၂၀၁၂.ဇန်န၀ါရီ.၁ရက်။
နှစ်သစ်တစ်ခုကို ရောက်ပြီ။ ကျွန်တော် ဒီ 2012 ကို ရောက်မှာကြောက်တယ်။
ဘာလို့ လည်း….။

ကျွန်တော် ခုရေးထားတာတွေကို ဖတ်မိရင် ကျွန်တော့ သူငယ်ချင်းတွေ ရယ်နေကြမှာ။ဘာလို့ လည်းဆိုတော့ သူတို့ သိပြီးသားမို့ လို့ လေ။ ကျွန်တော့ သူငယ်ချင်းတွေကိုကျွန်တော် ဒီအကြောင်းအမြဲပြောတတ် တယ်။ အဲ့တုန်း ကလည်း..သူတို့ ရယ်ခဲ့ကြတာပါပဲ။ဒါပေမယ့် ကျွန်တော်မရယ်နိင်ဘူး။ ကျွန်တော့ စိတ်ထဲမှာ.. တကယ်ကို လေးလံနေတယ်။

ဒါကို ကျွန်တော့ခေါင်းထဲကို စထည့်ပေးခဲ့တာ ကျွန်တော့ ဒရမ်ဆရာ ကိုစိုးကြီးပေါ့။သူ့ ကိုလည်း သူ့ သူငယ်ချင်း တစ်ယောက်က ပြောပြတယ်ဆိုလားပဲ။ဘာဂြိုလ်ကြီးဆိုလားက ကမ္ဘာကို လာတော့မှာပေါ့။ ဘာတွေဖြစ်မှာ ညာတွေ ဖြစ်မှာပေါ့။ အဲ့တုန်းကတော့ နားထောင်ရုံလောက်ပဲ အော်…ဟုတ်လားလို့  နားထောင်ခဲ့တာ။အဲ့ဒါ ပြောခဲ့ကြတာက ကျွန်တော်ထင်တာ ၂၀၀၉-၂၀၁၀ လောက်ကပေါ့လေ။ဒါပေမယ့် နောက်ပိုင်းမှာ ဟို ၂၀၁၂ ဇာတ်ကားပါ ထွက်လာတော့ နည်းနည်း ပြန်သတိထားမိလာပြန်တယ်။ အဲ့တလောမှာ အဲ့ဇာတ်ကားအပြင် ၂၀၁၂  နဲ့ ဆိုင်တဲ့ ဇာတ်ကားအတော်များများထွက်ခဲ့ပါတယ်။အဲ့ဇာတ်ကားကတော့ မြန်မာနိင်ငံမှာ ရုံတင်လိုက်တော့ လူတွေသိတာ ပေါ့လေ။ဟောလီးဝုဒ်က လူတွေကလည်း လူလည်တွေကိုး လူစိတ်ဝင်စားမယ့် ကောလဟာလလေး တစ်ခုလောက်များမထွက်လိုက်နဲ့ တန်းပြီး ဇာတ်လမ်းဆင်ရိုက်တော့တာကိုး။ ဒီမှာဆိုရင်တော့ နာမည်ကြီး အဆိုတော် တစ်ယောက်လောက်များ မသေလိုက်နဲ့ နောက်က ပရိုဂျူဆာတွေက တန်းပြီး အမှတ်တရလိုက်ဖ်ရှိုးခွေ တွေ ထုတ်ကြ သလိုနေမှာပ လေ။ ဟောလီးဝုဒ်ကလူတွေ တော်သလို ဒီက ခိုးကူးခွေသမားများကလည်းတော် ပေတယ်ဗျ။ လာခ.ဲ့… မင်းတို့ ကြိုက်သလောက် အကုန်ကျခံပြီး ကြိုက်သလောက်ဇာတ်ကားတွေရိုက် ငါတို့ က အဲ့ဇာတ်ကားတွေကို ဒီဗွီဒီ တစ်ချပ်တည်းဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့ကောင်တွေကိုး။ လာထား…ပဲ။ ကျေးဇူးတော့ တင်ပါတယ်။ မြန်မာငွေ ငါးရာကျပ်ပဲ ပေးရတယ်။ ၂၀၁၂ နဲ့ဆိုင်တဲ့ ဇာတ်ကားတွေချည်း စုထားတဲ့ ဒီဗွီဒီလေး တစ်ချပ်ရရော။ ကျေးဇူးတင်တယ်ဗျာ။

ဒါပေမယ့်…..အဲ့ဇာတ်ကားတွေက ဘာကို ရည်ညွန်းနေသလဲ…???????။

၂၀၁၂ မှာ ကမ္ဘာပျက်မယ်တဲ့….။

ကမ္ဘာမပျက်ရင်တောင် ကြီးစွာသော ကပ်ဆိုးကြီးတွေဖြစ်မှာပေါ့လေ။
ဇာတ်ကားတွေက အဲ့လိုရိုက်ပြတယ်ဗျ။
ဘာဖြစ်လို့ အဲ့လို ၂၀၁၂ အကြောင်းကိုရိုက်ကြရတာလဲ???
ဘယ်လိုအချက်တွေကြောင့် ဒီလို ဇာတ်ကားတွေဖြစ်လာရသလဲ????

