the air
And everyone is singing
I hear those sleigh bells ringing
Santa won't you bring me the one I really need
Won't you please bring my baby to me...
Oh I don't want a lot for Christmas
This is all I'm asking for
I just want to see my baby
Standing right outside my door
Oh I just want you for my own
More than you could ever know
Make my wish come true
Baby all I want for Christmas is...
You
All I want for Christmas is you... baby (repeat and fade)
ငါ ခရစ္စမတ် အတွက် ဘာမှ များများစားစား မလိုချင်ပါဘူး
လိုချင်တာ တစ်ခုပဲရှိတယ်...
လက်ဆောင်တွေလည်း ငါ ဂရုမစိုက်ဘူး
ခရစ္စမတ် သစ်ပင်အောက်မှာလေ...
မင်းကို...ငါ ပိုင်တဲ့ ပစ္စည်းလေး ဖြစ်စေချင်လိုက်တာ....
ငါ့..ဆန္ဒတွေ တကယ်သာ...ဖြစ်လာပါစေတော့..
ခရစ္စမတ် အတွက်...ငါလိုချင်တာ..
မင်းပါပဲကွယ်......
ဆန်ဒါ ကလော့ ကလည်း ..
သူ့ အရုပ်တွေနဲ့  ငါ့ကို 
ပျော်ရွှင်အောင် မလုပ်နိင်ပါဘူး....
ငါ မင်းကို ပဲ ပိုင်ဆိုင်ချင်တယ်....
ခရစ္စမတ် အတွက် ..ငါလိုချင်တာ
မင်းပါပဲကွယ်.....
ဒီ..ခရစ္စမတ် အတွက် ငါ အများကြီး..
မတောင်းဆို ပါဘူး။
နင်းပွင့်လေးတွေကျလာဖို့ တောင်မှ
မတောင်းဆိုပါဘူး....
ထင်းရူးပင်အောက်မှာပဲ...
မင်းကို ဆက်စောင့်မျှော်နေမယ်...
ငါလိုချင်တာတွေအတွက်...
ဆန်ဒါကလော့ ဆီကိုလည်း...
စာမရေးချင်ပါဘူး။
သမင်ရထားလှည်းသံကို ကြားရဖို့ ..အတွက်
တစ်ညလုံး ..မအိပ်ပဲလည်း...
စောင့်မနေချင်တော့ပါဘူး။
ဘာလို့ လည်းဆိုတော့....
ဒီညလေးမှာ...မင်းကို ငါနဲ့ အတူရှိနေစေချင်တယ်
ငါ့ကို..တင်းတင်းလေး ဖက်ထားပြီးတော့လေ...
ငါ ...ဘာများထပ်လုပ်နိင်အုံးမှာလဲဟင်....
ကလေးရယ်...ခ၇စ္စမတ် အတွက်..
ငါအလိုချင်ဆုံး...အရာဟာ မင်းပါပဲကွယ်....
နေရာတိုင်းမှာ..မီးတွေ ထိန်ထိန်လင်းလို့ ...
လေထုထဲမှာလည်း ...ကလေးရယ်သံတွေ..
ပြည့်နက်လို့ ....လူတိုင်း
သီချင်းတွေ...ဆိုနေကြတယ်....
ခွေးစွပ်ဖားလှည်းက ခေါင်းလောင်းသံတွေလည်း...
ကြားနေရတယ်....
ဆန်ဒါကလော့ရယ်.....ငါ အမှန်တကယ်...
လိုအပ်နေတာလေးကို ယူမလာပေးဘူးလားဟင်....
ငါချစ်ရတဲ့...ကလေးလေး ကို ..
ကျေးဇူးပြုပြီး...မယူလာပေးနိင်ဘူးလား.ဟင်
အို....ခရစ္စမတ် အတွက်...
ငါ အများကြီး မလိုချင်ပါဘူး....
ဒါလေးပဲ ငါ တောင်းဆိုချင်တယ်.....
ငါ့..အချစ်ကလေး ကို ...ငါတွေ့ ချင်တယ်
အိမ်ရှေ့ တံခါးမှာ...ငါရပ်စောင့်နေတယ်...
မင်းသာ....ငါပိုင် ပစ္စည်းလေး ဖြစ်လိုက်ပါတော့.....
ငါ့...ဆန္ဒတွေ ပြည့်ဝပါစေသား....
ခရစ္စမတ် အတွက်..ငါ အလိုချင်ဆုံးဟာ....
မင်းပါပဲကွယ်........
ခရစ်စမတ် ရောက်ဖို့ ...၃ ရက်ပဲလိုတော့တယ်....
ဒီ သီချင်းစာသားလေးတွေကို ရင်ဘတ်နဲ့ နစ်ပြီးဘာသာပြန်ထားပါတယ်။ 
သီချင်းက မာရိုင်ယာ ငယ်ငယ်က ဆိုထားတာပါ..ကြာပြီ..
ခုမှ အကြောင်း တိုက်ဆိုင်လို့ .... ရင်ဘတ်နဲ့ တစ်ထပ်တည်းကျလျက်...
တင်လိုက်ပါတယ်....
နားဆင်ဖို့ ...
12. Mariah Carey - All I Want For Christmas Is You.mp3
.
လောင်ကျွမ်းခြင်း...
မင်းကို ချစ်တဲ့ အချစ်စိတ်တွေနဲ့ …
ငါ အပြင်းထန်ဆုံးလောင်ကျွမ်းလိုက်ချင်တယ်…..
အဆုံးသတ်မှာ ….ဘာမှ မကျန်ရစ်ဘူးဆိုရင်တောင်…..
ငါ မင်း အချစ်မှာ…..အတောက်ပဆုံး လောင်ကျွမ်း နိင်ခဲ့တာကိုပဲ….
ငါကျေနပ်နေမှာပါ…….
-Missing you could turn from pain to pleasure, if I knew you were missing me too.  
                                                                                          ~Author Unknown
-သတိရခြင်းဆိုတာဟာ ဝေဒနာ အဖြစ်ကနေ ပျော်စရာ အဖြစ်ကို ပြောင်းလဲသွားနိင်တယ်။ 
  မင်းလည်း...ငါ့ကို သတိရနေတယ် ဆိုတာ သိလိုက်ရတဲ့ အခါပေါ့..........
                                                                                           - အမည်မသိ
-Every parting is a form of death, as every reunion is a type of heaven.  
