အရင်က ဒိုတာဂိမ်းပဲ တနေကုန် ထိုင်ဆော့ခဲ့တဲ့ဂိမ်းသမား တစ်ယောက် အတွက် ခုလို ဘလော့တစ်ခုကို ထရေးတော့တော်တော်တော့စိတ်ကို နိင်အောင် ထိန်းရတယ်ဗျ။ ဘာလို့လည်းဆိုတော့..ကိုယ် အင်တာနက်ကိုအသုံးပြု တာကလည်း ဒီဂိမ်းဆိုင်ထဲက နေပဲလေ။ကိုယ့်မှာမှဘလော့အတွက်မနည်းစိတ်နစ် ထားရတဲ့ကြားမှာ ဆော့နေတဲ့လူတွေက “ ဒိုတာ..တစ်ယောက်လို….ဟေ့ …”လို့ ထအော် ပြီ  ဆိုရင်.မနည်း အောင့်အီး ပြီးနေရ တာကလား ။ခင် တဲ့ကောင်တွေ က ဟေ့ကောင် ..ပါလိုက်တော့လေ….တစ်ယောက်ပဲလိုတာဟ ဆိုရင် အား …တော်တော် အူယားနေ ပြီ။ ဒါပေမယ့်..ခုနောက် ပိုင်းတော့စိတ် တင်းပြီး မ နည်းငြင်းနေ ရ တယ်။ အိမှ်ာကြ တော့လည်းကွန်က်ရှင်က ဆိုင်ကလောက် မကောင်းတော့ အဆင်မပြေတာနဲ့ ။ဒီ ဂိမ်းဆိုင်မှာပဲ သုံးရတယ်။ ဂိမ်းဆိုင် ကကြတော့ ကွန်နက်ရှင်စပိကတကယ့်တကယ် အင်တာနက် ဆိုင်တွေ ထက်တောင်ကောင်းတယ် ဗျ။
                         ခုနောက်ပိုင်း မြန်မာနိင်ငံလေးကလည်း ပြုပြင်ပြောင်း လဲရေးတွေ နည်းနည်းဖြစ်လာတယ်။ နာမည်ကြီး ဂိမ်းဆိုင်အတော်များများကလည်း wow ဆိုတဲ့ အွန်လိုင်းဂိမ်းတွေ ဆော့ဖို့ ဖိုက်ဘာတွေ တပ်လာ ကြတော့တော်တော် ကောင်းသွားတယ်ဗျ။ ခုနောက်ပိုင်း စပိက အွန်လိုင်း ပေါ် ကနေ ဒိုတာတောင် ခုတ်လို့ ရသွားတယ်။ အရင်က ဘယ်လိုမှ ကြည့်ဖို့ စိတ်တောင် မကူးနိင်တဲ့youtube တွေ ကြည့်လာနိင်တယ်။ ဟုတ်ယ်ဗျ။ ကျွန်တော်ဒီ ဘလော့ရေးဖြစ်လာတယ်ဆိုတာကလည်း အဲ့လို စပိကောင်းလာတာတို့ .ခုနောက် ပိုင်း ဘလော့စပေါ့ကို တရားဝင်ဖွင့်ပေးလိုက်တာတို့ကြောင့်လည်း ပါတယ်။ အစက ဒီ ဘလော့စပေါ့ကိုက မဖွင့်ပေးထားတော့ ၀င်ရတာအဆင်မပြေတာ တို့  ဘာ တို့ ကြောင့် ရေးဖို့ ရာ သိပ် အာရုံက မလာချင်တော့ဘူး။ ခုတော့ ဘလော့ ရေး တင်ထားတဲ့ သူငယ်ချင်းတွေကို တွေ့ တာကလည်း တကြောင်း။အား လည်း အားနေ တာက တကြောင်းကြောင့် ရေးဖြစ်လာတာပါ။ ဘာပဲပြောပြော စိတ်တော့ တော်တော်လေးငြိမ်သွားတာပေါ့။ခုဆို ဂိမ်းလည်း တဖြည်းဖြည်းပြတ် လာပြီ။ ( မဟုတ်လည်း…အရိုက်ချည်းခံနေရလို့ …ဟားဟား။ )ကျွန်တော်က ဂိမ်းဆော့တယ်ဆိုပေမယ့် ပရိုမှ မဟုတ်ာ။ အပျော်ဝင်ဆော့ဆော့ရင်းနဲ့ စွဲ နေတာ။ ကံကောင်းတဲ့နေ့ တော့ရိုက်ရတယ်ပေါ့ဗျာ။