၂၀၁၂ က ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။

ရှေ့ ဖြစ်ဟောသူတွေ၊ သိပ္ပံ ပညာရှင်တွေ၊ ရှေးခေတ်လူမျိုးစုတွေက ဒီ ၂၀၁၂ ကိုတညီတညွတ်တည်း
ညွှန်းဆိုကြတယ်။တိုင်ပင်များထားကြသလားအောက်မေ့ရလောက်အောင်ပေါ့။ ဒီလူတွေ ပေါင်းပြီးကျုပ်တို့ ကို ၀ိုင်းများ ကြပ် နေကြလေရော့သလားဗျာ။သူတို့ ပြောတာတွေက…. တစ်ချို့ လည်း ခင်ဗျားကြားဖူးပြီးသားဖြစ်မှာပါ။ ကဲ…ဒီလိုတဲ့ဗျာ…။


၂၀၁၂ သီအိုရီလို့ ပဲ ပြောရမလား၊ ထွင်လုံး တွေပါလို့ ပဲထားလိုက်ရမလား။
သက်သက်မဲ့ချိန်းခြောက်မူ့ လို့ ပဲပြောရမလား၊ ရှေ့ ဖြစ်ဟောကိန်းလို့ လက်ခံရမလား။
အလကားကောလဟာလတွေပါကွာ လို့ ပဲပြောပြီး ရီလိုက်ရမှာလား။

နီဘီရု ( Nibiru )ဆိုတဲ့ ဂြိုလ်ကြီး။
တစ်ချို့ ကလည်း ပလပ်နပ်အိပ်စ်( planet X ဘာမှန်းမသိတဲ့ဂြိုလ်ကြီး ) လို့ ခေါ်ကြတယ်။
သူ့ အရွယ်အစားကတော့ ကျုပ်တို့ ဆီကအကြီးဆုံးပါဆိုတဲ့ ဂျူပီတာကောင်လောက်ကြီးတောင် ရှိတယ်ဆိုပဲ။
သူက ကျုပ်တို့ နေအဖွဲ့ အစည်းရဲ့ ပတ်လမ်းကြောင်းထဲကနေ ဖြတ်သွားမယ်တဲ့
အနှစ် ၃၆၀၀ မှာ တစ်ခါ ကျုပ်တို့ နေမင်းကြီး ဆီ အလည်လာတာပေါ့။
အလည်လာရင် ဧည့်သည်ပဲ။ ဧည့်သည်ကို ဧည့်ခံရမှာပေါ့လို့ တော့ သွားမပြောနဲ့ ဗျို့ ။
ဒီဧည့်သည်က တကယ်မွှေမယ့် ဧည့်သည်။
နေဦး……ဧည့်သည်မဟုတ်ဘူး။
ဘာလည်းဆိုတော့……..အတိုးတွေများပြီလား များပြီဆိုမှ ပေါက်ချလာတဲ့ အကြွေးရှင်ဗျ။
“မင်းတို့ ကမ္ဘာကြီး တိုးတက်နေပြီလားကွ?? ” ...
“ ဟုတ်ကဲ့ အရင်ကထက်စာရင်တော့…တော်တော်လေးတိုးတက်နေပါပြီဗျာ..” ။
“ အော်…အေး..အေး…ဒါဆို..ငါ့ အကြွေးလေး လာကောက်တာပေါ့ကွာ…။
အမလေး..ကြည့်စမ်းမေ့နေလိုက်တာ.. အနစ်..၃၆၀၀ တောင်ရှိသွားပါပေါ့လား။
အတိုးသပ်ရတော့မှာလေ..ညဉ်းတို့ ..ကြိုပြင်ထားကြစမ်းအေ..ငါ ဒီဇင်ဘာ ၂၁ရက်နေ့ လာခဲ့မယ်..။
ငါရောက်လာမှ ဟိုဟာဖြစ်လို့ ဒီဟာဖြစ်လို့ မကြားချင်ဘူးနော်။ ဒါပဲ။”
အမယ်..မခန့် တာ..ရက်ပါ အတိအကျပြောသွားတယ်ဗျာ။ ဒီဇင်ဘာ ၂၁ တဲ့။

အစကတော့..ကျွန်တော်လည်း နားစွန်နားဖျားနဲ့  ဂြိုလ်ကြီးက ၀င်တိုက်မှာလို့ ထင်နေတာဗျ။
ဟုတ်ပါဘူးတဲ့..။ ၀င်တော့မတိုက်ပါဘူးတဲ့…. မျက်စလေးပဲ လှမ်းပစ်ပြမှာပါတဲ့။
သူက နေမင်းကြီးကို သွားပြီး မျက်စိမှိတ်ပြတော့ အဲ့မှာ ကြားက ငထွားခါးနာတာက ကျုပ်တို့ ကမ္ဘာမြေကြီးဗျ။
သနားစရာပါဗျာ။ ကျုပ်တို့ ကမ္ဘာကြီးခမျာ… ဧည့်သည်နဲ့ အိမ်ရှင်ကြား ပဲကြီးလှော်ဂျားဆားညှပ် ဖြစ်နေတာပေါ့။

ကျုပ်တို့  ကမ္ဘာကြီးက နီဘီရု နဲ့ နေမင်းကြားမှာ ရောက်သွားမယ်တဲ့။
အဲ့တော့…နေမင်းကြီးကလည်း ဆွဲ၊နီဘီရုကလည်း ဆွဲ နဲ့ ကမ္ဘာရဲ့  လည်ပတ်နှုန်းဟာ နှေးကွေးသွားမယ်တဲ့။
ရပ်တောင် ရပ်တန့် သွားမယ်ဆိုလား၊ ဆိုရဲ့ ။ အေးရော…
နေ့ သမားတွေ က နေ့ ပဲဖြစ်နေ။ အလုပ်ချည်းသာလုပ်နေကြတော့။
ညသမားတွေလည်း ညချည်းဖြစ်နေ ..အိပ်သာနေလိုက်ကြရုံပဲ။ မအေးပလား။