                                                                                           ~Tryon Edwards
- ခွဲခွါရခြင်းအားလုံးဟာ....ငရဲ ပါပဲ.... အဲ့လိုပဲ....ပြန်လည်ဆုံဆည်းရခြင်းဟာလည်း
  ကောင်းကင်ဘုံ ပါပဲ။
                                                                                         -ထရိုင်ယွန် အက်ဒွပ်
- If I had a single flower for every time I think about you, 
   I could walk forever in my garden.                                   ~Claudia Ghandi
-  မင်းအကြောင်း စဉ်းစားတိုင်းသာ ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင်လေ....
    ငါ..တော့ ပန်းခင်းထဲမှာ လမ်းလျှောက်နေရတော့မယ်...              -ကလော်ဒီယာ ဂန္ဒီ
- I did three things today; miss you, miss you, and miss you.
  ငါ...ဒီနေ့  အလုပ် သုံးခု လုပ်တယ်...
  ၁. မင်းကို သတိရ
  ၂. မင်းကို သတိရ
  ၃. မင်းကို သတိရ                                                               -အမည်မသိ
- I heard someone whisper your name, but when I turned around 
  to see who it was, I was alone. Then I realized that it was my heart 
  telling me that I miss you.
-ငါ....မင်းနာမည်ကို..တိုးတိုးလေးရွတ်သံကြားလိုက်တယ်...ဒါပေမယ့်..
   ဘယ်သူများ ပါလိမ့်လို နောက်လှည့်ကြည့်တော့....ငါ တစ်ယောက်တည်းပါပဲ
   အော်...အဲ့တော့မှ ...ငါသိလိုက်တယ်....ငါ့ နှလုံးသားက ပြောနေတာကိုး....
   မင်းကို...သတိရတယ်......လို့ .....
- When I miss you, sometimes I listen to music or look at pictures of you,
   not to remind me of you but to make me feel as if I’m with you. 
   It makes me forget the distance and capture you.
  ငါမင်းကို သတိရတဲ့ အခါ....
  တစ်ခါတလေ..သီချင်းနားထောင်တယ်...မင်း ဓါတ်ပုံလေးတွေ ပြန်ကြည့်တယ်...
  မင်းကို ပြန်အမှတ်ရစေတာ မဟုတ်ပါဘူး....
  မင်းနဲ့ အတူရှိနေတယ်လို့ ...ငါ့ကို ခံစားမိစေတာပါ..
  အဲ့ဒါက .တို့ နစ်ယောက်ရဲ့ ကွာဝေးမူ့ မိုင် တွေကို မေ့သွားစေတယ်......
  ပြီးတော့...မင်းကို ဖမ်းဆုပ်..မိတယ်..
- Each time I miss you, a star falls down from the sky. 
   So, if you looked up at the sky and found it dark with no stars, 
   it is all your fault. You made me miss you too much!
  မင်းကို သတိရတဲ့ အခါတိုင်း...ကြယ်တစ်လုံးကြွေတယ်....
   ဒါကြောင့်...မင်း ကောင်းကင်ပေါ်ကို ကြည့်တဲ့ အခါ...
   ကြယ်တစ်လုံးမှ မရှိပဲ..မှောင်မိုက်နေခဲ့ရင်လေ....
   ဒါတွေ ဟာ...မင်း အပြစ်တွေပေါ့....
   မင်းပဲ...ကိုယ့်ကို ...အရမ်းလွမ်းအောင်....
   လုပ်ခဲ့တာကိုး...ကလေးရယ်....။ 
- When I miss you, I don’t have to go far … 
  I just have to look inside my heart because that’s where I’ll find you.
  မင်းကို သတိရရင်...ငါ ရှည်ရှည်ဝေးဝေးသွားနေစရာ မလိုပါဘူး...
  ငါ့ နှလုံးသားလေးထဲကို ကြည့် လိုက်ရုံ ပဲ...
  ဘာလို့ တုန်းဆိုတော့....အဲ့နေရာမှာ မင်း..ရှိတယ်လေ။
- I dropped a tear in the ocean. 
  The day you find it is the day I will stop missing you.
  ပင်လယ်ထဲကို ငါ မျက်ရည်တစ်စက် ချလိုက်တယ်..။
  ငါ့လွမ်းဆွတ်ခြင်းတွေ ရပ်တန့် မယ်.
- I’m a fish out of water without you.
  မင်းမရှိရင်...ငါဟာ...ရေထဲကဆွဲထုတ်လိုက်တဲ့ ငါးလိုပါပဲ..။ 
ိ ချစ်သူကို ...သတိရ နေသူများ အတွက်... သတိရလွမ်းဆွတ်ခြင်း. စာသားအပိုင်းအစလေးများကို  ရှာဖွေပြီး တင်ပေးလိုက်ပါတယ်.။။
တစ်ယောက်သော သူတော့ ကျေနပ်နေမယ်..ထင်ပါတယ်.....
The Day                      
'Twas late December the news came
And I got excited, I cried all day
And you were such a lovely, precious sight
When I saw our baby in your eyes
[Chorus:]
It was like falling deep in love
I heard the angels cry above
I felt a blessing straight from God
The day that you gave me a son
I called 'bout everyone I knew
Just think, I'll be a father 'cause of you
There's no greater love than what you gave
A brand new baby on the way
[Chorus:]
Oh such tears of joy, I've never known
I can't remember
It's like a song, I've never heard
I've never sung, but know the words
[Chorus:]
ဒီဇင်ဘာလကုန်ပိုင်းမှာပေါ့.....သတင်းကို ကြားလိုက်ရတယ်..
ငါ...စိတ်တွေ သိပ်ကို လှုပ်ရှားခဲ့ရတယ်..တစ်နေကုန် အော်ဟစ်မျြးတူးလို့ ပေါ့...
မင်း သိပ်ချစ်စရာကောင်းကွယ်...အဖိုးတန်မြင်ကွင်းလေးတစ်ခုပါပဲ..
တို့  ရင်သွေးလေးကို ...မင်း မျက်ဝန်းထဲမှာ မြင်လိုက်ရတဲ့ အခါမှာလေ....
ငါ့ တစ်ကိုယ်လုံး အချစ်တွေ နဲ့ လွှမ်းခြုံလိုက်သလို ပါပဲ...
ကောင်းကင်က နတ်ဒေ၀ါတွေ....တေးဆိုသံကြားရမိရဲ့ 
ဘုရားသခင် ဆီက ကောင်းချီမင်္ဂလာတွေကို ခံစားမိတယ်..
မင်း....ငါ့ကို သားလေး မွေးပေးတဲ့....အဲ့ နေ့ မှာ ပေါ့......
ကြည့်စမ်း.....ငါလေ..မင်းကြောင့် အဖေ တစ်ယောက်ဖြစ်ရတော့မယ်..
