အစကတော့ လွယ်မယ်ပဲထင်ခဲ့တာ။ ခုကိုယ်တိုင်လုပ်ကြည့်မှပဲ တကယ်ကို ရွာလည်နေတော့တာကိုး။ ဇော်ဂျီဖောင့် ပေါ်အောင်လုပ်တာနဲ့ ကို တော်တော်ရွာလည်နေတယ်။ စာအုပ်တွေပဲဖတ်ပြီးလုပ်နေရတာကိုး။ ဘာသင်တန်းမှ လည်း မတက်ဖူးဘူး။ ပြောပြမယ့် လူလည်း မရှိဘူး။ အွန်လိုင်းပေါ်က စာအုပ်တွေက ဆရာတွေပါပဲ။ ပြီးတော့ ဘလော့ ရေးနည်း အကြောင်းတွေကို မျှဝေထားပေးတဲ့ နောင်တော်ကြီးများကိုရော ပေါ့။ ခုတော့ နည်းနည်းလေး တီးမိခေါက်မိပါပြီ။ ခုမနက်လေးနာရီ ငါးနာရီရှိပြီ။ ဒီပို့ စ်ကို စမ်းတင်ကြည့်တာ။ ဘယ်လို ပေါ်မလဲလို့ ။ ခုရေးထားတာ ဇော်ဂျီနဲ့ မဟုတ်ဘူး။ ဒါပေမယ့် လက်ကွက်က အတူတူပဲ။ သူ့ ထဲပါတဲ့ ဟာ ကို လျှောက်ပြောင်းကြည့်ရင်းနဲ့ အဆင်ပြေသွားတာ။ Trebuchet လို့ တော့ ပြောတာပဲ။ ဘာမှန်း သိပ် မသိပါဘူး။ ရေးလို့ တော့ရနေတာပဲ။
Labels: ဒိုင်ယာရီ
1 Comment:
-
- •Spring Water• said...
Apr 12, 2019, 10:06:00 PMရွာလည်နေသောဘလော့ဂါကြီး 😁
Subscribe to:
Post Comments (Atom)
Latest Posts
-
-Missing you could turn from pain to pleasure, if I knew you were missing me too. ...