မအေးဘူးဗျ။ ပူမှာ။ 
အဟုတ်ပြောတာ။ ကောင်းကင်မှာ နီဘီရုကို ကျုပ်တို့ လမင်းကြီးကိုမြင်ရတဲ့ အရွယ်အစားလောက်နဲ့ နေနှစ်စင်းလို  မြင်ရမယ်တဲ့။ နီဘီရုရောက်လာတာဟာ…ကျုပ်တို့ နေမင်းကြီးကို ရန်သွားစသလိုဖြစ်တာပေါ့ဗျာ။သူတို့  အချင်းချင်း ဆွဲအားတုံ့ ပြန်မူ့ တွေဖြစ်ပြီး သံလိုက်စက်ကွင်းတွေ ဖြစ်ပေါ်မယ်။ကြားမှာရှိနေတာက ကမ္ဘာ။  သေပြီလေ။ ရာသီ ဥတုတွေဆိုးရွားစွာ ဖောက်ပြန်မယ်.။ပိုဆိုးတာက..ခုနကပြောတဲ့..ကမ္ဘာကြီးရပ်သွားမယ်ဆိုတဲ့ အခါမှာ..ကမ္ဘာက နဂိုက လည်ပတ်နေရာကနေရပ်လိုက်ရမှာဆိုတော့..အီနားရှား သဘောတရား သက်ရောက်ပြီး မြေပြင်တွေ .ရေပြင်တွေ လှုပ်ခါသွားမှာပေါ့။အော်…မြေပြင်လှုပ်တယ်ဆိုတာ ငလျင်လှုပ်တာကိုပြောတာပေါ့နော်…။ ရေပြင်လှုပ် တယ်ဆိုတာလည်း.. လှိုင်းထပြီးရေကြီးတာကို ပြောတာပေါ့နော်..။ ဒါများ…ငလျင်လှုပ်မှာ..ရေကြီးမှာ လို့ ပြော လိုက်ရင်ပြီးနေတာကို။ ဟွန့် .။

အမလေးဗျာ…။ မဟွန့် နဲ့ …မပြီးနဲ့ ဗျို့ .။ ငလျင်ဆိုတဲ့ စကားလုံးကိုမသုံးတာက။ တော်ရုံ ငလျင်မဟုတ်လို့ ခင်ဗျ။
လှုပ်ချက်ကတော့….ခု ကျုပ်တို့ ကြည့်နေတဲ့ သိနေတဲ့ ကမ္ဘာ့မြေပုံဆိုတာတောင် နောက်ဆိုရင် မသုံးနဲ့ တော့တဲ့။ ဘာလို့ လည်းဆိုတော့..ငလျင်လှုပ်ထဲ့လိုက်တာ..ပြင်းလွန်းလို့ မြေကြီးတွေ ပြတ်ထွက်ကုန်ပြီး ကမ္ဘာ့မြေပုံက ခုမြင်နေရတဲ့ အတိုင်းမဟုတ်တော့ပဲ ပြောင်းကိုသွားမှာတဲ့.။ ဆိုလိုတာက မြန်မာနိင်ငံဆိုရင် ခုမြင်နေရတဲ့ အတိုင်း မဟုတ်တော့ပဲ…ကချင်ပြည်လေးက သီးသန့် ကျွန်းလေးဖြစ်သွားရော။ ဟော..ကရင်ပြည်လေးလည်း …ငလျင်လှုပ် လိုက်တာ သီးသန့် ကျွန်းလေးဖြစ်သွား..။ ရှမ်းပြည်လည်း…တရုတ်ပြည်ဖက်ပါသွား ပေါ့နော်..။အင်း….အဲ့ လိုပေါ့…အဲ့လိုပေါ့….။ မိုက်တယ်နော်….စစ်တွေ ဘာတွေ တိုက်နေစရာမလိုတော့ဘူး..။ ဘာပြည်နယ်ခွဲထွက်ရေး မှလည်း လုပ်နေစရာမလိုတော့ဘူး။ လူတွေလည်း မရှိတော့ဘူး။ ဟားဟား…။

ကိုင်း…အဲ့လောက်ထိအောင်တဲ့ဗျာ.လှုပ်မှာက။ ဘယ့်နဲ့ လုပ်ကြမတုန်း…တောင်တွေ ဘာတွေဆို အမြစ်လိုက်ကျွတ် ထွက်ပြီးလွင့်ကုန်မလားမသိဘူး။ ငလျင်တောင်အဲ့လောက်လှုပ်မှတော့..ဆူနာမီ လှိုင်းလုံးကလည်း ဘယ်နေ တော့မလဲ။ ဇာတ်ကားထဲကလို မြို့ ကြီးတစ်ခုလုံးမြုပ်သွားမလားမသိဘူး။ စင်္ကာပူဆိုကျွန်းလေးမှ သေးသေးလေး အဲ့လိုသာဖြစ်လို့ ကတော့…ပလုံစွက် ပဲ။ တော်သေးတာပေါ့…ငါ စင်္ကာပူ မထွက်တာ။ဟီး…။