မင်းပေးတဲ့ အချစ် ထက် သာလွန်သော အရာ ငါ့မှာ မရှိတော့ပါဘူးကွယ်....
ဒီမှာ...ငါ့ရဲ့ အသစ်ဂျပ်ချွတ် ကလေးလေး...လေ....
အိုး...အပျော်မျက်ရည်တွေကျခဲ့ပြီ..
ဘယ်တုန်းကမှ မသိတဲ့.. မမှတ်မိနိင်တော့တဲ့...
ဘယ်တုန်းကမှ မဆိုဖူးတဲ့...ဘယ်တုန်းကမှ မကြားဖူးတဲ့...သီချင်းတစ်ပုဒ်လိုပေါ့...
စာသားကိုတော့...သိနေလေရဲ့ ...
ကျွန်တော် ဒီ သီချင်းလေးကို နားထောင်ရတုန်းက မျက်ရည်ကျခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီသီချင်းဟာ ကျွန်တော့အတွက် မှတ်မှတ်ရရ ဖြစ်ရတဲ့ သီချင်းလေးပါ။ထွက်တာက အတော်ကြီးကို ကြာခဲ့ပါပြီ...1996 တုန်းက ထွက်ခဲ့တာပါ။ ဆိုတာက နာမည်ကြီး တေးရေးဆရာ  Babyface ပါ။ သူက အဆိုတော် အနေနဲ့  မြန်မာနိင်ငံမှာ နာမည်မကြီးပါဘူး။ သိပ်သိတဲ့ သူမရှိဘူးပေါ့ ။ သူတို့ဆီမှာတော့ တော်တော်ကြီးကို ဆရာ ကြီးပါ။ 
ဖခင် တစ်ယောက်..သူ့ သားဦးလေးဖွားမြင်လာတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ပီတိ ပျော်ရွှင်မူ့ .. ( သူနဲ့ သိတဲ့ သူမှန်သမျှကို လိုက်ပြောတယ်တဲ့...တနေ့ လုံး ခုန်လို့ ပေါက်လို့ပေါ့တဲ့..) ပြီးတော့ သူ့ ဇနီးမိန်းမ ကို ကျေး ဇူးတွေ တင်လို့ ပေါ့.. မိန်းမရေ မင်း ကြောင့် ငါတော့ အဖေတစ်ယောက်ဖြစ်တော့မယ်တဲ့....သူကျေးဇူး တွေ တင်နေခဲ့တယ်။ 
ကျွန်တော်လေ...ဒီ သီချင်းကို နားထောင်ရတော့..အဖေ့ကို မျက်လုံးမှာ မြင်ယောင်တယ်...အော်...ငါ့ အဖေလည်း ဒီလိုပဲနေမှာ လို့ ...အဖေ တော်တော် ပျော်နေခဲ့ရှာမှာလို့ ....။ ကျွန်တော်က အကြီးဆုံးသား တစ်ယောက်လေ။ အော်...အဖေရယ်...။ ကျွန်တော်မျက်ရည်ကျမိခဲ့ပါတယ်...အဖေ..။ ခုတော့ ဒီသား ဟာ အသက်ကြီးလာတော့ အဖေ့ စကားတွေ နားမထောင်တော့ဘူးလေ။ ဘယ်လို မှ ပြောလို့ မနိင် တော့တဲ့သားဖြစ်နေပြီလေ။ အော်....ငါ့  အဖေ ဟာ...ငါ့ကိုမွေးခဲ့တုန်းက တော်တော်ပျော်ခဲ့ရှာတာ...... အဖေရယ်.....
( ဒီ သီချင်းလေးကို ...ကျွန်တော် အစောကြီးကတည်းက တင်ဖို့ သင့်တာပါ။ ကျွန်တော့ရဲ့  K.B တီးတဲ့ ကို အောင်နိင်ဦးရဲ့ သားလေး မွေးတဲ့နေ့ မှာပေါ့။မေ့မေ့နေတာနဲ့  မတင်ဖြစ်တာ စိတ်မဆိုးနဲ့ ကိုအောင်နိင်ဦး ရေ...ခု ဒီပို့ စ်ကို ကိုအောင်နိင်ဦး အတွက် အမှတ်တရ တင်လိုက်ပါတယ်....။ )
နားဆင်ပါ...
Babyface - The Day That You Gave Me a Son.mp3
Mana hkra tsaw na ( ရူးအောင်ချစ်မယ် )
Nye a prat hta nang hta lai na g-dai n-nga.......
ဒီဘ၀မှာ မင်း ကလွဲ ပြီး ဘယ်သူမှ မရှိပါဘူး.......
malap n-mai hkra nang hpe ngai tsaw nga......
မေ့လို့ မရအောင် မင်းကို ငါချစ်တယ်......
ma-nang ngu ai tara hpe ngai tawt lai ...
သူငယ်ချင်းဆိုတဲ့ စည်းကို ကျော်ပြီးတော့.....
tsawra myit yawn mat sai....
အချစ်တွေ ယို ဖိတ်ခဲ့ပြီ.......
nye a sari pyi n-koi hkra  ngai tsaw ra ....
ငါ့ အိနြေ္ဒတွေ တောင် ငါ မဆည် ပဲ ငါချစ်မိပြီ.....
ma-nang ni yu gaji a-sawng na mung tsang nga....
သူငယ်ချင်းတွေဝိုင်းပြီ...ကဲ့ရဲ့ဟားတိုက် မှာ လည်း စိုးမိတယ်....
hpa myi byin tim ngai tsaw nga na ...
ဘာပဲဖြစ်ဖြစ်ပါ..ငါချစ်နေမယ်.....
mana hkra tsaw ra na....
ရူးအောင်...ချစ်မယ်......
na a sumsai myiman tut e pu tsawm nam pan
မင်းရဲ့ အပြုံးမျက်နာ...ထာဝရ ပွင့်လန်းပန်းပမာ......
la-ngai zawn sha ngai yin la na..
အဲ့လို ပဲ ...ငါ ခံယူထားမှာ.....
nye a salum htuk htak  hkra pyaw lawm mat wa...
ငါ့ရင်တွေ တဒိုင်းဒိုင်း..ခုန်အောင်..ပျော်နေမိတယ်.....
na a n-tsa ....mana hkra tsaw  na...
မင်းကိုလေ....ငါ ရူးအောင်ချစ်တယ်.....