                     အင်းဗျာ…စာရေးဖို့ ဆိုတာကလည်း တော်တော်အာရုံ နစ်ရတာကိုး။ သူများတွေလို ကဗျာတွေ ဘာတွေကလည်း မရေးတတ်တော့ ဘာတင်လို့ တင်ရမှန်းကို မသိတော့ဘူး။ ဓါတ်ပုံတွေ တင်ရ အောင်ကလည်း ကိုယ်ကလည်း ဘယ်မှ သွားတဲ့လာတဲ့ကောင်က မဟုတ်။ ခရီးလေးဘာလေး သွားရတဲ့ ကောင်ဆိုရင်တော့လည်း အကောင်းသားကိုး။ ခရီးသွား ရှု့ ခင်း ဓါတ် ပုံလေး မှတ်တမ်းလေး ဘာလေး တင်လို့ ရ တယ်။ ခု ကျွန်တော်က အိပ်ယာထတာနဲ့ ဂိမ်းဆိုင်..ဆိုတော့။ အင်း..ဂိမ်းဆိုင် ဆိုတာကလည်း အွန်လိုင်းပေါ့ နော်။ နိုးတာနဲ့ အွန်လိုင်းပဲဖြစ်နေတော့။ ဘာ အဖြစ်အပျက် ဘာ အတွေ့ အကြုံမှ ဖြစ်မလာတဲ့ လူ ဆီက ဘာ စိတ်ဝင်စားစရာကောင်းတဲ့ ဒိုင်ယာရီမှ လည်း ဖြစ်လာတော့မှာ မဟုတ်ပါဘူး။
                  သီချင်းလေးတွေတော့ တင်ဖြစ်မှာပါ။ခုလောလောဆယ်ဆယ်တော့ ကျွန်တော်ရေးတဲ့သီချင်း စာသား ပို့ စ်တွေထဲမှာ သီချင်းလင့်ခ် လေးတွေတောင် ထည့်မပေး ဖြစ်ဘူး။ ဒါကလည်း အဆိုတော် နာမည်ရယ် သီချင်းနာမည်ရယ် သိရင် mp3 ပဲလိုချင်လား။ mtv ပဲကြည့်ချင်လား ရှာလို့ ရနေ ပြီပဲဟာ။ လွယ်လွယ်လေးမို့  လို့ မထည့်ပေးတာပါ။ ဒါးးကို ကျွန်တော့ ထဲကလူတွေထဲမှာ စာသားပဲ ပါလို့ တဲ့ နားထောင်ဖို့ သီချင်းကြတော့ ဘယ်မှာတုန်းတဲ့။ဘယ်လိုနားထောင် ရမှာ လဲလို့ မေးတဲ့  အရမ်းအရမ်း ပိန်းတဲ့ သူလေးရှိပါတယ်။ ဘယ်သူ လည်းတော့ …မပြောတော့ပါဘူး…..။
smiley faces                       Video ဖိုင်….အင်း….ဒီကောင့်ကိုတော့ menu ကနေ ဖြုတ်ပစ်တာ ကောင်းမယ်ထင်ပါတယ်ဗျာ။ တင်လည်း တင်ဖြစ်မယ် မထင်ပါ ဘူး။ ဖိုင်ဆိုက်လည်း ကြီးတော့ upload တင်တာလည်း အဆင်ပြေမယ်မထင်ပါဘူး။ ဓါတ်ပုံတွေ တောင် မနည်းတင်ရမှာ။ နောက်နောင် မြန်မာ နိင်ငံ ကွန်က်ရှင် စပိကြီး လန်ထွက်လာရင်တော့ မသိဘူးပေါ့လေ။