အင်း…ဆိုတော့ကာ.. ဒီ နီဘီရုကြီးကြောင့် ကမ္ဘာကြီးက ဒုံးဒိုင်း ဆိုပြီး. တစ်စစီ ပျောက်ပျက်သွားမှာတော့ မဟုတ်ဘူးပေါ့လေ။ ကမ္ဘာမပျက်သေးပါဘူးပေါ့။ မထူးပါဘူး..ပျက်တာပါပဲ။ ကမ္ဘာ့မြေပုံတောင် ပုံပျက်သွားတာပဲဟာ ။ ဟွန်း..။ကမ္ဘာမပျက်ဘူးဆိုတော့…လူတွေလည်း အကုန်မသေပါဘူးတဲ့။ သုံးပုံ ပုံရင်မှ နစ်ပုံလောက်ပဲ သေမှာပါတဲ့ ။ မထူးပါဘူး….သေတာပါပဲ။ သုံးပုံ နစ်ပုံ ဆိုမှတော့..မလွတ်လောက်တော့ပါဘူး။အဟင့်….

အင်း..ခုပြောတာက ၂၀၁၂ ဟောကိန်းတွေအများကြီးထဲက ပလပ်နက်အိပ်စ် ဆိုတဲ့ နီဘီရု ဂြိုလ်ကြီးသာ အမှန် ဖြစ်လာခဲ့ရင်…ဆိုတာပေါ့နော်.။ ကဲ..နောက်တစ်ခုဗျာ….ဆက်ရအောင်.။

နောက်တစ်ခုက ..နေမုန်တိုင်းဗျ..( solar storm ) ပေါ့.။
အင်း…နေမုန်တိုင်းဆိုတော့…ဘယ့်နှယ်..လေတွေဘာတွေမရှိတဲ့..အာကာသဟင်းလင်းပြင်ကြီးထဲ
ဘယ်လိုလုပ်မုန်တိုင်းက ထတိုက်ရတာလည်းလို့ မေးကြအုံးမယ်။နေမုန်တိုင်းဆိုတာတင်စားပြီးခေါ်တာပါ.
တကယ်က..နေရုတ်တရက်ထတောက်ခြင်း( solar flare ) လို့ လည်းခေါ်တယ်။ အာ…အဲ့လိုပြောမှ
မင့်ဟာက ပိုဆိုးနေပြီ..နေဆိုတာ အချိန်ပြည့်တောက်လောင်နေတာပဲဟာ…ဒီ့ထက်ထူးပြီး ဘယ်အချိန်ဘယ်လို
ရုတ်တရက်ထတောက်သေးတာတုန်းလို့ မေးစရာရှိတယ်.။

ဟုတ်ကဲ့ပြောပါမယ်....နေမင်းကြီးမှာ အချိန်စက်ဝိုင်းတစ်ခုရှိတယ်ဗျ။
အဲ့အချိန်စက်ဝိုင်းတစ်ပါတ်ပြည့်ဖို့ ( ၂၂ ) နှစ်ကြာတယ်။
ပထမပိုင်း ( ၁၁ )နှစ်..ဒုတိယပိုင်း ( ၁၁ )နှစ်ဆိုပြီး ငြိမ်သက်ပိုင်း နဲ့ တက်ကြွပိုင်း နှစ်ပိုင်းကွဲတယ်။
ဆိုလိုတာက နေမင်းကြီးဟာ ဆယ့်တစ်နစ်လုံးလုံး ငြိမ်သက်နေတယ် ( ပုံမှန်ပဲ တောက်လောင်တယ်ပေါ့ )
ပြီးရင် နောက်ဆယ့်တစ်နစ်လုံးလုံးက ဒေါသူပုန်တွေထပြန်ရော( အရှိန်ဟုန်ပြင်းပြင်း တောက်လောင်
တယ်ပေါ့ )။ ဒီနေရာမှာ ဒီလိုပဲ ခဏအလွယ်မှတ်ထားလိုက်ပေါ့။ ဘာလို့ ဒီလို ၂၂နစ်ကြာတဲ့ အချိန်စက်ဝိုင်း
ဖြစ်ရတယ်ဆိုတာတော့ နောက်မှ ရှင်းပြပါတော့မယ်။

ဆက်ပြောရရင်တော့…အခု ကျွန်တော်တို့ က ငြိမ်သက်ပိုင်းကို ကျော်ခဲ့ပြီဗျ။
အခု..၂၀၁၂ အကုန်လောက်ကနေစပြီး..နေမင်းကြီးရဲ့ ဒေါသူပုန်ထတဲ့ နောက်ဆယ့်တစ်နစ်အပိုင်းကို ၀င်မှာ။ ဒီတက်ကြွနှစ်တွေမှာဆိုရင်…ပူလွန်းအားကြီးလို့ .နေမင်းကြီးရဲ့ မျက်နာပြင်ကနေ..ရေမြုပ်လေးပေါက်သလို ပေါက်ပြီးအတွင်းက အပူခိုးတွေ မှုတ်ထုတ်တတ်တယ်။ ကျွန်တော်တို့ မီးဖိုထဲက မီးသွေးရဲရဲကြီးတွေ တစ်ချက် တစ်ချက်ထပေါက်တတ် သလိုပေါ့။ဆယ့်တစ်နစ်ခြားတစ်ခါလောက်ဖြစ်လေ့ရှိတယ်။