ကဲ....ဒီ တစ်ခါတော့..ထူးထူးခြားခြားလေးဖြစ်အောင်..ကချင် သီချင်းလေး တစ်ပုဒ် တင်ပေးလိုက်ပြီဗျာ။ သီချင်းလေးက တိုတိုလေးပါပဲ။  surfing  လျှောက်လုပ်ရင်းတွေ့ တာပါဗျာ။ အဆိုတော်က တော့ kareng ah roi aung တဲ့ တေးရေးတော့ မသိပါဘူးဗျာ။ သံစဉ်လေးက အေးအေးလေးပါပဲ။ စာသားကတော့ ပေါ်ပင်ရိုးရိုး ဆိုလွယ်တေး ပါပဲ။ ဒါပေမယ့် ... ကချင်မဟုတ်တဲ့ သူတွေ အတွက် တင်ပေးတာဆိုတော့ ဒါမျိုးပဲ သင့်လျော် တယ်လေ။ ခက်ခက်ခဲခဲ ကြီးတွေ နဲ့ ဘယ်ကိုက်ပါ့မလဲ။ ကဲ... ကချင် သီချင်းလေး ကျက်ပြီး သူ့ ချစ်သူ ကချင်ကောင်လေးကို ဆိုပြချင်တဲ့ ကောင်မလေးတွေ ရှိရင် ရှိမှာပေါ့ဗျာ..နော့.။ ကဲ...ဒီတစ်ခါတော့... ကချင်သီချင်းဖြစ်နေတဲ့ အတွက် ကိုယ်တိုင်ပဲ သီချင်းကို upload တင်ထားပေးထား လိုက်ပါတယ်။ ဒေါင်းယူ ..ပြီး နားဆင်ကြပါတော့။
 နားဆင်ရန်...
ဒီမှာဒေါင်းပါ..
ခွင့်မပန်ဘဲ ပစ်မသွားနဲ့ အချစ်ရယ်
ကိုယ်
ညလုံးပေါက် စောင့်ကြည့်ခဲ့တယ်။
ခုတော့
ကိုယ့်မျက်လုံးတွေ
အိပ်ချင်စိတ်နဲ့ လေးလှပြီကွယ့်
ကိုယ်အိပ်နေတုန်း
မင်းကို ဆုံးရှုံးသွားမှာ စိုးလှတယ်။
ခွင့်မပန်ဘဲ
ပစ်မသွားပါနဲ့ အချစ်ရယ်
ကိုယ် ထထိုင်ပြီး
မင်းကို လက်နဲ့စမ်းတယ်။
“ အိမ်မက်များလား” လို့
ကိုယ့်ကိုယ်ကို မေးမိပြန်တယ်
မင်း ခြေအစုံကို
ရင်ခွင်မှာ
တင်းတင်း ပွေ့ထားနိင်ချင်စမ်းလှတယ်
ကိုယ့်ကို
ခွင့်မပန်ပဲ
ပစ်မသွားပါနဲ့ အချစ်ရယ်....။ ။
ဒါက ရာဘင်ဒြာနသ် တဂိုးရဲ့ ကဗျာပါ......ကိုဆိုးသွမ်း ရဲ့ ဘလော့ကနေတွေ့ လို့ ကူးချခဲ့ပါတယ်။
ကျွန်တော်သိပ်ကြိုက်တဲ့ ကဗျာ ဆရာ တဂိုးရဲ့ စာသားတွေ
ဘယ်လောက်နူးညံ့ တယ်ဆိုတာ ကြည့်ပါဗျာ။
အိပ်နေတုန်းမှာ ချစ်သူ ပျောက်သွားမှာ စိုးလို့ တဲ့ အိပ်ငိုက်နေတာတောင် မအိပ်ရဲဘူး....ငုတ်တုတ်ကြီး..ထိုင်စောင့်ကြည့်နေတဲ့....
သူတစ်ယောက် အကြောင်းလေ......
ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတယ် ဆိုတာ ဒါမျိုးထင်ပါရဲ့ ......
ကျေးဇူးပဲ...ကိုဆိုးသွမ်း..ရေ.....
ဖတ်စေချင်တဲ့ သူ တစ်ယောက်ရှိလို့ ပါ........
မာန တချို.နဲ.အတူ 
ချစ်သူရဲ့ အသဲကို ငါခွဲလိုက်တယ်။ 
သူ့အသဲ အက်သွားသံကို ငါကြားလိုက်တယ်။ 
ချစ်သူကိုကျောခိုင်းပြီး လှည့်ထွက်လာမှ 
ခုနက အသဲအက်သံဟာ 
ငါ့ရင်ဘတ်ထဲကလာမှန်း ငါသိလိုက်တယ်။
ကျွန်တော့သူငယ်ချင်းကြီး...အလွန်အားကိုးရသော ပရိုဂရမ်ာကြီး
SAT ရဲ့  ကဗျာလေးကို ဂုဏ်ပြုလိုက်ပါတယ်။ 
ဒီလို နားလည်လို့ ရတာမျိုးလေးတော့ တင်ပေးပါမယ်။ 
ကဗျာ တင်ပေးဖို့ တောင်းတဲ့သူတွေ လည်း ရှိလို့ 
တင်ပေးလိုက်ရတော့တယ်။
                  အရင်က ဒိုတာဂိမ်းပဲ တနေကုန် ထိုင်ဆော့ခဲ့တဲ့ဂိမ်းသမား တစ်ယောက် အတွက် ခုလို ဘလော့တစ်ခုကို ထရေးတော့တော်တော်တော့စိတ်ကို နိင်အောင် ထိန်းရတယ်ဗျ။ ဘာလို့လည်းဆိုတော့..ကိုယ် အင်တာနက်ကိုအသုံးပြု တာကလည်း ဒီဂိမ်းဆိုင်ထဲက နေပဲလေ။ကိုယ့်မှာမှဘလော့အတွက်မနည်းစိတ်နစ် ထားရတဲ့ကြားမှာ ဆော့နေတဲ့လူတွေက “ ဒိုတာ..တစ်ယောက်လို….ဟေ့ …”လို့ ထအော် ပြီ  ဆိုရင်.မနည်း အောင့်အီး ပြီးနေရ တာကလား ။ခင် တဲ့ကောင်တွေ က ဟေ့ကောင် ..ပါလိုက်တော့လေ….တစ်ယောက်ပဲလိုတာဟ ဆိုရင် အား …တော်တော် အူယားနေ ပြီ။ ဒါပေမယ့်..ခုနောက် ပိုင်းတော့စိတ် တင်းပြီး မ နည်းငြင်းနေ ရ တယ်။ အိမှ်ာကြ တော့လည်းကွန်က်ရှင်က ဆိုင်ကလောက် မကောင်းတော့ အဆင်မပြေတာနဲ့ ။ဒီ ဂိမ်းဆိုင်မှာပဲ သုံးရတယ်။ ဂိမ်းဆိုင် ကကြတော့ ကွန်နက်ရှင်စပိကတကယ့်တကယ် အင်တာနက် ဆိုင်တွေ ထက်တောင်ကောင်းတယ် ဗျ။
