The Day
'Twas late December the news came
And I got excited, I cried all day
And you were such a lovely, precious sight
When I saw our baby in your eyes
[Chorus:]
It was like falling deep in love
I heard the angels cry above
I felt a blessing straight from God
The day that you gave me a son
I called 'bout everyone I knew
Just think, I'll be a father 'cause of you
There's no greater love than what you gave
A brand new baby on the way
[Chorus:]
Oh such tears of joy, I've never known
I can't remember
It's like a song, I've never heard
I've never sung, but know the words
[Chorus:]
ဒီဇင်ဘာလကုန်ပိုင်းမှာပေါ့.....သတင်းကို ကြားလိုက်ရတယ်..
ငါ...စိတ်တွေ သိပ်ကို လှုပ်ရှားခဲ့ရတယ်..တစ်နေကုန် အော်ဟစ်မျြးတူးလို့ ပေါ့...
မင်း သိပ်ချစ်စရာကောင်းကွယ်...အဖိုးတန်မြင်ကွင်းလေးတစ်ခုပါပဲ..
တို့  ရင်သွေးလေးကို ...မင်း မျက်ဝန်းထဲမှာ မြင်လိုက်ရတဲ့ အခါမှာလေ....
ငါ့ တစ်ကိုယ်လုံး အချစ်တွေ နဲ့ လွှမ်းခြုံလိုက်သလို ပါပဲ...
ကောင်းကင်က နတ်ဒေ၀ါတွေ....တေးဆိုသံကြားရမိရဲ့ 
ဘုရားသခင် ဆီက ကောင်းချီမင်္ဂလာတွေကို ခံစားမိတယ်..
မင်း....ငါ့ကို သားလေး မွေးပေးတဲ့....အဲ့ နေ့ မှာ ပေါ့......
ငါနဲ့ သိတဲ့ သူမှန်သမျှကို ...ခေါ်ပြီးပြောပြတယ်...
ကြည့်စမ်း.....ငါလေ..မင်းကြောင့် အဖေ တစ်ယောက်ဖြစ်ရတော့မယ်..
မင်းပေးတဲ့ အချစ် ထက် သာလွန်သော အရာ ငါ့မှာ မရှိတော့ပါဘူးကွယ်....
ဒီမှာ...ငါ့ရဲ့ အသစ်ဂျပ်ချွတ် ကလေးလေး...လေ....
အိုး...အပျော်မျက်ရည်တွေကျခဲ့ပြီ..
ဘယ်တုန်းကမှ မသိတဲ့.. မမှတ်မိနိင်တော့တဲ့...
ဘယ်တုန်းကမှ မဆိုဖူးတဲ့...ဘယ်တုန်းကမှ မကြားဖူးတဲ့...သီချင်းတစ်ပုဒ်လိုပေါ့...
စာသားကိုတော့...သိနေလေရဲ့ ...
ကျွန်တော် ဒီ သီချင်းလေးကို
နားထောင်ရတုန်းက မျက်ရည်ကျခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီသီချင်းဟာ ကျွန်တော့အတွက် မှတ်မှတ်ရရ ဖြစ်ရတဲ့ သီချင်းလေးပါ။ထွက်တာက အတော်ကြီးကို ကြာခဲ့ပါပြီ...1996 တုန်းက ထွက်ခဲ့တာပါ။ ဆိုတာက နာမည်ကြီး တေးရေးဆရာ Babyface ပါ။ သူက အဆိုတော် အနေနဲ့  မြန်မာနိင်ငံမှာ နာမည်မကြီးပါဘူး။ သိပ်သိတဲ့ သူမရှိဘူးပေါ့ ။ သူတို့ဆီမှာတော့ တော်တော်ကြီးကို ဆရာ ကြီးပါ။
ဖခင်
တစ်ယောက်..သူ့ သားဦးလေးဖွားမြင်လာတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ပီတိ
ပျော်ရွှင်မူ့ .. ( သူနဲ့ သိတဲ့ သူမှန်သမျှကို လိုက်ပြောတယ်တဲ့...တနေ့ လုံး
ခုန်လို့ ပေါက်လို့ပေါ့တဲ့..) ပြီးတော့ သူ့ ဇနီးမိန်းမ ကို ကျေး ဇူးတွေ
တင်လို့ ပေါ့.. မိန်းမရေ မင်း ကြောင့် ငါတော့
အဖေတစ်ယောက်ဖြစ်တော့မယ်တဲ့....သူကျေးဇူး တွေ တင်နေခဲ့တယ်။
ကျွန်တော်လေ...ဒီ သီချင်းကို
နားထောင်ရတော့..အဖေ့ကို မျက်လုံးမှာ မြင်ယောင်တယ်...အော်...ငါ့ အဖေလည်း
ဒီလိုပဲနေမှာ လို့ ...အဖေ တော်တော် ပျော်နေခဲ့ရှာမှာလို့ ....။ ကျွန်တော်က
အကြီးဆုံးသား တစ်ယောက်လေ။ အော်...အဖေရယ်...။
ကျွန်တော်မျက်ရည်ကျမိခဲ့ပါတယ်...အဖေ..။ ခုတော့ ဒီသား ဟာ အသက်ကြီးလာတော့ အဖေ့ စကားတွေ နားမထောင်တော့ဘူးလေ။ ဘယ်လို မှ ပြောလို့ မနိင် တော့တဲ့သားဖြစ်နေပြီလေ။ အော်....ငါ့ အဖေ ဟာ...ငါ့ကိုမွေးခဲ့တုန်းက တော်တော်ပျော်ခဲ့ရှာတာ...... အဖေရယ်.....