ဒီတော့..နေမင်းကြီးဆီက အဲ့လိုထပေါက်တာက ထူးတော့မထူးဆန်းပါဘူး။ 
ဒါပေမယ့်..အခု အခေါက်မှာစိုးရိမ်ရတာက..၁၈၅၉ ခုနစ်က ကြေးနန်းလိုင်းကြိုး တွေကိုတောင် မီးလောင်ကျွမ်းသွားစေလောက်အောင်ပြင်းထန်ခဲ့တဲ့ နေမုန်တိုင်းမျိုး ပြန်ဖြစ်လာနိင်နေလို့ ပဲ။
ဘာကြောင့် ပြန်ဖြစ်နိင်လည်း ဆိုတော့.. သိပ္ပံ ပညာရှင်တွေက ဒီတစ်ခေါက်ဟာ နောက်ဆုံး 2001 မှာဖြစ်သွားခဲ့တဲ့ နေမုန်တိုင်းထက် ၃၀ မှ ၅၀ ရာခိုင်နှုန်းနီးပါး ပိုမိုပြင်းထန်နိင်တယ်လို့ ခန့် မှန်းကြတယ်။ နောက်တစ်ကြောင်းက နေရောင်ခြည်မှလာတဲ့မလိုလားအပ်တဲ့ ဓါတ်ရောင်ခြည်တွေကိုကာကွယ်ပေးနိင်တဲ့ ကမ္ဘာကိုဒိုင်းသဖွယ် လွှမ်းခြုံကာရံထားတဲ့ သံလိုက်စက်ကွင်းခြုံကာ ဟာလည်း..ခုချိန်မှာအားနည်းနေတယ်တဲ့။

ကဲ…အဲ့တော့ ဆိုးဆိုးရွားရွားဘာတွေဖြစ်လာမှာလဲ.။
ဟုတ်ကဲ့…သိပ်တော့ မကြောက်ပါနဲ့ ..။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေအဖို့ တော့…ကျင့်သားရပြီးသားတွေ
ဖြစ်ခဲ့လို့ ပါ။ ဘာလည်းဆိုတော့…လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ မှန်သမျှ ပြတ်တောက်သွားမယ်တဲ့။
မီးပျက်မှာပေါ့နော်…။ မီးပျက်ရင် ကျုပ်တို့ မြန်မာတွေက မကြောက်ဘူးဗျ။ မီးစက်ရှိတာကိုး..။
အင်ဗာတာရှိတာကိုး။ ခက်တာက..အမေရိက ကလူတွေဗျ။ သူတို့ က သူတို့ ဘ၀မှာ မီးတစ်ခါမှ
မပျက်ဖူးတော့..မီးပျက်ရင် မီးစက်နိုးပြီးထွန်း ! ရနေတာပဲအုပ်စာ…ဆိုတာကို မသိကြဘူး။  
အင်ဗာတာ.ဆို ပိုဆိုး..ကြားတောင်မကြားဖူးဘူး။ သနားပါတယ်နော်…ကျွတ် ကျွတ် ကျွတ်  ကျွတ်စ်..။
မီးမှ မပျက်ဖူးတာကိုး.။

မီးစက်နဲ့ နှိုးပြီးထွန်းသည်ပဲထားအုံး..အမေလေး.။ သူတို့ ..ဆီက တိုက်တွေက အထပ် လေးငါးဆယ် တစ်ရာ.။
အိမ်ရှေ့ ထုတ်နှိုးလို့ လည်းမရဘူး။ အိမ်နောက်ဖေး ထုတ်နှိုးလို့ လည်းမရ။ကိုယ့် အခန်းရှေ့ သာ ကိုယ် နှိုး…နှိုးရုံပဲ။
မီးခိုးတွေနဲ့ မွှန်ပြီသေမှာ.။ အထပ်တစ်ရာကို အပေါ်ဆုံးထပ်နေတဲ့ကောင်တော့ သေပြီပဲ။
လျှပ်စစ်ဓါတ်အား မပေးတော့ဘူးဆိုတော့.. ဓါတ်လှေကားမရတော့ဘူးလေ။ ခြေကျင်သာတက်ပေတော့ပဲ။
နေချင်ကြအုံးဟ…အဲ့လောက် အမြင့်ကြီးတွေ.။ဆောက်ချင်ကြအုံးလေမိုးမျှော်တိုက်ကြီးတွေ။
ဟီး…ကိုယ်မနေရတိုင်း…။ 

အမေရိကလိုနစ်ဆယ့်လေးနာရီ..တစ်နစ်ပတ်လုံးမီးလင်းနေတဲ့..တစ်သက်လုံး မီးမပျက်ဖူးတဲ့သူတွေ
အေးရော…မှတ်ပလား.။ မင်းတို့ လည်း ခုတော့ မီးပျက်တဲ့ အရသာလေး ခံစားလိုက်ကြအုံး။
တို့ တော့ အရေထူခဲ့ပါပြီကွာ။