                         ခုနောက်ပိုင်း မြန်မာနိင်ငံလေးကလည်း ပြုပြင်ပြောင်း လဲရေးတွေ နည်းနည်းဖြစ်လာတယ်။ နာမည်ကြီး ဂိမ်းဆိုင်အတော်များများကလည်း wow ဆိုတဲ့ အွန်လိုင်းဂိမ်းတွေ ဆော့ဖို့ ဖိုက်ဘာတွေ တပ်လာ ကြတော့တော်တော် ကောင်းသွားတယ်ဗျ။ ခုနောက်ပိုင်း စပိက အွန်လိုင်း ပေါ် ကနေ ဒိုတာတောင် ခုတ်လို့ ရသွားတယ်။ အရင်က ဘယ်လိုမှ ကြည့်ဖို့ စိတ်တောင် မကူးနိင်တဲ့youtube တွေ ကြည့်လာနိင်တယ်။ ဟုတ်ယ်ဗျ။ ကျွန်တော်ဒီ ဘလော့ရေးဖြစ်လာတယ်ဆိုတာကလည်း အဲ့လို စပိကောင်းလာတာတို့ .ခုနောက် ပိုင်း ဘလော့စပေါ့ကို တရားဝင်ဖွင့်ပေးလိုက်တာတို့ကြောင့်လည်း ပါတယ်။ အစက ဒီ ဘလော့စပေါ့ကိုက မဖွင့်ပေးထားတော့ ၀င်ရတာအဆင်မပြေတာ တို့  ဘာ တို့ ကြောင့် ရေးဖို့ ရာ သိပ် အာရုံက မလာချင်တော့ဘူး။ ခုတော့ ဘလော့ ရေး တင်ထားတဲ့ သူငယ်ချင်းတွေကို တွေ့ တာကလည်း တကြောင်း။အား လည်း အားနေ တာက တကြောင်းကြောင့် ရေးဖြစ်လာတာပါ။ ဘာပဲပြောပြော စိတ်တော့ တော်တော်လေးငြိမ်သွားတာပေါ့။ခုဆို ဂိမ်းလည်း တဖြည်းဖြည်းပြတ် လာပြီ။ ( မဟုတ်လည်း…အရိုက်ချည်းခံနေရလို့ …ဟားဟား။ )ကျွန်တော်က ဂိမ်းဆော့တယ်ဆိုပေမယ့် ပရိုမှ မဟုတ်ာ။ အပျော်ဝင်ဆော့ဆော့ရင်းနဲ့ စွဲ နေတာ။ ကံကောင်းတဲ့နေ့ တော့ရိုက်ရတယ်ပေါ့ဗျာ။
                     အင်းဗျာ…စာရေးဖို့ ဆိုတာကလည်း တော်တော်အာရုံ နစ်ရတာကိုး။ သူများတွေလို ကဗျာတွေ ဘာတွေကလည်း မရေးတတ်တော့ ဘာတင်လို့ တင်ရမှန်းကို မသိတော့ဘူး။ ဓါတ်ပုံတွေ တင်ရ အောင်ကလည်း ကိုယ်ကလည်း ဘယ်မှ သွားတဲ့လာတဲ့ကောင်က မဟုတ်။ ခရီးလေးဘာလေး သွားရတဲ့ ကောင်ဆိုရင်တော့လည်း အကောင်းသားကိုး။ ခရီးသွား ရှု့ ခင်း ဓါတ် ပုံလေး မှတ်တမ်းလေး ဘာလေး တင်လို့ ရ တယ်။ ခု ကျွန်တော်က အိပ်ယာထတာနဲ့ ဂိမ်းဆိုင်..ဆိုတော့။ အင်း..ဂိမ်းဆိုင် ဆိုတာကလည်း အွန်လိုင်းပေါ့ နော်။ နိုးတာနဲ့ အွန်လိုင်းပဲဖြစ်နေတော့။ ဘာ အဖြစ်အပျက် ဘာ အတွေ့ အကြုံမှ ဖြစ်မလာတဲ့ လူ ဆီက ဘာ စိတ်ဝင်စားစရာကောင်းတဲ့ ဒိုင်ယာရီမှ လည်း ဖြစ်လာတော့မှာ မဟုတ်ပါဘူး။
                  သီချင်းလေးတွေတော့ တင်ဖြစ်မှာပါ။ခုလောလောဆယ်ဆယ်တော့ ကျွန်တော်ရေးတဲ့သီချင်း စာသား ပို့ စ်တွေထဲမှာ သီချင်းလင့်ခ် လေးတွေတောင် ထည့်မပေး ဖြစ်ဘူး။ ဒါကလည်း အဆိုတော် နာမည်ရယ် သီချင်းနာမည်ရယ် သိရင် mp3 ပဲလိုချင်လား။ mtv ပဲကြည့်ချင်လား ရှာလို့ ရနေ ပြီပဲဟာ။ လွယ်လွယ်လေးမို့  လို့ မထည့်ပေးတာပါ။ ဒါးးကို ကျွန်တော့ ထဲကလူတွေထဲမှာ စာသားပဲ ပါလို့ တဲ့ နားထောင်ဖို့ သီချင်းကြတော့ ဘယ်မှာတုန်းတဲ့။ဘယ်လိုနားထောင် ရမှာ လဲလို့ မေးတဲ့  အရမ်းအရမ်း ပိန်းတဲ့ သူလေးရှိပါတယ်။ ဘယ်သူ လည်းတော့ …မပြောတော့ပါဘူး…..။
smiley faces                       Video ဖိုင်….အင်း….ဒီကောင့်ကိုတော့ menu ကနေ ဖြုတ်ပစ်တာ ကောင်းမယ်ထင်ပါတယ်ဗျာ။ တင်လည်း တင်ဖြစ်မယ် မထင်ပါ ဘူး။ ဖိုင်ဆိုက်လည်း ကြီးတော့ upload တင်တာလည်း အဆင်ပြေမယ်မထင်ပါဘူး။ ဓါတ်ပုံတွေ တောင် မနည်းတင်ရမှာ။ နောက်နောင် မြန်မာ နိင်ငံ ကွန်က်ရှင် စပိကြီး လန်ထွက်လာရင်တော့ မသိဘူးပေါ့လေ။
                         အက်ဆေးရေးမယ်ဗျာ..စာတိုစုလေးတွေပေါ့။အဲ့လိုဟာပဲ ကျွန်တော်က ရမှာပဲ။ ကဗျာ ကကျွန်တော်လည်း မရေးတတ်ဘူး။ သိပ်လည်းနားမ လည်လို့ ပါ ဒီနောက်ပိုင်းကဗျာတွေကို။ အရင်က ရာဘင်ဒြာနသ်တဂိုး ရဲ့ ကဗျာမျိုးတွေကြတော့ အရမ်းကြိုက်တယ်။ မူရင်းကတော့ ဘယ်လိုရေးထား တယ်မသိပေဘူး ကိုယ်က ဘာသာပြန်ပဲ ဖတ်ရတာကိုး။ စကားလုံးနူး နူးညံညံလေးတွေနဲ့  စကားပြေဆန်ဆန်ပဲ ရေးထားတာပဲ။ အဲ့လိုဟာ မျိုးလေးတွေ ပဲကြိုက်တယ်.။ ခု  ရေးကြတဲ့  ကဗျာတွေက မော်ဒန်ခေါ်မလား..အရမ်း စဉ်းစား ယူရ အဓိပါယ်ဖော်ယူရ နဲ့ နားမလည်ဘူး။ ကျွန်တော်ကြိုက်တာက ဒိုင်းကနဲ ထိသွားရ မယ်ဗျာ ဒါပဲ။ အဲ့လိုမှ မဟုတ် အာ…အဲ့ဒါကိုဘယ်လို အဓိပါယ်ကောက် ရမှာ အဲ့ဒါက ဘယ်လို ယူဆရမှာဆိုရင် စိတ်မရှည်တော့ဘူး။ ဒါကြောင့်ပါ..ကဗျာ က မကြိုက် ဘူးရယ်လို့တော့မဟုတ်ပါဘူး။  