( ဒီ သီချင်းလေးကို ...ကျွန်တော်
အစောကြီးကတည်းက တင်ဖို့ သင့်တာပါ။ ကျွန်တော့ရဲ့  K.B တီးတဲ့ ကို
အောင်နိင်ဦးရဲ့ သားလေး မွေးတဲ့နေ့ မှာပေါ့။မေ့မေ့နေတာနဲ့  မတင်ဖြစ်တာ
စိတ်မဆိုးနဲ့ ကိုအောင်နိင်ဦး ရေ...ခု ဒီပို့ စ်ကို ကိုအောင်နိင်ဦး အတွက် အမှတ်တရ တင်လိုက်ပါတယ်....။ )
နားဆင်ပါ...
Babyface - The Day That You Gave Me a Son.mp3
နားဆင်ပါ...
Babyface - The Day That You Gave Me a Son.mp3
Labels: ဘာသာပြန်, သီချင်းစာသား
0 Comments:
Subscribe to:
Post Comments (Atom)
Latest Posts
-
What happens after domain names expire? Once a domain name expires, it goes through many stages before being released to the open mark...
-
永远不会发脾气女人就如同一杯白开水-解渴,却无味。 စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး...
-
အရင်က ဒိုတာဂိမ်းပဲ တနေကုန် ထိုင်ဆော့ခဲ့တဲ့ဂိမ်းသမား တစ်ယောက် အတွက် ခုလို ဘလော့တစ်ခုကို ထရေးတော့တော်တော်တော့စိတ်ကို နိင်အေ...
-
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၄) မှာ တပည့်တော်တွေက.. သခင်ယေရှု ကိုမေးကြတယ်။ ဒီကမ္ဘာကြီးရဲ့ အဆုံးသတ် နိမိတ်လက္ခဏာတွေက ဘယ်လိုလည်း...
-
ဘ၀ မနက် … …. မိုးလင်းရင် ... ကိုယ့်ကို အနမ်းတစ်ချက်နဲ့ နိုးခဲ့ပါ ..... နေ့ လည် ….. အလုပ်က...
-
လောင်ကျွမ်းခြင်း... မင်းကို ချစ်တဲ့ အချစ်စိတ်တွေနဲ့ … ငါ အပြင်းထန်ဆုံးလောင်ကျွမ်းလိုက်ချ...
-
All I Want For Christmas Is You I don't want a lot for Christmas There's just one thing I need I don't care about t...
-
Mana hkra tsaw na ( ရူးအောင်ချစ်မယ် ) Nye a prat hta nang hta lai na g-dai n-nga....... ဒီဘ၀မှာ မင်း ကလွဲ ပြီး ဘယ်သူမှ မရှိ...
-
"မလဲလိုပါ" ကျွန်ပ်၏ အမှတ်တရများကို ..အလှတရားများနှင့်မလဲလိုပါ။ အလှတရားများမှာ…အလှတရားဆိုသည့်အတိုင်း.. အရေ...
-
အစကတော့ လွယ်မယ်ပဲထင်ခဲ့တာ။ ခုကိုယ်တိုင်လုပ်ကြည့်မှပဲ တကယ်ကို ရွာလည်နေတော့တာကိုး။ ဇော်ဂျီဖောင့် ပေါ်အောင်လုပ်တာနဲ့ ကို တော်တော်ရွာလည်နေတယ...