ကျုပ်တို့ ဆီကတော့..တော်တော်ကို ဒုက္ခရောက်သွားမှာက…ဘော..သမားတွေပေါ့ဗျာ။
ဘောလုံးဝါသနာအိုးတွေလေ။ ဘာလို့ လည်းဆိုတော့…နေမုန်တိုင်းကြီး တိုက်လာတဲ့ အခါမှာ..
ပထမဆုံး…ပျက်စီးသွားမှာက ဆက်တလိုက်ဂြိုလ်တုတွေဗျ။ ဘာ..ဘောပွဲမှ ကြည့်ရတော့မှာ
မဟုတ်ဘူး။ မန်ယူ..အားမပေးရတော့ဘူး။ ချန်ပီယံလိဂ် မကြည့်ရတော့ဘူး။ 
ဘောလုံးပွဲတွေလည်း မလောင်းရတော့ဘူး။ဘာသတင်းမှ ကြည့်ရတော့မှာမဟုတ်ဘူး။ 
ခံသာတာ တစ်ခုက ကျုပ်တို့ မြန်မာတွေကိုယ်ပိုင် ဆက်တလိုက်ဂြိုလ်တုလေး..မလွှင့်တင်နိင်ခဲ့တာပဲ။ ဟုတ်တယ်လေ…မဟုတ်ရင်..နှမြောစရာကြီးဗျာ…ပျက်သွားမှာတဲ့.။ နည်းတဲ့ တန်ဖိုးမဟုတ်ဘူး။
ဒေါ်လာ သန်းချီတန်တာ ကလား။

ဘောသမားတွေ တင်လားဆိုတော့…ကျုပ်တို့ ချက်တင် သမားတွေကလည်းထိတာပဲဗျ။
ကွန်ပြူတာတွေ..အကုန်ပျက်စီးကုန်မယ်တဲ့.။ ဟတ်ဒစ်တွေပေါ့ဗျာ..ပျက်စီးကုန်မှာ။
သေပြီဗျာ..ကျူ မရတော့ဘူး။ သေပြီ..ဘယ်လိုနေရပါ့.။ မကျူရ မနေနိင်ပါဘူးဆို.။

ကွန်ပြူတာတွေလည်း..သုံးမရတော့မှတော့..ဘာ ရုံးအလုပ်မှ မလုပ်နဲ့ တော့..။ နားပေတော့ပဲ..။
ကဲကဲ…ရုံးစာရေးမချောချောလေးတွေရေ..လုပ်ထားကြဟ…ပျင်းမနေကြနဲ့ ..ညဉ်းတို့ နားရက်တွေ လာတော့မှာ။
အဲ့…လက်နိပ်စက်နဲ့ လုပ်တဲ့ အဒေါ်ကြီးတွေတော့…လုပ်ပေအုံးပေါ့…။ဟီး..။

ကဲ…နေမုန်တိုင်းဖြစ်ရတာနဲ့ …ဘယ့်နဲ့ ကြောင့်…လျှပ်စစ်ပစ္စည်းတွေ သုံးမရတော့လေသလဲ။
နေမင်းကြီးမှုတ်ထုတ်လိုက်တာက…လျှပ်စစ်သံလိုက် အမှုန်တွေပါ။
အဲ့အမှုန်တွေက ကမ္ဘာ့လေထုထဲမှာ ပြန့် နှ့ံနေတော့မှာလေ။လျှပ်စစ်ဆိုတာလည်း..အမှုန်ပဲ။
အဲ့တော့…ဓါတ်အားလိုင်းထဲက လျှပ်စစ်အမှုန်တွေ ဆီကို လေထုထဲက လျှပ်စစ်အမှုန်တွေက
သွားပေါင်းပြီးဗို့ အားတွေတက်ကုန်ရော…လျှပ်စီးအင်ပီယာတွေတက်ကုန်ရော…အဲ့တော့…
ထရမ်စဖော်မာတွေ..ဓါတ်ကြိုးလိုင်းတွေက မခံနိင်တော့ လောင်ရော..။ ကဲ …ရှင်းပြီလားဗျာ။
ခုပြောတာက..လျှပ်စစ်ပစ္စည်းတွေမှာဖြစ်တဲ့..ထိခိုက်မူ့ ပဲ ရှိသေးတယ်နော်.။
ကဲ..ကျုပ်တို့ သက်ရှိလူတွေမှာကော…ဘာတွေ..လာထိခိုက်မလဲ။

မကြောက်ပါနဲ့ … မြွေပေါက်ခံရသလို ချက်ချင်းကြီးတော့ လဲမသေသွားပါဘူး။
ဒါပေမယ့်ပေါ့…ဒီ ဓါတ်ရောင်ခြည်တွေဟာ..လူ့ ခန္တာကိုယ်ကို…ထွင်းဖောက်ပြီးသွားနိင်ကြတယ်။
အိပ်စ်ရေးလ်( X Ray ) ဓါတ်မှန်ကို မလိုလားအပ်ပဲ အချိန်ပြည့် အရိုက်ခံနေရသလိုဖြစ်နေတာပေါ့.။
ဘာတွေဖြစ်မယ်လို့ တော့…အတိအကျ မပြောနိင်ပါဘူးတဲ့.။ ကင်ဆာတွေ ဘာတွေလည်းဖြစ်ရင်
ဖြစ်မှာပေါ့လေ။ ကိုယ်ခန္တာအတွင်းပိုင်း..ဇီဝထိခိုက်မူ့ တွေ ဖြစ်နိင်တာတော့ အသေချာပဲပေါ့။
အင်းပါ…မကြောက်ရင်လည်း….ဒီတိုင်း…သွားကြလာကြပေါ့ဗျာ..။သိပ္ပံပညာရှင်တွေ
အကြံပြုတာတော့..စောင်ထူထူခြုံပြီးနေထိုင်သွားလာပါတဲ့။ တော်သေးတာပေါ့…
ဖြစ်မှာက .ဆောင်းရာသီမို့ လို့ .။ နွေရာသီသာဆို မလွယ်ကြောပဲ စောင်ခြုံကြီးတွေနဲ့ သွားရမှာလေ။
နွေရာသီထိရောက်ရင်လည်း ရောက်သွားမှာပါလေ။