             အတွေးအမြင်တွေ ….ရေးမှာ ရေးမှာ..အဲ့ကောင် တော့ရေးကို ရေးမှာ။ ဒါပေမယ့် အဲ့ကောင် ကပြီးပြီးရောရေးလို့ ရတဲ့ကောင်မဟုတ်တော့ နည်းနည်းတော့ ချင့်ချိန်နေရ တယ် ။ဒါကြောင့် ခုလောလောဆယ်ဆယ်တော့ မရေးနိင်သေး ဘူးထင်တယ်။
                   ဒီရက်ပိုင်းတော့ကိုယ့် ဘလော့ကို အဆင်တန်ဆာလေးတွေ ဆင်နေတာနဲ့ကို ပို့ စ်ဖက်မလှည့်နိင်ဘူး။ ခုဆို ကျွန်တော့ ဘလော့မှာ နာရီလေး လည်း ရှိပြီဗျာ။ C Box လေးလည်း ရှိပြီဗျာ။ ကိုယ့် ဘလော့ကို လာ ကြည့်တဲ့သူတွေ ဘယ်လောက်ရှိတယ် ဆိုတာ သိနိင်တဲ့ ကောင်တာ လေးလည်းရှိပြီဗျာ။ အမယ် မခန့် တာ ကျွန်တော့ဘလော့ လိုဂို လေးလည်း ထည့်ထားပြီဗျာ။ ပမာမ ခန့်ကောင်လေး ပေါ့။ ခနဲ့ နေတဲ့ ပုံလေးလေ ။ ပြီးတော့ ရှေ့ စာမျက်နာ နောက်စာ မျက်နာ သွားတဲ့ ဟာလေးလည်းပါပြီဗျာ။ အင်း…လိုတော့လိုသေး တယ် ။ ဖြည့်အုံးမှာ သိပ်မတတ်သေးလို့ …..ဒါပါပဲ။။။
                လျှောက်ရေးတာ….မအိပ်ချင်သေးလို့ ..။ အိပ်တော့မယ်..။တာ့တာ။
smiley faces
ဒီပို့ စ်ကို  တင်ဖို့  တော်တော် အချိန်ပေးရတယ်ဗျာ။ ဘာလို့ လည်းဆိုတော့...ဒီ ပို့ စ်ကို ရေးဖို့ 
အကြံရတော့ အိုင်ကွန်တွေလိုက်ရှာကြည့်တယ်....တွေ့ တော့တွေ့ တယ်ဗျ။ အများကြီးပဲ...
ဒါပေမယ့်...ကိုယ့်စိတ်ကြိုက်ဟာလေးတွေ လိုက်ရွေး၇တာကြတော့ တော်တော် အချိန်ကုန်တယ်ဗျ။ပြီးတော့...စာသား..လေးတွေလည်း ထည့်ပေးချင်တာနဲ့ ပါ..
  အချစ်တွေ အချစ်တွေ ခေါင်းထဲမှာ အချစ်တွေ   
                                                  ဟား....အလန်းကြီးဟ.......
                                      ဟီး...အဲ့ဒါ ကိုယ့် ညီမ ပါ.ဟ....သဲကလည်း...
                                                       မကျေနပ်ဘူးကွာ
                                               မလာသေးဘူးလားကွာ......အဟင့်...
                                                  မင်းနော် ဆက်မပြောနဲ့ တော့
                                            ရန်ဖြစ်ချင်တာလား ရယ်ဒီပဲနော်
                       အမရယ်....ကျွန်တော့...လုပ်ကျွေးပါလားဗျာ..အတည်ယူမှာပါ...ဟီးးးးး
                                                       ရှက်သွားပြီကွာ....
                                                   အလှဲ့ ...မခန့် တာ....
                                                              Busy ပါ......
                                        ဘီယာတိုက်မယ့်သူ လာပြီကွ...ဟေးးးးးးးးး
                                                       ပင်ပန်းတယ်ကွာ....
                                                          မွန်နေပြီဗျာ
                                                       နေပေါ့ မပြောရင်
                                              ကျွန်တော် လူကောင်းပါဗျာ..ဟီး။။
                                 ဟားဟား....ပျင်းတောင် ပျင်းသေးတယ်။။။
                                                                ဗြဲ....
                                               တွေ့ မယ်....ငါလည်း လုပ်ပြမယ်
                                                            ဟိုင်း ...ဟိုင်း....
                                          အင်း...ဘယ်တုန်းက ပြောဖူးပါလိမ့် 
                                           ကိုယ်ပျော်နေပြီ...ကလေးရေ....
                                                      ဟွန်း...အကျင့်ပုပ်....
                                                   ဖောစမ်း.. ဖောစမ်း...  
              အို...ဒီလူဟာလေ...ဘာတွေ လာလာပြောနေမှန်းမသိဘူး..စိတ်တိုချင်လိုက်တာနော်.....