                         အက်ဆေးရေးမယ်ဗျာ..စာတိုစုလေးတွေပေါ့။အဲ့လိုဟာပဲ ကျွန်တော်က ရမှာပဲ။ ကဗျာ ကကျွန်တော်လည်း မရေးတတ်ဘူး။ သိပ်လည်းနားမ လည်လို့ ပါ ဒီနောက်ပိုင်းကဗျာတွေကို။ အရင်က ရာဘင်ဒြာနသ်တဂိုး ရဲ့ ကဗျာမျိုးတွေကြတော့ အရမ်းကြိုက်တယ်။ မူရင်းကတော့ ဘယ်လိုရေးထား တယ်မသိပေဘူး ကိုယ်က ဘာသာပြန်ပဲ ဖတ်ရတာကိုး။ စကားလုံးနူး နူးညံညံလေးတွေနဲ့  စကားပြေဆန်ဆန်ပဲ ရေးထားတာပဲ။ အဲ့လိုဟာ မျိုးလေးတွေ ပဲကြိုက်တယ်.။ ခု  ရေးကြတဲ့  ကဗျာတွေက မော်ဒန်ခေါ်မလား..အရမ်း စဉ်းစား ယူရ အဓိပါယ်ဖော်ယူရ နဲ့ နားမလည်ဘူး။ ကျွန်တော်ကြိုက်တာက ဒိုင်းကနဲ ထိသွားရ မယ်ဗျာ ဒါပဲ။ အဲ့လိုမှ မဟုတ် အာ…အဲ့ဒါကိုဘယ်လို အဓိပါယ်ကောက် ရမှာ အဲ့ဒါက ဘယ်လို ယူဆရမှာဆိုရင် စိတ်မရှည်တော့ဘူး။ ဒါကြောင့်ပါ..ကဗျာ က မကြိုက် ဘူးရယ်လို့တော့မဟုတ်ပါဘူး။  
             အတွေးအမြင်တွေ ….ရေးမှာ ရေးမှာ..အဲ့ကောင် တော့ရေးကို ရေးမှာ။ ဒါပေမယ့် အဲ့ကောင် ကပြီးပြီးရောရေးလို့ ရတဲ့ကောင်မဟုတ်တော့ နည်းနည်းတော့ ချင့်ချိန်နေရ တယ် ။ဒါကြောင့် ခုလောလောဆယ်ဆယ်တော့ မရေးနိင်သေး ဘူးထင်တယ်။
                   ဒီရက်ပိုင်းတော့ကိုယ့် ဘလော့ကို အဆင်တန်ဆာလေးတွေ ဆင်နေတာနဲ့ကို ပို့ စ်ဖက်မလှည့်နိင်ဘူး။ ခုဆို ကျွန်တော့ ဘလော့မှာ နာရီလေး လည်း ရှိပြီဗျာ။ C Box လေးလည်း ရှိပြီဗျာ။ ကိုယ့် ဘလော့ကို လာ ကြည့်တဲ့သူတွေ ဘယ်လောက်ရှိတယ် ဆိုတာ သိနိင်တဲ့ ကောင်တာ လေးလည်းရှိပြီဗျာ။ အမယ် မခန့် တာ ကျွန်တော့ဘလော့ လိုဂို လေးလည်း ထည့်ထားပြီဗျာ။ ပမာမ ခန့်ကောင်လေး ပေါ့။ ခနဲ့ နေတဲ့ ပုံလေးလေ ။ ပြီးတော့ ရှေ့ စာမျက်နာ နောက်စာ မျက်နာ သွားတဲ့ ဟာလေးလည်းပါပြီဗျာ။ အင်း…လိုတော့လိုသေး တယ် ။ ဖြည့်အုံးမှာ သိပ်မတတ်သေးလို့ …..ဒါပါပဲ။။။
                လျှောက်ရေးတာ….မအိပ်ချင်သေးလို့ ..။ အိပ်တော့မယ်..။တာ့တာ။

smiley faces

0 Comments:

Post a Comment



Newer Post Older Post Home

Latest Posts