လူတင် စောင်ခြုံနဲ့ နေသင့်တာ မဟုတ်ပါဘူးတဲ့.။ ခင်ဗျားတို့ ရဲ့ ..ကွန်ပြူတာ ဒေတာတွေ မပျောက်ပျက်
မဆုံးရှုံးချင်ဘူးဆိုရင်.။  ဖာရာဒေးလှောင်အိမ်( Faraday Cage ) လို့ ခေါ်တဲ့..လျှပ်စစ်သံလိုက်စက်ကွင်း
တွေကို ကာကွယ်ပေးနိင်တဲ့ လှောင်အိမ်လေးထဲမှာ သိမ်းထားရမယ်တဲ့.။ အဲ့လိုမှ မဟုတ်ရင်..မင်မိုရီ
ဟတ်ဒစ်တွေကို သံလိုက်အမှုန်တွေက ဖျက်စီးပစ်လိုက်မှာတဲ့။ ကျွန်တော်တို့ …ကြည့်ကြည့်နေတဲ့..
ဒီဗွီဒီခွေတွေကိုတောင် သံလိုက်နဲ့ ထိလိုက်ရင် ပျက်သွားတာကိုးဗျ။ အဲ့ဒါလည်း…တစ်ဒုက္ခပဲဗျ။
ကျွန်တော့ ကွန်ပြူတာထဲရှိတဲ့…အနှစ်နှစ် အလလ စုဆောင်းထားရတဲ့..ဇာတ်ကားလေးတွေတော့..
ပျက်ကုန်တော့မှာပဲဗျာ။

ကျွန်တော်က ကိုယ့်ဆီရှိတဲ့..ဇာတ်ကားလေးတွေဆုံးရှုံးကုန်မှာလောက်သာနှမြောနေတာ..
တကယ့်ပြသနာက ဘဏ် တွေကိုးဗျ။ ဘယ်လိုလုပ်ကြတော့မလဲ။ ငွေစာရင်းတွေက..အကုန် ကွန်ပြူတာနဲ့ ပဲ
မှတ်သားထားကြတာမလား.။ ဒါကြောင့်…ဒီ နေမုန်တိုင်းတိုက်တာက ကြီးမားတဲ့.ငွေကြေး စီးပွားရေး ပြသနာ
တွေလည်းဖြစ်လာမယ်ပြောထားကြတာကိုး။ ကဲ..ဒီလောက်ဆို.၂၀၁၂ ဟောကိန်းတွေထဲက နေမုန်တိုင်း
အကြောင်း အကြမ်းဖျင်းလောက်တော့ သိပြီထင်ပါတယ်။ သိပ်တော့မစိုးရိမ်ပါနဲ့ ဗျာ…နေမုန်တိုင်း ကြီးကြီးမားမား
တစ်ခု ဖြစ်လာမယ် ဆိုတာပဲ သိတာပါ။ ဘယ်လောက်ထိ ဖြစ်ပျက်ကုန်မယ်ဆိုတာတော့ အတိအကျ
ပြောမရပါဘူးတဲ့။ ခုနက ပြောခဲ့တာတွေလောက် ဖြစ်ချင်မှလည်း ဖြစ်မှာပါတဲ့။ ပိုဆိုးရင်လည်း
ဆိုးမှာနော်…ဟားဟား။


ကဲ…နောက်ဆုံးကျန်တာက..…မာယာ လူမျိုးတွေရဲ့ ပြက္ခဒိန် တဲ့ဗျာ။ အားလုံးလည်း ကြားဖူးပြီးသားပါ။
သိပ်တိကျ…ဆိုပဲ။ ခုကျုပ်တို့ လက်ရှိသုံးနေတဲ့..ပြက္ခဒိန်ထက်တောင်…တိကျတယ် ဆိုသေး။
အဲ့ပြက္ခဒိန်ကြီးက ၂၀၁၂ ဒီဇင်ဘာ ၂၁ရက် မှာ ကုန်သွားသတဲ့ဗျာ။ ဒါနဲ့ လူတွေလည်း..ကမ္ဘာများ
ပျက်လေမလားလို့…ယုန်ထင်ကြောင်ထင်တွေ ဖြစ်ကုန်တော့တာကိုး။ ဘယ်လိုပျက်သွားမယ်ဆိုတာတော့
မသိပေဘူးပေါ့။ တိကျလွန်းတဲ့ ပြက္ခဒိန်ကြီးက အဲ့နေ့ မှာ အဆုံးသတ်နေတော့ ကြောက်တာပေါ့လေ။
ပုံမတော်…ဘာမပြောညာမပြောနဲ့ ..ဒုံး ဆို မိုးပေါ်ကနေ …ကမ္ဘာနီးပါးလောက်ရှိတဲ့…ကျောက်တုံးကြီး ပြုတ်ကျ
လာမှဖြင့်…အကုန် ကိစ္စမလျှောကုန်ပေဘူးလား။ ပြင်သစ်က သိပ်တိကျမှန်ကန်တယ်ဆိုတဲ့ ရှေ့ ဖြစ်ဟော ဆရာကြီး.. နော့စထရာဒါမတ်( Nostradamus ) ကလည်း..၂၀၁၂ မှာ ကမ္ဘာကို ဥက္ကာပျံကြီးတစ်ခု
လာတိုက်လိမ့်မယ်လို့ ကလည်း ဟောထားခဲ့ပေသေးတာကိုးဗျ။