                                        အွင်...နာ.လည်း..ဘာမှ အကြော..ရ ပါလား....
        အင်း....ခုတော့ ကျွန်တော့ ဘလော့လေး သူများလို တူတူတန်တန်တော့ ဖြစ်ပါပြီလေ။ 
ခုမှ သူငယ်ချင်း တွေကို ပြရဲတော့ တယ်။ အား....ဘလော့ တစ်ခု ကို လုပ်တတ်သွားပြီ 
ဆိုပြန်တော့လည်းလေ ရေးဖို့ အကြောင်းအရာဟာ တော်တော်ခက်တာပါကလားနော်။ 
ဒါနဲ့ ကျွန်နော်လည်း လူလည် လုပ်ပြီး။ ကိုယ့် ဒိုင်ယာရီ ပဲ ကိုယ်ထိုင်ရေးနေတာပေါ့။ ဟားဟား။ 
ဖတ်ချင် မဖတ်ချင်နေကြဗျာ။ 
          ခုနက သူငယ်ချင်းက ပြောတယ်။ နည်းပညာတွေတို့ ဆော့ဝဲလ်တွေတို့ တင်ပေါ့တဲ့။
ဒါပေမယ့် မလုပ်ချင် ဘူးဗျ။ အဲ့ဒါကြတော့။ ဟုတ်ယ်လေ..ကိုယ့်ထက်တော်တဲ့ သူတွေ အများ ကြီး
ရှိကြတာပဲဟာ။ကျွန်တော် တောင် သူတို့ ထဲ သွားသွားဖတ်တာ။ မ share တာလား ဆိုတော့လည်း
မဟုတ်ဘူး။ ကိုယ်မှ မသိတာ။ အဲ့တော့ သူငယ်ချင်းက သူတို့ ဟာတွေ ကူးထည့်ပေါ့ကွတဲ့။ ဖြီး...လို ့ ။ 
ဘာလို ့လုပ္ရမွာလဲ အဲ့လိုမ်ိဳး။ ကိုယ် ပိုင်ရေးပဲ လုပ်မယ်။ ငါဟာ ပေါက်တတ်ကရပဲ ရေးရေး ။ 
မဟုတ်တရုတ်ပဲ ရေးရေး။ ကိုယ်ပိုင်ရေးပဲ တန်ဖိုးရှိ ပါတယ်လို့ ။ နောက်ဆုံး ဘာမှ မရေးတတ်တော့ရင်
ကိုယ့် အကြောင်းကိုယ်ထိုင်ရေးနေမယ်ကွာ။အဲ့ဒါဆို မင်းဟာ ဘယ်သူလာ ဖတ်မှာလည်းတဲ့။ 
ငါ့ ကြိုက်တဲ့ကောင်မလေးတွေ ဖတ်မှာပေါ့ကွာလို့ ။။ ဟဲဟဲ...
        စတာပါဗျာ။ အကျိုးရှိတာလေးတွေ အတတ်နိင်ဆုံးတင်နေပါတယ်ဗျ။ 
တစ်ခုခုတော့ ရစေရမယ်ဗျာ။ ရသလေး တစ်ခုခု ဗဟုသုတ လေး တစ်ခုခု။ ။
ဆဲ ချင်စရာ တွေ့ လည်း အဲ့ဒါ ရသ ပေးတာပဲလေ။ မဆိုးပါဘူး နော့...။
"Man Down"
I didn't mean to end his life
I know it wasn't right
I can't even sleep at night
Can't get it off my mind
I need to get out of sight
Before I end up behind bars
What started out as a simple altercation
Turned into a real sticky situation
Me just thinking on the time that I'm facing
Makes me wanna cry
Cause I didn't mean to hurt him
Could've been somebody's son
And I took his heart when
I pulled out that gun
Rum pum pum rum pum pum pum rum pum pum pum
Man Down
Rum bum bum bum rum bum bum bum rum bum bum bum
Man Down
Oh mama mama mama
I just shot a man down
In central station
In front of a big ol' crowd
Oh Why Oh Why
Oh mama mama mama
I just shot a man down
In central station
It's a 22
I Call her Peggy Sue
When she fits right down in my shoes
What do you expect me to do
If you're playing me for a fool
I will lose my cool
And reach for my fire arm
I didn't mean to lay him down
But it's too late to turn back now
Don't know what I was thinking
Now he's no longer living
So I'm bout to leave town
Cause I didn't mean to hurt him
Could've been somebody's son
And I took his heart when
I pulled out that gun
Rum bum bum bum rum bum bum bum rum bum bum bum
Man Down
Rum bum bum bum rum bum bum bum rum bum bum bum
Man Down
Oh mama mama mama
I just shot a man down
In central station
In front of a big ol' crowd
Oh Why Oh Why
Oh mama mama mama
I just shot a man down
In central station
Look I never thought I'd do it
Never thought I'd do it
Never thought I'd do it
Oh gosh
What ever happened to me
Ever happened to me
Ever happened to me
Why did I pull the trigger
Pull the trigger pull the trigger BOOM
And end a nigga end a niggas life so soon
When mi pull the trigger pull the trigger pull it pon you
Somebody tell me what I'm gonna what I'm gonna do
Rum bum bum bum rum bum bum bum rum bum bum bum
Mi say wah man down (A weh mi say)
Rum bum bum bum rum bum bum bumm rum bum bum bum
When mi went downtown
Cause now I am a criminal criminal criminal
Oh lord a mercy now I am a criminal
Man Down
Tell the judge please gimme minimal
Run out a town none a dem cah see mi now
Oh mama mama mama
I just shot a man down
In central station
In front of a big ol' crowd
Oh Why Oh Why
Oh mama mama mama
I just shot a man down
In central station
ဒီ သီချင်းလေးက  Rihanna ရဲ့ Loud ဆိုတဲ့ album ထဲက သီချင်းလေးပါ။ ထူးဆန်းတယ်ပြောတာက စာသားပါ။ ရေးထားတဲ့ အကြောင်းအရာကတော့ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး။ ကြားကြားချင်း တုန်းက ရှော့ခ်တောင် ဖြစ်ပါတယ်။ ဟ...မိုက်လှချေလားလို့ ။ ဒါမျိုးတစ်ခါမှ မကြားဖူးသေးဘူးလို့ ။ သူ့  MTV ကိုလည်း စာသားထဲကလိုပဲ ရိုက်ထားပါတယ်။ အကြောင်းရာလေးက ဘာလည်းဆိုတော့ မိန်းကလေး တစ်ယောက်က သူ့ ကို စော်ကားသွားတဲ့ သူကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့အကြောင်း လေးပါ။ အကြမ်းဖျင်းလောက်တော့ ဘာသာပြန်ပေးလိုက်ပါမယ်။ 
သူ့ ကို အဆုံးစီ၇င်လိုက်ဖို့ ကျွန်မ မ၇ည်၇ွယ်ခဲ့ပါဘူး။                                          
ဒီလုပ်ရပ်ဟာ မမှန်ဘူးဆိုတာလည်း ကျွန်မသိပါတယ်။                                                     
ညတွေဆို အိပ်လို့တောင်မပျော်ပါဘူးရှင်။                                                                   
အဲ့ဒါကို ကျွန်မ စိတ်ထဲကနေ ထုတ်ပစ်လို့ မရဘူး။                                                 
ကျွန်မတော့ လစ်မှ ဖြစ်တော့မယ် မဟုတ်၇င်                                                                
ထောင်တန်းတွေရဲ့ နောက်ကို ရောက်သွားလိမ့်မယ်။
ဇာတ်လမ်းအစကတော့ တစ်ယောက်နဲ့ တစ်ယောက်
အော်ကြဟစ်ကြငြင်းခုံကြရင်းပေါ့              
အဲဒီကနေမှ နောက်ဆုံး တစ်ယောက်နဲ့ တစ်ယောက်
ငြိသွားကြတာပါပဲ                                 
ဒါတွေ ပြန်တွေးရင် ကျွန်မ ငိုချင်လိုက်တာ
တကယ်တော့ ကျွန်မ သူ့ ကို နာကြင်စေဖို့ မရည်ရွယ်ပါဘူးရှင်။                                          
ကျွန်မ သေနတ်နဲ့ ပစ်ဖို့ ချိန်တော့ သူ့ နှလုံး တည့်တည့်ကိုပေါ့
ဒရမ်းပန်ပန်.ဘမ်..... ဘမ်.....