နောက်ထပ်လည်း ..ဟောကိန်းတွေတော့ ကျန်ပါသေးတယ်..တရုတ် ယီချင်း ဟောကိန်းတို့ ၊
သမ္မာကျမ်းစာညွှန်ပြချက်တို့ ၊ ကမ္ဘာ့ဝင်ရိုးပြောင်းလဲခြင်းတို့ ၊ မီးတောင်ပေါက်မှာ၊ ကမ္ဘာကြီး ပူနွေးလာတာ။
ဘာညာ သာဒကာ ပေါ့လေ။ ဒါတွေတော့ ကျွန်တော်မပြောလိုတော့ပါဘူး။

ကဲ…၂၀၁၂ ဟောကိန်းတွေ၊ ခြိမ်းချောက်မူ့ တွေတော့ ပြောပြီးပြီ။ဒါတွေက ဖြစ်လာရင်လည်း..ဖြစ်လာမယ်၊
မဖြစ်လာရင်လည်း မဖြစ်လာဘူးပေါ့။ ခင်ဗျားတို့ သဘောပါ။ ဒါပေမယ့် ကျွန်တော့ အမြင်က ဘယ်လိုလည်းဆိုတော့..ဒီလောက် ခေတ်အဆက်ဆက်ကလူတွေနဲ့ ..သိပ္ပံပညာရှင်တွေနဲ့  ပူးပေါင်းပြီး
အကြောင်းမဲ့တော့လိမ်မနေတန်ကောင်းပါဘူးလို့ ပေါ့။ ဒီ ၂၀၁၂ မှာ ကမ္ဘာမပျက်တောင် ကပ်ဆိုးကြီး
တစ်ခုတော့ ဖြစ်လာမယ်လို့ ယူဆတယ်။ အခု ကျွန်တော်က ဘယ်လို ခံစားနေရလဲဆိုတော့..
တစ်နစ်လုံး စာမကြည့်ပဲ ပေတေနေတဲ့ကျောင်းသားက ဘယ်နေ့ ဘယ်ရက် စာမေးပွဲတဲ့ဟေ့ လို့ .
စာမေးပွဲ အချိန်စာရင်းကို သိလိုက်ရတဲ့ ကျောင်းသားတစ်ယောက်လို ခံစားနေရတယ်။

တက္ကသိုလ်တုန်းကတော့.. စာမေးပွဲနီးမှ စာကပ်လုပ်။ ကပ်လုပ်တော့. .ကျ.. နဲ့ တစ်တန်းကို
နှစ်နစ်နေခဲ့ရတယ်။ ကဲ…ခုတော့ အသက်နဲ့ ရင်းရမယ့် စာမေးပွဲအချိန်စာရင်း ထွက်ပြီလို့ 
ကျွန်တော့ဖာသာ တစ်ယောက်တည်းခံစားရတယ်။ ခင်ဗျားတို့ က ရီချင်လည်း ရီလို့ ရပါတယ်။
ကျွန်တော် ဒီစာမေးပွဲကိုတော့ မကျချင်တော့ဘူးဗျာ။ ကျွန်တော် ပြင်ဆင်နေပြီ။
  
ဒီအကြောင်းအရာတွေ လိုက်ဖတ်ရင်း..စာသားတစ်ခုကို ဖတ်ရမိတယ်။

ကျွန်တော်တို့ တွေ..အသက်ရှင်ဖို့ ပြင်ဆင်မလား..။ သေဖို့ ပြင်ဆင်မလားတဲ့။

ဒီလိုကပ်ဆိုးကြီးရောက်လာရင်…ဘယ်လို အသက်ရှင်ကျန်ရစ်အောင်..ပြင်ဆင်မလဲပေါ့.။
မြေအောက်ခန်းတွေ တူးပြီး ၀င်ပုန်းနေမလား။ စားနပ်ရိက္ခာတွေ အပြည့်သိုလှောင်ထားကြမလား။
တခြားဂြိုလ်တစ်ခုပေါ်ကိုပဲ ပြေးရွေ့ ပြောင်းကြမှာလား။ ဒါမှမဟုတ်…ဘယ်လိုမှ မလွတ်နိင်ပဲ
သေသွားခဲ့ရင်..တမလွန်အတွက် စိတ်ချရဖို့ ပဲ ပြင်ဆင်ကြ တော့မလား။

အင်း…ပြင်ဆင်တာတော့ ပြင်ဆင်ရတော့မှာပဲ။ နောက်ဆုံးသော နေ့ ရက်ကာလတွေဟာ နီးကပ်နေပြီ။







1 Comment:

  1. မိုးရိပ်ကို said...
    ဖတ်လို့ ကောင်းတယ် စာရေးဆရာ လုပ်စားလို့ ရပြီ...ဖတ်ရင်းနဲ့ ရယ်နေရတယ်..စာနောက်ပိုင်းရောက်တော့ ကြောက်တောင် ကြောက်လာပြီဆိုပြီး အဆုံးသတ်သွားတယ်...။ကျွန်မ သူငယ်ချင်း နွယ်ျနွယ်က ဘေးကကြည့်ရင် မှတ်ချက်တွေ ပေးနေလေးရဲ့ ...။

Post a Comment



Newer Post Older Post Home

Latest Posts