လူတစ်ယောက်တော့ကြွ ရှာပေါ့....                            
ဒရမ်ဘမ်ဘမ်..... ပန်ပန်...
လူတစ်ယောက်တော့ကြွ ရှာပေါ့ရှင်....
အိုး...မေမေရေ...မေမေ..ကျွန်မတော့ ဘူတာရုံမှာ...                                             
လူတစ်ယောက် ပစ်သတ်ခဲ့ပြီရှင်....လူအုပ်ကြီးထဲမှာပေါ့..                                           
ဘာလို့ များပါလိမ့် ဘာလို့ များလုပ်လိုက်မိပါလိမ့်နော်.....
အသက်က  ၂၂ ပက်ဂျီဆူး  လို့ ခေါ်တယ်.                                              
ပခုံးချင်းလာတိုင်းရင်တော့ မင်း ငါ ဘာပြန်လုပ်မယ်ထင်လဲ                                               
အေး....မင်းငါ့ကို အရူးလုပ်မယ်ဆိုရင်တော့ ငါလည်း
သည်းခံနေတော့မှာ မဟုတ်ဘူး          
ရရာလက်နက် ကိုင်ပြီးပြန်ဆော်မှာပေါ့
ကျွန်မ မရည်ရွယ်ရပါဘူးရှင် သူ့ ကို ဒီလို သိပ်လှဲ ပစ်လိုက်ဖို့
ဒါပေမယ့် ခုမှ နောက်ပြန်လှည့်ဖို့  အရမ်းကို နောက်ကျခဲ့ပြီလေ                                     
ကိုယ့်ကိုယ်ကို ဘာတွေ တွေးနေလည်းဆိုတာတောင် မသိတော့ပါဘူးရှင်                         
ခုတော့ သူမရှိရှာတော့ဘူးလေ။                                                                                
အဲ့တော့ ...ကျွန်မလည်း ပြေးရရုံရှိတော့မှာပေါ့
ကြည့်စမ်း..ဒီလို လုပ်မိလိမ့်မယ်လို့ 
ဘယ်တုန်းကမှတောင် မစဉ်းစားခဲ့မိဘူး။                        
ဘယ်တုန်းကမှ..... ဘယ်တုန်းကမှ ....အို ဘုရားရေ....
ဖြစ်လာတဲ့ ကိစ္စ တစ်ခုကို ဘာလို့ များငါက
သေနတ်ဆွဲ ပြီးဖြေရှင်းချင်၇ပါလိမ့်
သေနတ်ကို ဆွဲတယ်....မောင်းကိုဖြုတ်တယ်.....ဒိုင်း......
နီဂရိုး ငနဲကို  အဆုံးသတ် ပစ်လိုက်တယ်။
ပြောကြပါအုံးရှင်....ကျွန်မ ဘာလုပ်ရတော့ပါ့မလဲ....
ိ်
ခု ကျွန်မ အမူ့ ပတ်ပြီလေ...၇ာဇ၀တ်မူု့ ကျူးလွန်မိခဲ့ပြီ.။။။
အိုး....ဘုရားရေ...ကျွန်မကို သနားတော်မူပါရှင်....
ကျွန်မ ရာဇ၀တ်သားပါ...
လူကတော့ ကြွသွားပြီရှင်.....
တရားသူကြီး ကို ပြောပေးပါရှင်...လျှော့ပေါ့ပေးဖို့ .....
ဒီမြို့ ကနေ ဝေးရာ...ဘယ် ခွေးသခိုး မှ မမြင်အောင် ပြေးပြီရှင်.....
                   အကြမ်းလောက်ပါပဲ။ ဘာသာပြန်ပေးလိုက်ပါတယ်။ မှားတာရှိလည်း နောက်မှ ပြန်ပြင် ပေးတော့မယ်ဗျာ။ နားထောင်စေချင်လွန်းလို့  ညွန်းလိုက်ရပါတယ်။ နားထောင်ကြည့်ပါ. ဆိုရတာလည်း တော်တော်ခက်ပါတယ်။  ရီဟန်းနား ရဲ့ အဆိုပညာကိုလည်းတွေ့ နိင်ပါတယ်။ လူမည်း ရိုးရာ ဂီတ ဆန်ဆန်သီချင်းလေး တစ်ပုဒ်ပါ။ ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။
ကျွန်တော်အကြိုက်ဆုံးနေရာလေးကတော့....မေမေရေ...သမီးတော့ ဘူတာရုံမှာ လူတစ်ယောက်ပစ်သတ်ခဲ့ပြီ ရှင် ဆို တဲ့ နေရာလေးပဲဗျာ။။။ ဟီး....မိုက်လိုက်တဲ့ သမီး...အားမကျဘူးလားဟင်....ငါ့တော့ လာမသတ်နဲ့ နော်.။
smiley faces
Newer Posts Older Posts Home
Latest Posts